ေယာက်ာ္းေလးပံုစံေျပာင္းေနျဖစ္ပံုကိုေျပာျပတဲ႔ခိုင္ႏွင္းေဝရဲ႕ခ်စ္သူ

ေယာက်ာ္းေလးပံုစံေျပာင္းေနျဖစ္ပံုကိုေျပာျပတဲ႔ခိုင္ႏွင္းေဝရဲ႕ခ်စ္သူ

ပရဟိတမင္းသမီး ခိုင္နွင္းေဝရဲ႕ခ်စ္သူအျဖစ္ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားသိလာၾကတဲ့ Junior Dennis ဟာ မိန္းကေလးတစ္ဦးအေနနဲ႔ေမြးဖြားလာခဲ့ျပီး ေယာက္်ားေလးအျဖစ္ေျပာင္းလဲေနထုိင္ခဲ့တဲ့ Transgender တစ္ဦးျဖစ္ပါတယ္။ ခိုင္နွင္းေဝနဲ႔ Junior Dennis ဟာ သူတို႔နွစ္ေယာက္ရဲ႕ခ်စ္ျခင္းကို ျမင္ရတဲ့ပရိသတ္ေတြက ၾကည္နူးအားက်ျဖစ္ခဲ့ရတဲ့ အတြဲေလးဆိုရင္လည္းမမွားပါဘူး။ Junior Dennis က မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ မိန္းကေလးအျဖစ္ကေန ေယာက္်ားေလးအျဖစ္ေျပာင္းလဲေနထုိင္ျခင္းမွာ ၾကံဳေတြ႕ခဲ့ရတဲ့အခက္အခဲေတြနဲ႔ မိဘေတြလက္ခံလာေအာင္ ၾကိဳးစားခဲ့ရပံုကုိ ပရိသတ္ေတြအတြက္ေျပာျပသြားပါတယ္။

Junior Dennis က Transman တစ္ေယာက္ျဖစ္ေနတဲ့အတြက္ မိသားစုအသိုင္းအဝိုင္းထဲမွာ အရမ္းထူးဆန္းေနခဲ့တဲ့အေၾကာင္း “ကြ်န္ေတာ့္အဖိုးက ဇာတ္မင္းသားၾကီး ဂရိတ္ဦးဖိုးစိန္ျဖစ္ပါတယ္။ အေဖကေတာ့ မင္းသားၾကီးဦးရဲစိန္ေပါ့ေနာ္။ အနုပညာေလာကမွာမွ တကယ့္ဇာတ္သဘင္ဆိုတဲ့ အနုပညာေလာကက ေမြးဖြားတဲ့လူတစ္ေယာက္ျဖစ္တဲ့အတြက္ အေဖဘက္ေရာ အေမဘက္ေရာ ကြ်န္ေတာ့္လိုမ်ိဳး Transman တစ္ေယာက္မွမရွိဘူး။ ကြ်န္ေတာ္က သူတို႔အတြက္ပထမဆံုးပဲ။ အဲဒီေတာ့ သူတု႔ိ႔အတြက္ ျဂိဳလ္သားတစ္ေယာက္လိုျဖစ္ေနတာေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။

ေနာက္ပုိင္းမွာေတာ့ မိသားစုကုိ ပြင့္ပြင့္လင္းလင္းေျပာျပလိုက္တဲ့ေနာက္မွာ တျဖည္းျဖည္းနဲ႔လက္ခံေပးလာၾကတယ္လုိ႔လည္း “အခုအခ်ိန္မွာေတာ့ ေဖေဖဆံုးျပီးေနာက္ပိုင္းေပ့ါေနာ္ မိသားစုကို ပြင့္ပြင့္လင္းလင္းေျပာျပလိုက္တယ္။ မေျပာရင္လည္းအဆင္မေျပေတာ့ဘူး။ ကြ်န္ေတာ္အခ်ိန္ေတြလည္းအရမ္းကုန္တယ္။ ကြ်န္ေတာ့္ရဲ႕ျဖစ္တည္မႈကုိလက္ခံေပးဖို႔ကြ်န္ေတာ္သူ႔ကုိ ေကာင္းေကာင္းေလးနားလည္ေအာင္ေျပာျပတယ္။ အေမတို႔ေရာ အစ္မေတြေရာက လက္ခံတယ္။ ကြ်န္ေတာ္အခုအခ်ိန္အထိေပါ့ေနာ္။ သူတုိ႔ယံုၾကည္စိတ္ခ်ရေအာင္။ သူတို႔ရဲ႕အျမင္မွာ သမီးကေနျပီး သားတစ္ေယာက္အျဖစ္ တကယ္ကုိေျပာင္းလဲျမင္လာေအာင္ ကြ်န္ေတာ္ၾကိဳးစားျပီးေနထုိင္ခဲ့ပါတယ္”လို႔ ရင္ဖြင့္ထားပါတယ္။

