ျမန္မာေပါကားလို႔ ေျပာေနၾကတဲ႔အေပၚေျပတီဦးရဲ႕ အျမင္

ျမန္မာေပါကားလို႔ ေျပာေနၾကတဲ႔အေပၚေျပတီဦးရဲ႕ အျမင္

ျပည့္သူ႔အခ်စ္ေတာ္ မင္းသားတေယာက္ျဖစ္တဲ့ အကယ္ဒမီ ေျပတီဦးကေတ့ာ ေပ်ာ္ရႊင္စရာမိသားစုေလးကို ပိုင္ဆိုင္ထားတဲ့ မင္းသားတေယာက္လည္း ျဖစ္သလို ရုပ္ရွင္ကားေတြလည္း အဆက္မျပတ္ရိုက္ေနရတဲ့ မင္းသားတေယာက္လည္း ျဖစ္ပါတယ္။ ယခုေနာက္ပိုင္းမွာေတာ့ ျမန္မာဇာတ္ကားေတြကလည္း အရည္အေသြးကို ထိန္းသိမ္းလာတာေၾကာင့္ ဇာတ္လမ္းေကာင္းေကာင္းေလးေတြကို ျမင္ေတြ႔လာရတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း တခ်ိဳ႔ေသာ ပရိသတ္ေတြကေတာ့ ျမန္မာဇာတ္ကားေတြကို ေပါကားလို႔ေျပာေနၾကတုန္းပါပဲ။ ဒီလိုေျပာၾကတဲ့အေပၚမွာေတာ့ မင္းသားေျပတီဦးက သူ႔အျမင္ေလးကို ေျပာၾကားသြား ခဲ့ပါတယ္။

ေျပတီဦးကေတာ့ Sunday Journal နဲ႔ အင္တာဗ်ဴးမွာေတာ့ ျမန္မာေပါကားလို႔ ေျပာေနၾကတဲ့အေပၚမွာ ဘယ္လိုျမင္လဲဆိုတဲ့အေပၚမွာ “အဲ့ဒါကေတာ့ အဆံုးအျဖတ္ေပၚမွာပဲ မူတည္တယ္။ တေယာက္ခ်င္းဆီက မတူပါဘူး။ တခ်ိဳ႔က်ေတာ့လည္း ဒါက ေပါကားပါလို႔ပဲ ခံစားရတဲ့ ပရိသတ္ေတြလည္း ရွိပါတယ္။ ဒါေလးကေတာ့ ဟာသေလးေတြ ေျမာက္တယ္။ ငါတို႔စိတ္အပန္းေျပတယ္လို႔ ခံစားရတဲ့သူေတြလည္း ရွိမွာပဲ။ အဲ့ေတာ့ ခံစားတဲ့သူေပၚပဲ မူတည္ပါတယ္။ ေပါကားလို႔ ခံစားတဲ့သူကလည္း ေပါကားျဖစ္မွာပဲ။ ဟာသကားလို႔ ခံစားတဲ့သူအတြက္လည္း ဟာသကား ျဖစ္မွာပါပဲ။ ကြ်န္ေတာ္တို႔ကေတာ့ အဲ့အေပၚမွာ ဘာမွ ေဇာဒက တက္စရာအေၾကာင္းမရွိပါဘူး”

“ကြ်န္ေတာ္ထင္ပါတယ္။ ၂၀၁၉ တႏွစ္လံုးမွာမွ ကြ်န္ေတာ္အမ်ားဆံုး ရိုက္ႏိုင္ရင္ ၅ ကားပါပဲ။ ၇ ကားေလာက္ေတာ့ မျဖစ္ႏိုင္ဘူး ထင္ပါတယ္။ အားလပ္ခ်ိန္ေတြ အရမ္းမ်ားေနမွာပါ။ အဲ့ဒါကေတာ့ ေက်နပ္ပါတယ္။ အရင္တုန္းကေတာ့ဗ်ာ။ ဘယ္သူက လုပ္ခ်င္မွာလဲ။ ဒီေန႔တကားရိုက္တယ္။ ေနာက္ေန႔တကားရိုက္ အရမ္းပင္ပန္းတယ္ေလ။ ကြ်န္ေတာ္တို႔မွာ အားလပ္ရက္ဆိုတာ မရွိဘူး။ အလုပ္ျပီးရင္းအလုပ္နဲ႔ ကြ်န္ေတာ္တို႔က ျဖတ္သန္းလာရေတာ့ေလ။ အခုခ်ိန္မွာေတာ့ အားလပ္ခ်ိန္ေတြ ရလာျပီ ေသခ်ာျပင္ဆင္ခ်ိန္ေတြ ရလာျပီ စဥ္းစားခ်ိန္ေတြ ရလာျပီ ဆိုေတာ့ မိသားစုအတြက္လည္း အရမ္းေကာင္းသလို ကိုယ္ကုိယ္တိုင္အတြက္လည္း အရမ္းေကာင္းပါတယ္။ ဒါကိုေတာ့ ကြ်န္ေတာ္အရမ္းသေဘာက်ပါတယ္”

