အကိုသာ မယူရင် Single Motherဖြစ်မှာပါလို့ဆိုတဲ့ စမိုင်းလ်

အကိုသာ မယူရင် Single Motherဖြစ်မှာပါလို့ဆိုတဲ့ စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ်တို့ဇနီးမောင်နှံဟာမြန်မာနိုင်ငံမှာပရိသတ်များလေးစားအားကျရတဲ့စုံတွဲတစ်တွဲဖြစ်ပြီးအခုအချိန်မှာတော့စမိုင်းလ်သူတို့ရဲ့ငယ်ဘဝမှာဖြတ်သန်းခဲ့ရတဲ့အခက်အခဲတွေအကြောင်ဘယ်လိုမျိုးရုန်းကန်ခဲ့ရလဲဆိုတဲ့အကြောင်းတွေကိုcele7အင်တာဗျူးတစ်ခုမှာဖြေဆိုသွားခဲ့ပါတယ်။စမိုင်းလ်က”အဲ့တုန်းကအစ်မကအကိုရှိတဲ့အင်္ဂလန်ကိုစလိုက်သွားတာ​ပေါ့​နော်​။ပြောရမယ်​ဆိုရင်​ ဗိုက်​ကြီးသွားတာ​ပေါ့။ တကယ်​​တော့ သူထားခဲ့ရင်​လဲ အစ်​မက Single Mother ဖြစ်​မှာပဲ​ပေါ့​နော်​။အဲ့​တော့သူကယူတယ်။ဒါ​ပေမယ့်​အဲ့မှာကျ​တော့အစ်မတို့ကယူတယ်ဆိုလို့ရှိရင်ချက်ချင်းကြီးယူလို့မရဘူး​ပေါ့​နော်။ ​ကောင်စယ်​ကိုသွားပြီး​တော့ registration လုပ်​တဲ့အခါမှာ လနဲ့ကိုချီပြီးကြာတယ်​။

အစ်​မတို့ ဗိုက်​စကြီးပြီးဆိုကထဲက သူကအစ်​မကိုယူမယ်​ဆိုပြီး​ပြောထားတာ​ပေါ့​နော်​။ ဒါ​ပေမယ့်​အစ်​မတို့ တကယ်​လက်​မှတ်​ထိုးတဲ့​နေ့ကကျ​တော့အစ်မဗိုက်က​ခြောက်လ​ကျော်​​လောက်​ဖြစ်​​နေပြီ။ဘယ်မိန်းက​လေးမဆိုမင်္ဂလာ​ဆောင်တဲ့အချိန်မှာ​တော့အလှဆုံး​ဆောင်ချင်တယ်။ပြီး​တော့မင်္ဂလာ​ဝတ်​စုံ အထူးသဖြင့်​ အစ်​မတို့ မိန်းက​လေး​တွေက တစ်​သက်​မှတစ်​ခါပဲ​ဆောင်​ရတဲ့ မင်္ဂလာဝတ်စုံ​လေးကိုလှလှပပ​လေးဝတ်ချင်တာ​ပေါ့​နော်။အစ်မကျ​တော့မင်္ဂလာဝတ်စုံဆိုတာလဲမဝတ်လိုက်ရဘူး။ဆိုင်မှာ​တွေ့တဲ့အင်္ကျီကိုနည်းနည်း​လေးပွလိုက်​ရတယ်​။ မင်္ဂလာဝတ်​စုံ​တွေကလဲ အဲ့တုန်းက ​ပေါင်​​လေးငါးရာ​လောက်​ရှိတယ်​ဆို​တော့ အစ်မတို့ကမဝယ်​နိုင်ဘူး။ငှါးရ​အောင်လဲအစ်မကဗိုက်ကလဲကြီး​နေ​တော့အဆင်မ​ပြေဘူး။ပြီး​တော့တကယ့်ကိုဆိုင်ကြီး​တွေမှာသွားပြီး​တော့ဝယ်​နိုင်​​လောက်​တဲ့ပိုက်​ဆံလဲမရှိတဲ့အခါကျ​တော့ ကြုံသလိုပဲဝယ်​လိုက်​ရတာ​ပေါ့​နော်​။

