City FM က ဆုရတဲ့ ေရႊျပားကုိ လွဴဒါန္းလိုက္တဲ့ ေရႊနွစ္ေရႊ

City FM က ဆုရတဲ့ ေရႊျပားကုိ လွဴဒါန္းလိုက္တဲ့ ေရႊနွစ္ေရႊ

ေရႊထူးနဲ႔ေရႊမံႈဟာ ခ်စ္သူျဖစ္တာ လပိုင္းေလာက္ပဲၾကာလုိက္ေပမယ့္ ခ်စ္သူျဖစ္ခ်ိန္မွာေရာ လက္ထပ္ျပီးသြားခ်ိန္မွာပါ ဘယ္သူေတြဘာေျပာေျပာ တစ္ေယာက္နဲ႔တစ္ေယာက္အရမ္းကုိခ်စ္ၾကျပီး တစ္ေယာက္ကုိတစ္ေယာက္လည္းပါရမီျဖည့္ေပးၾကတဲ့လိုက္ဖက္တဲ့စံုတြဲေလးျဖစ္ပါတယ္။ ေရႊထူးက ေရႊမံႈ႔ကုိအျမဲတမ္းအလိုလိုက္သလို ေရႊမံႈကလည္း ဘယ္လုိပဲကေလးဆန္တယ္ေျပာေျပာ ေရႊထူးအတြက္ စဥ္းစားေပးတတ္တာေလးေတြလည္းပရိသတ္ေတြျမင္ခဲ့ရပါတယ္။အခုတစ္ခါလည္း ေရႊမံႈက ေရႊထူးကုိ ပါရမီျဖည့္လိုက္ျပန္ပါျပီ။

အဲဒါကေတာ့ ေရႊထူး က သူဆုရတဲ့ ေရႊျပားကုိလွဴခ်င္တဲ့ဆႏၵကုိ ေရႊမႈံကလိုက္လံျဖည့္ဆည္းေပးလုိက္တာပါပဲ။ ေရႊထူးဟာ မၾကာေသးမီက က်င္းပျပဳလုပ္ခဲ့တဲ့ City FM (၁၇)နွစ္ျပည့္ပြဲမွာ ၂၀၁၈ ခုနွစ္အတြင္းသီခ်င္းေတာင္းဆုိမႈအမ်ားဆံုးဆု ရခဲ့တာပါ။ အဲဒီပြဲမွာ ဆုရခဲ့တဲ့အတြက္လည္း ေရႊမံႈက အလြန္ေပ်ာ္ရႊင္ေနခဲ့ျပီး ေရႊထူးကလည္း ဆုကုိ ေရႊမံႈကုိတစ္ခါတည္းကုိေပးထားလုိက္ေတာ့တာပါပဲ။ ေရႊထူးက ဆုရခဲ့တဲ့အတြက္ ေက်းဇူးတင္စကားေျပာခဲ့ရာမွာ “အရမ္းဝမ္းသာပါတယ္။ ကၽြန္ေတာ့္ပရိသတ္ေတြက ကၽြန္ေတာ္ အိမ္ေထာင္က်သြားလည္း ကၽြန္ေတာ့္ကုိ ခ်စ္ေပးေနၾကတယ္။ ကၽြန္ေတာ့္ သီခ်င္းေတြကုိ နားေထာင္ေပးေနၾကတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ကၽြန္ေတာ့္ရဲ႕ တတိယအေခြကုိ လည္း ဒီႏွစ္ထဲမွာ ထြက္ႏုိင္ေအာင္ ႀကိဳးစားေနပါတယ္”လို႔ လိႈက္လိႈက္လွဲလွဲစကားဆိုခဲ့ျပီးစင္ေပၚက ဆင္းလာခ်ိန္မွာ ေရႊမံႈ႕ကုိ အနမ္းေတြေျခြခဲ့ပါေသးတယ္။

