သုသုကို လင်တရူးစေချင်တာဆိုတဲ့ မိတ်ကပ်လင်းလင်း
သုသုကို လင်တရူးစေချင်တာဆိုတဲ့ မိတ်ကပ်လင်းလင်း
[UNICODE FONT]
မြန်မာပြည်က နာမည်ကျော်မိတ်ကပ်ပညာရှင်တွေ ဖြစ်တဲ့ မိတ်ကပ်လင်းလင်းနဲ့ မိတ်ကပ်ညီညီမောင်စမ်းချောင်းကိုတေ့ာ လူတော်တော်များများ ရင်းနှီးပြီးသား ဖြစ်မှာပါ။ သူတို့နှစ်ယောက်ကတော့ ကလေးဘဝကတည်းက သူငယ်ချင်းတွေဖြစ်ပြီး တယောက်ကိုတယောက် စကြနောက်ကြရင်း ညီအမရင်းလိုမျိုး ဖြစ်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မိတ်ကပ်လင်းလင်းကတော့ ညီညီမောင်စမ်းချောင်းနဲ့ ဘယ်လိုရင်းနှီးခဲ့လည်းဆိုတာကို ပြောပြသွားပြီး ညီညီမောင်စမ်းချောင်း(သုသု) ကိုတော့ ဆေးတွေလည်း ထိုးသွားပါသေးတယ်။
မိတ်ကပ်လင်းလင်းကတော့ MC နဲ့ အင်တာဗျူးတွင် “ငယ်ငယ်ကလေးတည်းက မုန့်စားရင် မကြီးစန်းအိမ်မှာ သွားစားကြတယ်။ မုန့်သွားစားကြတယ်။ ခွီကြတယ်။ ဖုန်းပြောပြီးတော့ သူ့ရဲ့ အချစ်အကြောင်းတွေကို နားထောင်ပေးတယ်။ ပြီးသွားရင် ဒီကောင်လေးနဲ့ကြိုက်ရင် ကောင်းမလားတော့ သူနဲ့ကိုယ်နဲ့ကလေ အဲ့ကိစ္စလေးတွေကို ဖုန်းပြောဖြစ်တယ်။ တခါတလေကျရင် နာရီပိုင်းလောက်အထိကြာတာတွေ ရှိပါတယ်”
သုသုနဲ့ အများဆုံး ပြောဖြစ်တဲ့စကားနဲ့ ပတ်သက်ပြီး “မသုကတော့ အချစ်အကြောင်းပေါ့။ အချစ်ရှိမှ သူ့ဘဝကြီးက အသက်ရှင်နေတာဆိုတော့လေ။ သူ့ကိုလည်း တခါတလေ လင်တတွေ ရူးစေချင်တာ ခွက်တွေဆွဲတောင်းတွေဆွဲပြီးတော့လေ။ ရိုက်နှက်တဲ့ ယောကျာ်းနဲ့ ရစေချင်တာ”
သုသုက အရမ်းချစ်တတ်တဲ့သူလားဆိုတဲ့ အပေါ်မှာတော့ “သူက အရမ်းကိုချစ်တတ်တာ။ ချစ်တတ်တာတော့ ပြိုင်စံရှားပဲ။ အရမ်းချစ်တတ်တာ။ ဘယ်သူလာလာဒေါင်းတယ်။ သူအရမ်းချစ်တယ်ဆိုရင်ဘာလာလာ ဒေါင်းတယ်။ လင်းကျတော့လည်း ချစ်တတ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ကိုကိုယ်ပိုချစ်တတ်တယ်။ လူတိုင်းပါပဲ။ ကိုယ့်ကိုကိုယ်ချစ်ပြီးမှ သူများကို ဦးစားပေးကြတာလေ။ သုလည်း ကိုယ့်ကိုကိုယ်တော့ ပိုချစ်မှာပါ။ သူက ပါးစပ်က ချစ်တာပဲ များတာလေ။ ရေးလိုက်တဲ့ Status တွေကလည်း ဖေ့ဘုတ်ကို သူပိုင်သလိုပဲ။ ပြီးတော့ သူက အသည်းကွဲရင် နောက်လင်ယူတယ်လေ”
ဘယ်အရွယ်ကတည်းက စ ပြီးတော့ ရင်းနှီးခဲ့ကြတာလဲဆိုတဲ့ အပေါ်မှာ “၉ တန်းဖြေပြီးကတည်းကပေါ့။ ကိုယ်အပျိုဖော်ဝင်ခါစပေါ့။ သူကတော့ အပျိုဖြစ်ပြီးနေပြီပေါ့။ သူငယ်ချင်းတွေလေ။ ကျူရှင်တတ်လည်း အတူတူ ညဈေးမှာ သွားစားလဲ အတူတူ။ သူငယ်ထောင်လည်း အတူတူပေါ့နော်”
တယောက်နဲ့ တယောက်ရော အကြိုက်တူကြလားဆိုတဲ့ အပေါ် “အကြိုက်ကတော့ မတူဘူး။ သူကတော့ သေးသေးကွေးကွေးလေးတွေ ကြိုက်တာလေ။ သူကချီချင်တာကို။ ကိုယ်ကတော့ ကိုယ့်ထက်ထွားတာပဲကြိုက်တယ်။ သူကကလေး အမေတရားဖြစ်ချင်တာလေ။ အရုပ်တွေဆိုလည်းရူး။ မိခင်ရူးရူးနေတာလား မသိဘူး” ဟု ပြောကြားသွားခဲ့ပါတယ်။
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
Comments are closed.