ခဏတာရတဲ့ဘဝမှာ “လူလာဖြစ်တာ အများကိုအကျိုး ပြုနိုင်ရင်အကောင်းဆုံးပေါ့..အကျိုးမပြုနိုင်ရင်တောင်ဒုက္ခမပေးသင့်ဘူး” လို့အာဏာရူးပါဝါရူးတွေကို ဒဲ့ပြော လိုက်တဲ့ နန်းမြတ်ဖြိုးသင်း
ခဏတာရတဲ့ဘဝမှာ “လူလာဖြစ်တာ အများကိုအကျိုးပြုနိုင်ရင်အကောင်းဆုံးပေါ့..အကျိုးမပြုနိုင်ရင်တောင်ဒုက္ခမပေးသင့်ဘူး” လို့အာဏာရူးပါဝါရူးတွေကို ဒဲ့ပြောလိုက်တဲ့ နန်းမြတ်ဖြိုးသင်း..
သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းကတော့ သူမရဲ့ဘဝထဲကနေ ရုတ်တရက်ထွက်ခွာသွားတဲ့ ခင်ပွန်းဖြစ်သူကို နေ့နေ့ညညသတိရနေတာပဲ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့ အိမ်ထောင်သက်(၄)နှစ်မပြည့်ခင်မှာပဲ ခင်ပွန်းဖြစ်သူကိုဆုံးရှုံးရမယ်လို့ မထင်ထားကြောင်း အခုလိုပဲပြောလာပါတယ်။
“လွန်ခဲ့တဲ့၄နှစ်ကဒီလိုချိန်၉နာရီဆိုတာကိုယ်တွေနှစ်ယောက်ရဲ့ပျော်ရတဲ့အချိန်တခုပေါ့။ ခုချိန်မှာတော့သူမရှိတော့ဘူး။ နောက်၄နှစ်မှာလဲ ဘဝတွေက ဘယ်လိုဖြစ်နေမလဲဘယ်သူမှမသိနိုင်ဘူးနော်။ ဘယ်အရာမှမမြဲဘူးဆိုတာ ရင်ထဲအသည်းထဲကကို စွဲမြဲလက်ခံသွားတာ။ ရှိနေတုန်းအချိန်မှာ ကုသိုလ်ကိစ္စလေးတွေလုပ်ရင်းပဲ ဖြတ်သန်းချင်တော့တယ်။ သူ့အတွက်လဲလုပ်ပေးရင်းကိုယ့်အတွက်လဲ
သံသရာအတွက် အထုပ်ထုပ်ရမယ်လို့ပဲတွေးမိတော့တယ် တကယ်တော့လူလာဖြစ်ရတာခဏလေးပါ။ ဒါကိုမေ့လျော့ပီး အများအကျိုး မကြည့်ပဲ အာဏာနဲ့ပါဝါရူးနေတဲ့လူတွေကြောင့်လဲ ဘဝတွေအများကြီးပျက်စီးကြရတယ်။ လူလာဖြစ်တာ အများကိုအကျိုးပြုနိုင်ရင် အကောင်းဆုံးပေါ့။ အကျိုးမပြုနိုင်ရင်တောင်ဒုက္ခမပေးသင့်ဘူး” ဆိုပြီးပြောလာပါတယ်။
Advertisement
နန်းမြတ်ဖြိုးသင်းကတော့ ဘယ်အချိန်ဘာဖြစ်မလဲ မသိနိုင်ပဲ လူလာဖြစ်တဲ့ခဏတာမှာ သံသရာအတွက်ပြင်ဆင်ရမယ်ဖြစ်ကြောင်း ပြောလာတာပဲဖြစ်ပါတယ်။
Source: Nann Myat Phyo Thinn’s fb
[zawgyi]
Advertisement
နန်းမြတ်ဖြိုးသင်းကတော့ ဘယ်အချိန်ဘာဖြစ်မလဲ မသိနိုင်ပဲ လူလာဖြစ်တဲ့ခဏတာမှာ သံသရာအတွက်ပြင်ဆင်ရမယ်ဖြစ်ြေ ကာင်း ပြောလာတာပဲဖြစ်ပါတယ်။
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*