ေရႊထူးက ကုိယ့္အစြမ္းအစနဲ႔ပရိသတ္ေတြရဲ႕ေမတၱာတရားေတြနဲ႔ ရရွိခဲ့တဲ့အဲဒီဆုကုိ အလွဴျပဳခ်င္စိတ္ေပၚလာခဲ့ပါတယ္။ အဲဒါနဲ႔ပဲ ေအာင္ဇဗၼဴေတာရေက်ာင္းမွာ သြားေရာက္လွဴဒါန္းခဲ့ျပီး လွဴဒါန္းေနတဲ့ဓာတ္ပံုေလးေတြကိုလည္း သူ႔ရဲ႕ လူမႈကြန္ယက္မွာ တင္ထားခဲ့ပါတယ္။ ေရႊမံႈကလည္းကုိယ့္ခင္ပြန္းရဲ႕ဆႏၵကုိနွစ္ခါမေျပာရပဲ လိုက္ေလ်ာျပီးပါရမီျဖည့္ေပးခဲ့တာေတြ႕ရပါတယ္။ ေရႊထူးက “လွဴခ်င္တဲ့ City Fm ကေရႊျပားေလးကို လွဴခြင့္ရေအာင္ လိုက္ပို႔ေပးလို႔ေက်းဇူးအထူးပါ ငါ့မိန္းမေရ”လို႔ ၾကည္နူးဖြယ္ေရးသားထားခဲ့ပါေသးတယ္။ ေရႊမံႈနဲ႔ေရႊထူးတို႔ရဲ႕ဘုရားသြားေက်ာင္းတက္လိုက္ဖက္ညီလြန္းတဲ့ ဘဝေလးကုိ ပရိသတ္ေတြကအားက်ေနၾကျပီး ဝုိင္းဝန္းသာဓုေခၚေနၾကသလို ပရိသတ္ေတြရဲ႕အားေပးမႈေၾကာင့္ရတဲ့ဆုကုိ လွအလွဴေရစက္လက္နဲ႔မကြာ ဒါနမ်ိဳးေစ့ခ်ျပီးပရိသတ္ေတြကုိပါ ကုသုိလ္ေတြမွ်ေပးတဲ့ေရႊထူးကုိ ေက်းဇူးတင္ျပီးပုိခ်စ္ေနၾကပါတယ္။

ပရိသတ္ၾကီးေရာ ေရႊထူးနဲ႔ေရႊမံႈကုိခ်စ္ၾကလား။ ေရႊထူးရဲ႕သီ္ခ်င္းအသစ္ေတြထြက္လာရင္ေရာအားေပးၾကဦးမွာလား။ ေရႊထူးနဲ႔ေရႊမံႈရဲ႕ဆက္လက္ျပီးအနုပညာလႈပ္ရွားမႈေတြထြက္လာရင္ေရာ အားေပးၾကည့္ရႈ႕ၾကမွာလား။ ေျပာခဲ့ၾကပါဦး။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

ရွှေထူးနဲ့ရွှေမှုံဟာ ချစ်သူဖြစ်တာ လပိုင်းလောက်ပဲကြာလိုက်ပေမယ့် ချစ်သူဖြစ်ချိန်မှာရော လက်ထပ်ပြီးသွားချိန်မှာပါ ဘယ်သူတွေဘာပြောပြော တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြပြီး တစ်ယောက်ကိုတစ်ယောက်လည်းပါရမီဖြည့်ပေးကြတဲ့လိုက်ဖက်တဲ့စုံတွဲလေးဖြစ်ပါတယ်။ ရွှေထူးက ရွှေမှုံ့ကိုအမြဲတမ်းအလိုလိုက်သလို ရွှေမှုံကလည်း ဘယ်လိုပဲကလေးဆန်တယ်ပြောပြော ရွှေထူးအတွက် စဉ်းစားပေးတတ်တာလေးတွေလည်းပရိသတ်တွေမြင်ခဲ့ရပါတယ်။အခုတစ်ခါလည်း ရွှေမှုံက ရွှေထူးကို ပါရမီဖြည့်လိုက်ပြန်ပါပြီ။

