အကယ္ဒမီေပးပြဲမွာ ပုဆိုးေျပာင္းျပန္ဝတ္ခဲ့မိတယ္ဆိုတဲ့ အလင္းေရာင္

အကယ္ဒမီေပးပြဲမွာ ပုဆိုးေျပာင္းျပန္ဝတ္ခဲ့မိတယ္ဆိုတဲ့ အလင္းေရာင္

အလင္းေရာင္ဆိုတဲ့ အသားျဖဴျဖဴနုနုနယ္နယ္ေမာ္ဒယ္သရုပ္ေဆာင္ေလးဟာ စျပီးအနုပညာေလာကထဲဝင္လာခါစကတည္းက ေကာင္မေလးေတြပါးစပ္ဖ်ားမွာ ေရပန္းစားျပီး ပရိသတ္ေတြရဲ႕အားေပးမႈေတြတခဲနက္ရရွိပုိင္ဆိုင္ထားသူျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာရုပ္ရွင္ကားေတြဇယ္ဆက္သလိုရိုက္ေနရတဲ့ အလင္းေရာင္ကုိအကယ္ဒမီရေစခ်င္တဲ့ပရိသတ္ေတြလည္း ေတာ္ေတာ္မ်ားမ်ားရွိေနပါတယ္။ အလင္းေရာင္က မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ အကယ္ဒမီေပးပြဲနဲ႔ပတ္သက္တဲ့ခံစားခ်က္ေတြနဲ႔ အကယ္ဒမီေပးပြဲမွာလြဲခဲ့ဖူးတဲ့အလြဲတစ္ခုအေၾကာင္းလည္း ဟာသေျမာက္စြာေျပာျပလာပါတယ္။

အလင္းေရာင္က အကယ္ဒမီပြဲနဲ႔ပတ္သက္ျပီးဘယ္လိုေတြျပင္ဆင္ေနျဖစ္လဲဆိုတဲ့ေမးခြန္းကုိ “ကြ်န္ေတာ္ကေတာ့ ဘာမွမျပင္ဆင္ပါဘူး။ ဒါက အကယ္ဒမီက ကိုယ့္ထက္ စီနီယာေတြ သမၻာ့သမၻာေတြဆိုေတာ့ ဘယ္သူေတြပဲရရပါ ကုိယ့္ကား Nomination မွာပါမယ္ဆိုရင္ေပ်ာ္ပါတယ္။အကယ္ဒမီရဖို႔အထိေတာ့ ရည္မွန္းမထားပါဘူး။ အကယ္ဒမီပြဲေတာ့ တက္ျဖစ္မွာပါ”လုိ႔ ေျပာျပထားပါတယ္။

အလင္းေရာင္က အကယ္ဒမီေပးပြဲနဲ႔ပတ္သက္တဲ့အမွတ္တရအခ်ိဳ႕ကုိလည္း “မနွစ္ကလားတစ္နွစ္ကလားမသိဘူး။ အဲဒီတုန္းက ဒီဇုိင္နာ ကုိမ်ိဳးမင္းစုိးက ဆင္တာ။ ဝတ္စံုဝတ္ျပီး ကားေပၚက ေက်ာ့ေက်ာ့ေမာ့ေမာ့ေလးဆင္းလာတာ။ ေဟ့ေကာင္ လာဦးဆိုေတာ့။ ဘာလဲေပါ့။ သူအက်ႌဆင္ထားတာမို႔ ကုိယ့္ကုိဓာတ္ပံုေတြဘာေတြရိုက္မယ္ထင္ေနတာ။ ကုိမ်ိဳးမင္းစုိးလို႔ ဓာတ္ပံုရိုက္မွာလားဆိုေတာ့ မဟုတ္ဘူးတဲ့။ ပုဆိုးက ေျပာင္းျပန္ၾကီးတဲ့။အရမ္းရွက္သြားတယ္။ အိမ္က မီးပူတိုက္ေပးေတာ့ ပုဆိုးကုိလွန္ျပီးေတာ့ တိုက္ေပးထားတာ။ အဲဒါ ေလာေလာေလာေလာနဲ႔ဝတ္လုိက္မိတာ။ ဒါရုိက္တာ ကုိေအာင္ျမတ္ကုိ အကူအညီေတာင္းျပီး ကုိေအာင္ျမတ္လို႔ လူၾကည့္ထားေပးလို႔ ဆိုျပီး ပုဆိုးကုိ အျပင္နဲ႔ေအာက္နဲ႔ လဲဝတ္လိုက္ရတယ္”လို႔ ရယ္ေမာရင္းေျပာျပထားခဲ့ပါေသးတယ္။