အဲ့​တော့ အမြဲတမ်းအစ်​မအတွက်​က မင်္ဂလာ​ဆောင်​နဲ့ ပတ်​သက်​တာတို့ သူများမင်္ဂလာ​ဆောင်​တာတို့ဆိုရင်​ အားငယ်​တဲ့စိတ်​က​လေးရှိတယ်။ ​သြော်ငါ့တုန်းကမင်္ဂလာမ​ဆောင်လိုက်ရဘူး။ပြီး​တော့အဲ့တုန်းကလဲအစ်မအမျိုးသားကကားကိုအစ်မတို့ ​ကောင်​စယ်​​ပေါ်​ရောက်​သွား​တော့ ကားပါကင်​လိုက်​ရှာ​နေရတာ။ကားပါကင်မရ​သေးတဲ့အချိန်မှာအဲ့နားမှာပတ်​​မောင်း​နေရတာ။ မဟုတ်​ရင်​ဆွဲသွားမှာစိုးလို့​လေ။ အဲ့​တော့ ကားကိုပတ်​​မောင်း​နေတဲ့ အချိန်​မှာအစ်​မတို့က မင်္ဂလာ​ဆောင်​တဲ့အချိန်​​ရောက်​ခါနီး​နေပြီ။သူကမ​ရောက်လာ​သေးဘူး။ဒီမင်္ဂလာ​ဆောင်တာကလဲတရားရုံး​တွေမှာလက်မှတ်ထိုးသလိုအတွဲ​တွေကအများကြီးရှိတာ။တစ်​​ယောက်​​ဆောင်ပြီးရင်​ ​နောက်တစ်​​ယောက်ကလာလက်မှတ်ထိုးပြီးရင်သွားရတာဆို​တော့ ​ဆောင်​​ပေးတဲ့တရားသူကြီးကလဲဒီဟာကိုလာမှာလားမလာလို့ရှိရင်​​နောက်တစ်တွဲကို​ဆောင်​​တော့မယ်။ ​နောက်တစ်တွဲကလဲအဆင်သင့်​ဖြစ်​​နေပြီ​ပေါ့​နော်​။ မဟုတ်​လို့ရှိရင်​ပြန်​ပြီး​တော့ register ပြန်​လုပ်​ရမယ်​။

ဒီ​နေ့အဆင်​မ​ပြေဘူးဆိုရင်​ ကိုယ့်​​ကြောင့်​ဖြစ်​တာဆို​တော့​လေ။ အဲ့​တော့အစ်​မက အဲ့မင်္ဂ​လာ​ဆောင်​တဲ့ နားမှာပဲ ဂါဝန်​ကြီးနဲ့ ဗိုက်ကလဲအကြီးကြီးနဲ့။ပထမကအစ်မတို့ကသီချင်း​လေးနဲ့ထွက်မယ်စဉ်းစားထားတာ။အဲ့လိုမျိုးမလုပ်လိုက်ရဘူး။သူကလဲကားပါကင်​ရှာ​နေရတာ။ အစ်ကို့ကို ဖုန်း​တွေဆက်​ပြီး အစ်​မကငို​တော့မယ်​။ မျက်​ရည်​​တွေအရမ်း​ဝေ​နေပြီ။အရမ်း​ကြောက်ပြီး​တော့ မ​ဆောင်​ရ​တော့ရင်​ ​သေပြီ​ပေါ့ဆိုပြီး။ အစ်​ကို​ရောက်​လာတဲ့အချိန်​မှာ သူ့ကို ဂုတ်​ကြီးက​နေ အင်္ကျီဆွဲပြီး ကမန်းကတမ်း လက်​မှတ်ထိုးရတာ။သီချင်း​တွေလဲဘာမှမလုပ်နိုင်ဘူး။ဘယ်သူ့မှလဲမပါဘူး။တံခါးကြီးကိုဝုန်းခနဲ​ပြေးဖွင့်​ပြီး​တော့လက်မှတ်​မြန်​မြန်​​ပြေးထိုးပြီး​တော့​ဆောင်​လိုက်​ရတာဆို​တော့ အရမ်းကို က​သောင်းကနင်းဖြစ်​တာ။ မိန်းက​လေးတစ်​​ယောက်​က အထူးသဖြင့်​ ကိုယ်ကဗမာပြည်မှာအဲ့တုန်းကဆိုရင်​ ​အောင်​မြင်​​နေတဲ့သူတစ်​​ယောက်ပြီး​တော့ပရိသတ်လဲအသိအမှတ်​ပြုတဲ့သူတစ်​​ယောက်​​ပေါ့​နော်​။

