အသက် ၉၀ အရွယ်အဖွားရဲ့ ဆန္ဒကိုဖြည့်ပေးလိုက်တဲ့ မြင့်မြတ်
အသက် ၉၀ အရွယ်အဖွားရဲ့ ဆန္ဒကိုဖြည့်ပေးလိုက်တဲ့ မြင့်မြတ်
[UNICODE FONT]
ပြည်သူ့အချစ်တော် မင်းသားကြီး မြင့်မြတ်ကတော့ အမြဲတမ်းပြည်သူတွေ ချစ်ခင်လေးစားရပြီး ရိုးသားသဘောကောင်းတဲ့ မင်းသားတယောက်ဖြစ်တယ်ဆိုတာကိုတော့ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ မင်းသားမြင့်မြတ်ကတော့ အမြဲတမ်းလိုလို သူ့ရဲ့ပရိသတ်တွေနဲ့ ထိတွေ့နေပြီး သူ့ပရိသတ်တွေ ပျော်ရွှင်အောင်လည်း လုပ်ပေးတဲ့ မင်းသားတယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိချိန်မှာတော့ မြင့်မြတ်တယောက်ကတော့ သူ့ပရိသတ်တွေအတွက် ပျော်ရွှင်စေပြီး အချစ်ပိုတိုးစေတဲ့ လုပ်ရပ်တခုကို လုပ်လိုက်ပြန်ပြီ ဖြစ်ပါတယ်။
အဲ့ဒီ ချစ်စရာကောင်းတဲ့ လုပ်ရပ်လေးကတော့ မြင့်မြတ်အနေနဲ့ VeVe အချိုရည် ကုမ္ပဏီနဲ့ အတူ အခြားသော အနုပညာရှင်တွေနဲ့အတူ ခရီးသွားဖျော်ဖြေရင်း ကျုံဒိုးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြင့်မြတ်ကတော့ ကျုံးဒိုးရောက်တဲ့အချိန်မှာ အသက် ၉၀ လောက်ရှိတဲ့ အဖွားက မြင့်မြတ်ကို တွေ့ချင်တယ်လို့ သတင်းကြားတာကြောင့် သူကိုယ်တိုင် အဲ့အဖွားရှိရာနေရာကိုသွားပြီးတေ့ာ ဝင်တွေ့ခဲ့တာ ဖြစ်ပါတယ်။ တကယ်ကို ချစ်စရာကောင်းတဲ့ မင်းသားတယောက်ဖြစ်ပြီး သူ့ရဲ့ ပရိသတ်တွေအတွက် ဒီလိုမျိုးတွေ လုပ်ပေးတာကတော့ တကယ်ကို လေးစားစရာကောင်းလှပါတယ်။
မအားတဲ့ကြားကနေ သူ့ပရိသတ်ဖြစ်တဲ့ အဖွား တယောက်သူ့ကို တွေ့ချင်တယ်ဆိုတဲ့ ဆန္ဒကို သူဖြည့်ဆည်းပေးခဲ့တာ ဖြစ်ပါတယ်။ သူဒီလိုမျိုး သွားတွေ့ပေးတာကတော့ အားလုံးအမြင်မှာ ကြည်နူးစရာကောင်းသလို သူ့ကိုတွေ့ရတဲ့ ကာယံကံရှင် အသက် ၉၀ အဖွားကလည်း သူ့ဘဝမှာ မှတ်မှတ်ရရကို ဖြစ်သွားမှာ သေချာပါတယ်။ ဒါကြောင့်လည်း မင်းသားမြင့်မြတ်ကို ပြည်သူတွေ အချစ်ပိုနေကြတာ မဆန်းပါဘူး။
မြင့်မြတ်ကတော့ လက်ရှိမှာလည်း ချစ်စရာကောင်းတဲ့ ချစ်ဇနီးလေးနဲ့ ချစ်စရာကောင်းတဲ့ သားလေးတယောက်ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ထဲမှာလည်း မင်းသားမြင့်မြတ်ကို အားပေးတဲ့သူတွေ ရှိကြလား။ သူ့ရဲ့ကြည်နူးစရာ လုပ်ရပ်လေးကတော့ သူ့ပရိသတ်တွေအတွက် ကြည်နူးရမှာ အမှန်ပါပဲ။
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
Comments are closed.