ရှိတဲ့အချိန်မှာ မစုဆောင်းထားမိတော့ မရှိတဲ့ချိန်မှာ ဒုက္ခရောက်တယ်ဆိုပြီး ရင်ဖွင့်ခဲတဲ့ ဇာတ်ပို့သရုပ်ဆောင် အောင်မင်းဇော်

ရှိတဲ့အချိန်မှာ မစုဆောင်းထားမိတော့ မရှိတဲ့ချိန်မှာ ဒုက္ခရောက်တယ်ဆိုပြီး ရင်ဖွင့်ခဲတဲ့ ဇာတ်ပို့သရုပ်ဆောင် အောင်မင်းဇော်

ဆယ်စုနှစ်တွေကတည်းက ဇာတ်ကားပေါင်းစွာရိုက်ကူးလာပြီး ပရိသတ်တွေရဲ့ အားပေးချစ် ခင်အသိအမှတ်ပြုမှုတွေကို အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ ဇာတ်ပို့သ ရုပ်ဆောင်ဖြစ်တဲ့ အောင်မင်းဇော်ကလည်း အပါအဝင်ပါပဲ..။

ပီပြင်တဲ့သရုပ်ဆောင်ကာင်းမှုတွေကြောင့် ဇာတ်ကားတွေများစွာရိုက်ကူးသရုပ်ဆောင်ထား တဲ့ အောင်မင်းဇော်ကတော့ အခုလို Stay Home နေဏတဲ့အချိန် နောင်တရမိတဲ့ အကြော င်းလေးကို ပရိသတ်တွေကို ပြောပြလာပါတယ်..။

Stay Home ကာလလေးမှာ အလုပ်တွေလည်း မလုပ်ရသလို ဝင်ငွေလည်း မရှိတာမို့ အိမ်မှာပဲအိပ်လိုက်စားလိုက်နဲ့ နေဖြစ်နေပြီး အဲ့ဒီအချိန်မှာ မစုဆောင်းမိထားရင် မရှိတဲ့ အချိန် ဒုက္ခရောက်ရတယ်ဆိုတဲ့ အသိလေးရခဲ့တဲ့အကြောင်းလေးကို ပြောပြထားတာပါ..။

ဝင်ငွေကောင်းတဲ့အချိန်က သုံးခဲ့ဖြုန်းခဲ့တာတွေကို အခုလို အလုပ်ပါးနေတဲ့အချိန်မှာ ပြန်သ တိရပြီး ဝင်ငွေမရှိတော့တဲ့အချိန် သုံးခဲ့ဖြုန်းခဲ့တာတွေကို နောင်တရသလို ငယ်တဲ့အချိန်မှာ စုဆောင်းရမယ့်အကြောင်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်..

Stay Home ကာလ အိမ်မှာပဲ TV ကြည့်လိုက် စာဖတ်လိုက် fb ပွတ်လိုက်နဲ့ လည်နေပြီး အရင်က နှစ်ရက်သုံးရက်လောက် အလုပ်မရှိရင်တောင် မနေတတ်တဲ့လူမို့ အခုလနဲ့ချီပြီး အလုပ်မလုပ်ရတော့ အရမ်းအလုပ်လုပ်ချင်သလို အပြင်လည်း အရမ်းထွက်ချင်ပေမယ့် Stay Home ကာလဖြစ်တာကြောင့် မထွက်ရဘဲ အိမ်မှာပဲ အိမ်အလုပ်လုပ်ဖြစ်တဲ့ အကြော င်းလေးတွေကိုလည်း အောင်မင်းဇော်က ပြောပြထားပါသေးတယ်..။

“အလုပ်မရှိတော့ အိမ်မှာပိုနေဖြစ်တယ် ရှိတဲ့အချိန်မှာ မစုဆောင်းမိထားရင် မရှိတဲ့အချိ န်ကျရင် ဒုက္ခရောက်တယ်ဆိုတဲ့ အသိလေးတစ်ခုရတယ် ဝင်ငွေကောင်းနေတဲ့ အချိန်မှာ တော့ ကောက်သုံးပစ်တာပေါ့နော် မသိရဘူး အခုအလုပ်တွေပါးပြီး ဝင်ငွေမရှိတဲ့အချိန်ကျ တော့ ကိုယ်သုံးခဲ့တာ ဖြုန်းခဲ့တာတွေကို ပြန်ပြီးသတိရတာပေါ့ အဲ့ဟာလေးကိုနောင်တရတယ် ငယ်တဲ့အချိန်မှာ စုဆောင်းပြီး ကြီးလို့မလုပ်နိုင်မကိုင်နိုင်တဲ့အချိန်ကျရင် စုဆောင်းထားတာ လေးတွေက ပြန်ပြီးသုံးရမယ်ဆိုတဲ့ အသိလေးတော့ ရသွားတာပေါ့.. ဆိုပြီး ပြောပြထားတဲ့ ဗီဒီ ယိုဖိုင်လေးကိုလည်း တင်က်ပေးလိုက်ပါတယ်နော်..။

Photo Credit – Aung Min Zaw’s FB Account

Comments are closed.