Junior Dennis က မၾကာေသးမီကမွ My Place ဆိုတဲ့ LGBT café ဆိုင္ေလးဖြင့္ထားတာျဖစ္ျပီး အဲဒီဆိုင္ေလးအေၾကာင္းကို “LGBT ေတြကုိ ကုိယ္သာသူတုွ႔ိေနရာမွာဆိုရင္ဆိုျပီး ကုိယ္ခ်င္းစာစိတ္ေလးထားေပးပါ။သူတို႔လည္းလူသားပဲ။ မုန္းေနတာလည္းမဟုတ္ဘူးကြာ။လူတစ္ေယာက္နဲ႔တစ္ေယာက္သတ္ေနတယ္ ထိုးၾကိတ္ဆဲဆိုေနတယ္ဆုိရင္ ျမင္မေကာင္းဘူး။ လူတစ္ေယာက္နဲ႔တစ္ေယာက္ လက္ေလးတြဲတယ္။ပခံုးေလးဖက္တယ္။ ခ်စ္ခ်စ္ခင္ခင္ ဆိုင္ေလးေတြမွာထုိင္တယ္။ မုန္႔ေလးေတြတစ္ေယာက္နဲ႔တစ္ေယာက္ခြံ႕ေကြ်းၾကတယ္ဆိုတာ ပီတိျဖစ္စရာေကာင္းတဲ့ျမင္ကြင္ေလးေတြပါ။ အခ်ိဳ႕ကထင္ၾကတယ္။ MY Place LGBT Café ဆိုတာ ဘိပါကြာေပါ့။ အေျပာခံရတယ္။ မယံုရင္လာၾကည့္ပါလို႔ ကြ်န္ေတာ္မီးေတြလည္းလင္းထိန္ေနေအာင္လုပ္ေပးထားပါတယ္။ ဆုိင္ထဲဝင္လာလို႔ရွိရင္ သူတို႔အတြက္ေႏြးေထြးတဲ့ေနရာေလးျဖစ္ေအာင္ ဖန္တီးေပးထားတာပါ။ အားလံုးပဲ လာေရာက္အားေပးပါ။အၾကံညဏ္မ်ားလည္းေပးပါလို႔ ေျပာခ်င္ပါတယ္”လို႔ ရွင္းျပေျဖၾကားထားပါတယ္။

Junior က ျမန္မာနုိင္ငံမွာပထမဆံုးအေနနဲ႔ LGBT ေတြအတြက္ Rainbow Culture ပစၥည္းေလးေတြလည္းေရာင္းခ်ေပးသြားမွာျဖစ္ေၾကာင္းသိရပါတယ္။ အဲဒီအေၾကာင္းကိုလည္း Junior Dennis က “ကြ်န္ေတာ္တို႔ 25 ရက္ေန႔၊ သခင္ျမပန္းျခံမွာ ကြ်န္ေတာ့္ရဲ႕ JD’s Collection ပစၥည္းခုနစ္မ်ိဳးစတင္ျပီးေတာ့ ေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။ Rainbow Culture ေပါ့။ ျမန္မာနုိင္ငံမွာ ပထမဦးဆံုး Rainbow Culture ready to wear ေတြစတင္ျပီးေတာ့ ေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။လာေရာက္ျပီးေတာ့ အားေပးၾကည့္ရႈ႕ေပးၾကပါဦးလို႔”ဆိုျပီးရွင္းျပသြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ LGBT ကုိလက္ခံၾကလား။ LGBT Supporterတစ္ေယာက္လား။ JD’s Collection ေတြကုိေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

ပရဟိတမင်းသမီး ခိုင်နှင်းဝေရဲ့ချစ်သူအဖြစ် ပရိသတ်တွေတော်တော်များများသိလာကြတဲ့ Junior Dennis ဟာ မိန်းကလေးတစ်ဦးအနေနဲ့မွေးဖွားလာခဲ့ပြီး ယောက်ျားလေးအဖြစ်ပြောင်းလဲနေထိုင်ခဲ့တဲ့ Transgender တစ်ဦးဖြစ်ပါတယ်။ ခိုင်နှင်းဝေနဲ့ Junior Dennis ဟာ သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကို မြင်ရတဲ့ပရိသတ်တွေက ကြည်နူးအားကျဖြစ်ခဲ့ရတဲ့ အတွဲလေးဆိုရင်လည်းမမှားပါဘူး။ Junior Dennis က မီဒီယာတွေနဲ့အင်တာဗျူးမှာ မိန်းကလေးအဖြစ်ကနေ ယောက်ျားလေးအဖြစ်ပြောင်းလဲနေထိုင်ခြင်းမှာ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေနဲ့ မိဘတွေလက်ခံလာအောင် ကြိုးစားခဲ့ရပုံကို ပရိသတ်တွေအတွက်ပြောပြသွားပါတယ်။