အဲ့လိုမျိုး​လေး ကိုယ့်​ဘဝ​လေးကိုယ်​ မင်္ဂလာ​ဆောင်​ရင်​ဆိုတာလဲ အမြဲတမ်း ​ခေါင်းထဲမှာ​တွေးထားတဲ့ သူတစ်​​ယောက်​က တကယ်တမ်း​ဆောင်လိုက်ရတဲ့အချိန်မှာကိုယ့်​စိတ်ကူးယဉ်ထားတာနဲ့တစ်လွဲဖြစ်တဲ့အပြင်ကိုအဲ့လိုမျိုး​တွေပါဖြစ်သွားတဲ့အခါကျ​တော့ အမြဲတမ်းအစ်​မက စိတ်​အားငယ်​တယ်​။ မင်္ဂလာ​ဆောင်​နဲ့ပတ်​သက်​ပြီး​တော့ အစ်​မက စိတ်​နုတဲ့သူဆို​တော့အကို့ကို​အမြဲတမ်း​ပြောတာ​ပေါ့​နော်​။အဲ့​တော့အကို့ကို ပိုက်​ဆံရှိလို့ရှိရင်​ အဆင်​​ပြေသွားလို့ရှိရင်​ မိန်းမကို မင်္ဂလာပြန်​​ဆောင်​​ပေး​နော်​ဆိုပြီး​တော့ သူ့ကို​ပြောထားတယ်​။ အဲ့တုန်းက ကိုယ်​က ငယ်​လဲငယ်​​သေးတယ်​ဆို​တော့ အမြဧတမ်းအဲ့လို​ပြောတာ​ပေါ့​နော်​။ ခု​တော့ အကိုက အမှတ်​တရမျိုး​လေး​တွေ ပြန်​လုပ်​​ပေးတယ်​​ပေါ့​နော်​။ ဟိုလိုမျိုးကြီး အကြီးအကျယ်​​ဆောင်​​တာမျိုးမဟုတ်​ဘူး အစ်​မစိတ်​ချမ်းသာ​အောင်​လို့သူကအစ်​မကို weddingdress ​လေး​တော့​ပေးဝတ်​တယ်​။ ဘာမှ​တော့မဟုတ်​ဘူး ဟိုလိုမျိုး​တွေ ​ရှေ့​နေ​တွေဘာ​တွေနဲ့အကြီးအကျယ်​​ဆောင်တာမဟုတ်ဘူး။ဒါ​ပေမယ့်​သူငယ်ချင်း​လေး​တွေခေါ်လာပြီး​တော့အမြဲတမ်းအစ်မကိုစိတ်ချမ်းသာ​အောင်လို့လုပ်​​ပေးတယ်​​ပေါ့​နော်။အဲ့တာ​လေး​တွေ​တော့ အမှတ်​တရပါ။”လို့ ပြောခဲ့ပါတယ်။