အဲဒါကတော့ ရွှေထူး က သူဆုရတဲ့ ရွှေပြားကိုလှူချင်တဲ့ဆန္ဒကို ရွှေမှုံကလိုက်လံဖြည့်ဆည်းပေးလိုက်တာပါပဲ။ ရွှေထူးဟာ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ City FM (၁၇)နှစ်ပြည့်ပွဲမှာ ၂၀၁၈ ခုနှစ်အတွင်းသီချင်းတောင်းဆိုမှုအများဆုံးဆု ရခဲ့တာပါ။ အဲဒီပွဲမှာ ဆုရခဲ့တဲ့အတွက်လည်း ရွှေမှုံက အလွန်ပျော်ရွှင်နေခဲ့ပြီး ရွှေထူးကလည်း ဆုကို ရွှေမှုံကိုတစ်ခါတည်းကိုပေးထားလိုက်တော့တာပါပဲ။ ရွှေထူးက ဆုရခဲ့တဲ့အတွက် ကျေးဇူးတင်စကားပြောခဲ့ရာမှာ “အရမ်းဝမ်းသာပါတယ်။ ကျွန်တော့်ပရိသတ်တွေက ကျွန်တော် အိမ်ထောင်ကျသွားလည်း ကျွန်တော့်ကို ချစ်ပေးနေကြတယ်။ ကျွန်တော့် သီချင်းတွေကို နားထောင်ပေးနေကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ရဲ့ တတိယအခွေကို လည်း ဒီနှစ်ထဲမှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်”လို့ လှိုက်လှိုက်လှဲလှဲစကားဆိုခဲ့ပြီးစင်ပေါ်က ဆင်းလာချိန်မှာ ရွှေမှုံ့ကို အနမ်းတွေခြွေခဲ့ပါသေးတယ်။

ရွှေထူးက ကိုယ့်အစွမ်းအစနဲ့ပရိသတ်တွေရဲ့မေတ္တာတရားတွေနဲ့ ရရှိခဲ့တဲ့အဲဒီဆုကို အလှူပြုချင်စိတ်ပေါ်လာခဲ့ပါတယ်။ အဲဒါနဲ့ပဲ အောင်ဇဗ္မူတောရကျောင်းမှာ သွားရောက်လှူဒါန်းခဲ့ပြီး လှူဒါန်းနေတဲ့ဓာတ်ပုံလေးတွေကိုလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ တင်ထားခဲ့ပါတယ်။ ရွှေမှုံကလည်းကိုယ့်ခင်ပွန်းရဲ့ဆန္ဒကိုနှစ်ခါမပြောရပဲ လိုက်လျောပြီးပါရမီဖြည့်ပေးခဲ့တာတွေ့ရပါတယ်။ ရွှေထူးက “လှူချင်တဲ့ City Fm ကရွှေပြားလေးကို လှူခွင့်ရအောင် လိုက်ပို့ပေးလို့ကျေးဇူးအထူးပါ ငါ့မိန်းမရေ”လို့ ကြည်နူးဖွယ်ရေးသားထားခဲ့ပါသေးတယ်။ ရွှေမှုံနဲ့ရွှေထူးတို့ရဲ့ဘုရားသွားကျောင်းတက်လိုက်ဖက်ညီလွန်းတဲ့ ဘဝလေးကို ပရိသတ်တွေကအားကျနေကြပြီး ဝိုင်းဝန်းသာဓုခေါ်နေကြသလို ပရိသတ်တွေရဲ့အားပေးမှုကြောင့်ရတဲ့ဆုကို လှအလှူရေစက်လက်နဲ့မကွာ ဒါနမျိုးစေ့ချပြီးပရိသတ်တွေကိုပါ ကုသိုလ်တွေမျှပေးတဲ့ရွှေထူးကို ကျေးဇူးတင်ပြီးပိုချစ်နေကြပါတယ်။

ပရိသတ်ကြီးရော ရွှေထူးနဲ့ရွှေမှုံကိုချစ်ကြလား။ ရွှေထူးရဲ့သီ်ချင်းအသစ်တွေထွက်လာရင်ရောအားပေးကြဦးမှာလား။ ရွှေထူးနဲ့ရွှေမှုံရဲ့ဆက်လက်ပြီးအနုပညာလှုပ်ရှားမှုတွေထွက်လာရင်ရော အားပေးကြည့်ရှု့ကြမှာလား။ ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.