Junior Dennis က Transman တစ်ယောက်ဖြစ်နေတဲ့အတွက် မိသားစုအသိုင်းအဝိုင်းထဲမှာ အရမ်းထူးဆန်းနေခဲ့တဲ့အကြောင်း “ကျွန်တော့်အဖိုးက ဇာတ်မင်းသားကြီး ဂရိတ်ဦးဖိုးစိန်ဖြစ်ပါတယ်။ အဖေကတော့ မင်းသားကြီးဦးရဲစိန်ပေါ့နော်။ အနုပညာလောကမှာမှ တကယ့်ဇာတ်သဘင်ဆိုတဲ့ အနုပညာလောကက မွေးဖွားတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် အဖေဘက်ရော အမေဘက်ရော ကျွန်တော့်လိုမျိုး Transman တစ်ယောက်မှမရှိဘူး။ ကျွန်တော်က သူတို့အတွက်ပထမဆုံးပဲ။ အဲဒီတော့ သူတု့ိ့အတွက် ဂြိုလ်သားတစ်ယောက်လိုဖြစ်နေတာပေါ့နော်”လို့ ပြောပြထားပါတယ်။

နောက်ပိုင်းမှာတော့ မိသားစုကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်တဲ့နောက်မှာ တဖြည်းဖြည်းနဲ့လက်ခံပေးလာကြတယ်လို့လည်း “အခုအချိန်မှာတော့ ဖေဖေဆုံးပြီးနောက်ပိုင်းပေ့ါနော် မိသားစုကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်တယ်။ မပြောရင်လည်းအဆင်မပြေတော့ဘူး။ ကျွန်တော်အချိန်တွေလည်းအရမ်းကုန်တယ်။ ကျွန်တော့်ရဲ့ဖြစ်တည်မှုကိုလက်ခံပေးဖို့ကျွန်တော်သူ့ကို ကောင်းကောင်းလေးနားလည်အောင်ပြောပြတယ်။ အမေတို့ရော အစ်မတွေရောက လက်ခံတယ်။ ကျွန်တော်အခုအချိန်အထိပေါ့နော်။ သူတို့ယုံကြည်စိတ်ချရအောင်။ သူတို့ရဲ့အမြင်မှာ သမီးကနေပြီး သားတစ်ယောက်အဖြစ် တကယ်ကိုပြောင်းလဲမြင်လာအောင် ကျွန်တော်ကြိုးစားပြီးနေထိုင်ခဲ့ပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

Junior Dennis က မကြာသေးမီကမှ My Place ဆိုတဲ့ LGBT café ဆိုင်လေးဖွင့်ထားတာဖြစ်ပြီး အဲဒီဆိုင်လေးအကြောင်းကို “LGBT တွေကို ကိုယ်သာသူတုှ့ိနေရာမှာဆိုရင်ဆိုပြီး ကိုယ်ချင်းစာစိတ်လေးထားပေးပါ။သူတို့လည်းလူသားပဲ။ မုန်းနေတာလည်းမဟုတ်ဘူးကွာ။လူတစ်ယောက်နဲ့တစ်ယောက်သတ်နေတယ် ထိုးကြိတ်ဆဲဆိုနေတယ်ဆိုရင် မြင်မကောင်းဘူး။ လူတစ်ယောက်နဲ့တစ်ယောက် လက်လေးတွဲတယ်။ပခုံးလေးဖက်တယ်။ ချစ်ချစ်ခင်ခင် ဆိုင်လေးတွေမှာထိုင်တယ်။ မုန့်လေးတွေတစ်ယောက်နဲ့တစ်ယောက်ခွံ့ကျွေးကြတယ်ဆိုတာ ပီတိဖြစ်စရာကောင်းတဲ့မြင်ကွင်လေးတွေပါ။ အချို့ကထင်ကြတယ်။ MY Place LGBT Café ဆိုတာ ဘိပါကွာပေါ့။ အပြောခံရတယ်။ မယုံရင်လာကြည့်ပါလို့ ကျွန်တော်မီးတွေလည်းလင်းထိန်နေအောင်လုပ်ပေးထားပါတယ်။ ဆိုင်ထဲဝင်လာလို့ရှိရင် သူတို့အတွက်နွေးထွေးတဲ့နေရာလေးဖြစ်အောင် ဖန်တီးပေးထားတာပါ။ အားလုံးပဲ လာရောက်အားပေးပါ။အကြံညဏ်များလည်းပေးပါလို့ ပြောချင်ပါတယ်”လို့ ရှင်းပြဖြေကြားထားပါတယ်။

Junior က မြန်မာနိုင်ငံမှာပထမဆုံးအနေနဲ့ LGBT တွေအတွက် Rainbow Culture ပစ္စည်းလေးတွေလည်းရောင်းချပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ အဲဒီအကြောင်းကိုလည်း Junior Dennis က “ကျွန်တော်တို့ 25 ရက်နေ့၊ သခင်မြပန်းခြံမှာ ကျွန်တော့်ရဲ့ JD’s Collection ပစ္စည်းခုနစ်မျိုးစတင်ပြီးတော့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ Rainbow Culture ပေါ့။ မြန်မာနိုင်ငံမှာ ပထမဦးဆုံး Rainbow Culture ready to wear တွေစတင်ပြီးတော့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။လာရောက်ပြီးတော့ အားပေးကြည့်ရှု့ပေးကြပါဦးလို့”ဆိုပြီးရှင်းပြသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော LGBT ကိုလက်ခံကြလား။ LGBT Supporterတစ်ယောက်လား။ JD’s Collection တွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.