“ေနာက္ထပ္ ပရိသတ္ၾကီးေတြဆီကို ေရာက္လာမယ့္ ကားေတြကေတာ့ အစံုပဲ။ ဟာသကားေတြလည္း ရွိေသးတယ္။ ဒရာမာေတြလည္း ရွိပါေသးတယ္။ ႏွစ္သစ္မွာလည္း အားလံုး က်န္းမာခ်မ္းသာၾကပါေစ။ ကိုယ္ခ်စ္ခင္ႏွစ္သက္တဲ့သူေတြနဲ႔ပဲ တဘဝလံုး ျဖတ္သန္းႏိုင္ပါေစ။ ေကာင္းေသာအက်ိဴးရလဒ္မ်ားသာ ရရွိၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္” ဟု ေျပာၾကားလိုက္ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

ပြည့်သူ့အချစ်တော် မင်းသားတယောက်ဖြစ်တဲ့ အကယ်ဒမီ ပြေတီဦးကတေ့ာ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသားတယောက်လည်း ဖြစ်သလို ရုပ်ရှင်ကားတွေလည်း အဆက်မပြတ်ရိုက်နေရတဲ့ မင်းသားတယောက်လည်း ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ မြန်မာဇာတ်ကားတွေကလည်း အရည်အသွေးကို ထိန်းသိမ်းလာတာကြောင့် ဇာတ်လမ်းကောင်းကောင်းလေးတွေကို မြင်တွေ့လာရတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သော ပရိသတ်တွေကတော့ မြန်မာဇာတ်ကားတွေကို ပေါကားလို့ပြောနေကြတုန်းပါပဲ။ ဒီလိုပြောကြတဲ့အပေါ်မှာတော့ မင်းသားပြေတီဦးက သူ့အမြင်လေးကို ပြောကြားသွား ခဲ့ပါတယ်။

ပြေတီဦးကတော့ Sunday Journal နဲ့ အင်တာဗျူးမှာတော့ မြန်မာပေါကားလို့ ပြောနေကြတဲ့အပေါ်မှာ ဘယ်လိုမြင်လဲဆိုတဲ့အပေါ်မှာ “အဲ့ဒါကတော့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်တယ်။ တယောက်ချင်းဆီက မတူပါဘူး။ တချို့ကျတော့လည်း ဒါက ပေါကားပါလို့ပဲ ခံစားရတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ ဒါလေးကတော့ ဟာသလေးတွေ မြောက်တယ်။ ငါတို့စိတ်အပန်းပြေတယ်လို့ ခံစားရတဲ့သူတွေလည်း ရှိမှာပဲ။ အဲ့တော့ ခံစားတဲ့သူပေါ်ပဲ မူတည်ပါတယ်။ ပေါကားလို့ ခံစားတဲ့သူကလည်း ပေါကားဖြစ်မှာပဲ။ ဟာသကားလို့ ခံစားတဲ့သူအတွက်လည်း ဟာသကား ဖြစ်မှာပါပဲ။ ကျွန်တော်တို့ကတော့ အဲ့အပေါ်မှာ ဘာမှ ဇောဒက တက်စရာအကြောင်းမရှိပါဘူး”

“ကျွန်တော်ထင်ပါတယ်။ ၂၀၁၉ တနှစ်လုံးမှာမှ ကျွန်တော်အများဆုံး ရိုက်နိုင်ရင် ၅ ကားပါပဲ။ ၇ ကားလောက်တော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ အားလပ်ချိန်တွေ အရမ်းများနေမှာပါ။ အဲ့ဒါကတော့ ကျေနပ်ပါတယ်။ အရင်တုန်းကတော့ဗျာ။ ဘယ်သူက လုပ်ချင်မှာလဲ။ ဒီနေ့တကားရိုက်တယ်။ နောက်နေ့တကားရိုက် အရမ်းပင်ပန်းတယ်လေ။ ကျွန်တော်တို့မှာ အားလပ်ရက်ဆိုတာ မရှိဘူး။ အလုပ်ပြီးရင်းအလုပ်နဲ့ ကျွန်တော်တို့က ဖြတ်သန်းလာရတော့လေ။ အခုချိန်မှာတော့ အားလပ်ချိန်တွေ ရလာပြီ သေချာပြင်ဆင်ချိန်တွေ ရလာပြီ စဉ်းစားချိန်တွေ ရလာပြီ ဆိုတော့ မိသားစုအတွက်လည်း အရမ်းကောင်းသလို ကိုယ်ကိုယ်တိုင်အတွက်လည်း အရမ်းကောင်းပါတယ်။ ဒါကိုတော့ ကျွန်တော်အရမ်းသဘောကျပါတယ်”

“နောက်ထပ် ပရိသတ်ကြီးတွေဆီကို ရောက်လာမယ့် ကားတွေကတော့ အစုံပဲ။ ဟာသကားတွေလည်း ရှိသေးတယ်။ ဒရာမာတွေလည်း ရှိပါသေးတယ်။ နှစ်သစ်မှာလည်း အားလုံး ကျန်းမာချမ်းသာကြပါစေ။ ကိုယ်ချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ပဲ တဘဝလုံး ဖြတ်သန်းနိုင်ပါစေ။ ကောင်းသောအကျိူးရလဒ်များသာ ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟု ပြောကြားလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.