အဲ့အချိန်တုန်းက အင်္ဂလန်ကိုအတူတူသွားတာလားလို့ မေးမြန်းရာ “မဟုတ်​ဘူးသူက ပထမတစ်နှစ်​ထွက်​သွားတာ။ ထွက်​သွားပြီး​တော့မှအစ်မကလိုက်သွားတာ။အဲ့တုန်းကအစ်မကသူနဲ့စကြိုက်ထဲကအသက်က၁၄နှစ်ဆို​တော့သူထွက်သွားတဲ့အချိန်​မှာ အစ်​မက ဆယ့်​ရှစ်​နှစ်​မပြည့်​​သေးဘူး။ passport မရ​သေးဘူး​လေ။ အဲ့​တော့ အစ်​မ ဆယ့်​ရှစ်​နှစ်​ပြည့်​မှ သူ့​နောက်​ကိုလိုက်​သွားတာ။သူကပထမတစ်​နှစ်​​စောပြီး​ရောက်သွားပြီး​တော့အစ်မကသူနဲ့ခွဲ​နေရတာမ​နေနိုင်​​တော့ဘူး​ပေါ့​နော်။အဲ့တာနဲ့ သူနဲ့မှမရရင်​​သေ​ရပါ​တော့မယ်​။ တယ်​လီဖုန်း​တွေကလဲဆက်​တာမွဲ​တော့မယ်​​ပေါ့။အဲ့တာနဲ့အ​မေကိုလဲဆန္ဒပြအ​မေကလဲမျက်​စိ​တွေ​နောက်ကယက်​​တွေထလွန်းအားကြီးလွန်းလို့။ကားရိုက်တာ​တွေလဲအစ်မကမရိုက်​​တော့ဘူး။ကားရိုက်သွားရင်လဲ ​ပေ​ခေါက်​​နေပြီး​တော့ ညဆိုရင်​လဲဒီအင်တာနက်ကိုပဲကဒီးကဒီးအဲ့​ခေါတ်တုန်း​နော်အဲ့အင်တာနက်​​လေးကိုပဲသူနဲ့စကား​ပြောရဖို့ကို အစ်​မကလုံးပန်း​နေတယ်​ဆိုတာနဲ့ passport ​တွေ​လျှောက်​ အ​မေကလဲ ကဲမနိုင်​​တော့ဘူးနင်လဲလုပ်ချင်တာလုပ်​​တော့ဆိုပြီး အ​မေကသူ့​နောက်ကိုလွှတ်လိုက်တာ။လွှတ်လိုက်ပြီး​တော့မကြာဘူးဗိုက်ကတန်းကြီး​တော့တာပဲ။

ငါတို့ကလဲအသုံးကိုမကျဘူး။ အခု​ခေတ်​​လေး​တွေဆိုလည်​တယ်​​လေ ငါတို့က​လဲ​တော်​​တော်​ကို ချာလပတ်​​တွေရမ်းပြီး ဘယ်​လို​တွေဖြစ်မှန်းမသိဘူး။အဲ့တုန်းကကိုယ်ကရုန်းကန်​​နေရတဲ့အချိန်​​ပေါ့။အစ်မကအသက်၁၉နှစ်အစ်ကိုလည်း၂၁နှစ်ငယ်လည်းငယ်သေးတယ်ဒါပေမဲ့အခုခေါတ်မှာသာကလေးတွေကလူကြီးလို့ဖြစ်လာတာအမတို့ခေါတ်တုန်းက၁၉၂၀ဆိုတာအရမ်းငယ်သေးတဲ့အရွယ်ပါအပွင့်လင်းဆုံးပြောရမယ်ဆိုရင်အမကဗိုက်ကြီးတဲ့အချိန်မှာငယ်နေသေးလို့ဒီကလေးကိုဖြတ်ချလို့ရတယ်ဒါပေမဲ့ အဲ့အချိန်မှာထဲက ဒီဟာကိုကိုယ့်ထဲကိုရောက်လာတဲ့ကလေးကိုဘယ်လိုမှဖြတ်ချဖို့ဆန္ဒလည်းမရှိဘူးပိုကောင်းတာတစ်ခုက အမယောက်ျားက စသိသိချင်းနေ့မှာပဲ အမကိုချက်ချင်းယူပါ့မယ်ဆိုတဲ့ promiseပေါ့ ချက်ချင်းပေးတယ် သူစစသိချင်းမှာပဲ အဲ့တာကသာနှစ်ခါမစဉ်းစားဘဲနဲ့ကိုယ့်ကိုတကယ်ချစ်ပြီးတကယ်ကိုယူပေးတဲ့အတွက်ကျေးဇူးအရမ်းတင်ပါတယ်။သူ့ကြောင့်မို့လို့လည်း ဒီလိုအိမ်ထောင်ရေးလေး ဖြစ်လာတာပေါ့နော်။”လို့ ပြောခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.