ဒီနွစ္အကယ္ဒမီရင္ခုန္သံကုိေတာ့ အလင္းေရာင္က “ဒီနွစ္က ကားေကာင္းေတြလည္းအမ်ားၾကီးရွိတယ္ဆိုေတာ့ အကုန္လံုး ကာရိုက္တာေတြက အားျပိဳင္ေနတယ္ဆိုေတာ့ အကုန္လံုး ဘယ္သူပဲရရ ဒီနွစ္က ၾကည့္ရတာအရမ္းတန္မယ့္ပြဲမ်ိဳးပါ”လုိ႔ ေျဖထားျပီး အကယ္ဒမီေပးပြဲေနာက္မွ ထပ္ေပးမယ့္ Star Awards ပြဲနဲ႔ပတ္သက္တဲ့အျမင္ကုိေတာ့ “အမွန္အတိုင္းေျပာရရင္ေတာ့ ကြ်န္ေတာ္က အဲ့လိုမ်ိဳး ကြ်န္ေတာ့္အျမင္ကုိမေျပာခ်င္ဘူး။ ဘာလို႔ဆို ကြ်န္ေတာ္အနုပညာေလာကထဲဝင္လာာတာ ဝါအရေရာ သက္တမ္းအရေရာ နုေသးတယ္။ ကားရိုက္တာေတာင္မွ နွစ္နွစ္ေလာက္ပဲရွိပါေသးတယ္။ ဒါ ေပးသင့္လို႔ေပးတဲ့ပြဲလုိ႔ပဲျမင္ပါတယ္။က်န္တာေတာ့မေျပာေတာ့ဘူးဗ်”လုိ႔ လိမ္မာပါးနပ္ေအးခ်မ္းစြာေျဖၾကားထားခဲ့ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ အလင္းေရာင္ကုိခ်စ္ၾကလား။အလင္းေရာင္ကုိ အကယ္ဒမီရေစခ်င္ၾကလား။ ဒါမွမဟုတ္ ဒီနွစ္အကယ္ဒမီေပးပြဲမွာဘယ္သူ႕ကုိအကယ္ဒမီရေစခ်င္ၾကလဲေျပာခဲ့ၾကပါဦး။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

အလင်းရောင်ဆိုတဲ့ အသားဖြူဖြူနုနုနယ်နယ်မော်ဒယ်သရုပ်ဆောင်လေးဟာ စပြီးအနုပညာလောကထဲဝင်လာခါစကတည်းက ကောင်မလေးတွေပါးစပ်ဖျားမှာ ရေပန်းစားပြီး ပရိသတ်တွေရဲ့အားပေးမှုတွေတခဲနက်ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာရုပ်ရှင်ကားတွေဇယ်ဆက်သလိုရိုက်နေရတဲ့ အလင်းရောင်ကိုအကယ်ဒမီရစေချင်တဲ့ပရိသတ်တွေလည်း တော်တော်များများရှိနေပါတယ်။ အလင်းရောင်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ အကယ်ဒမီပေးပွဲနဲ့ပတ်သက်တဲ့ခံစားချက်တွေနဲ့ အကယ်ဒမီပေးပွဲမှာလွဲခဲ့ဖူးတဲ့အလွဲတစ်ခုအကြောင်းလည်း ဟာသမြောက်စွာပြောပြလာပါတယ်။

အလင်းရောင်က အကယ်ဒမီပွဲနဲ့ပတ်သက်ပြီးဘယ်လိုတွေပြင်ဆင်နေဖြစ်လဲဆိုတဲ့မေးခွန်းကို “ကျွန်တော်ကတော့ ဘာမှမပြင်ဆင်ပါဘူး။ ဒါက အကယ်ဒမီက ကိုယ့်ထက် စီနီယာတွေ သမ္ဘာ့သမ္ဘာတွေဆိုတော့ ဘယ်သူတွေပဲရရပါ ကိုယ့်ကား Nomination မှာပါမယ်ဆိုရင်ပျော်ပါတယ်။အကယ်ဒမီရဖို့အထိတော့ ရည်မှန်းမထားပါဘူး။ အကယ်ဒမီပွဲတော့ တက်ဖြစ်မှာပါ”လို့ ပြောပြထားပါတယ်။

အလင်းရောင်က အကယ်ဒမီပေးပွဲနဲ့ပတ်သက်တဲ့အမှတ်တရအချို့ကိုလည်း “မနှစ်ကလားတစ်နှစ်ကလားမသိဘူး။ အဲဒီတုန်းက ဒီဇိုင်နာ ကိုမျိုးမင်းစိုးက ဆင်တာ။ ဝတ်စုံဝတ်ပြီး ကားပေါ်က ကျော့ကျော့မော့မော့လေးဆင်းလာတာ။ ဟေ့ကောင် လာဦးဆိုတော့။ ဘာလဲပေါ့။ သူအင်္ကျီဆင်ထားတာမို့ ကိုယ့်ကိုဓာတ်ပုံတွေဘာတွေရိုက်မယ်ထင်နေတာ။ ကိုမျိုးမင်းစိုးလို့ ဓာတ်ပုံရိုက်မှာလားဆိုတော့ မဟုတ်ဘူးတဲ့။ ပုဆိုးက ပြောင်းပြန်ကြီးတဲ့။အရမ်းရှက်သွားတယ်။ အိမ်က မီးပူတိုက်ပေးတော့ ပုဆိုးကိုလှန်ပြီးတော့ တိုက်ပေးထားတာ။ အဲဒါ လောလောလောလောနဲ့ဝတ်လိုက်မိတာ။ ဒါရိုက်တာ ကိုအောင်မြတ်ကို အကူအညီတောင်းပြီး ကိုအောင်မြတ်လို့ လူကြည့်ထားပေးလို့ ဆိုပြီး ပုဆိုးကို အပြင်နဲ့အောက်နဲ့ လဲဝတ်လိုက်ရတယ်”လို့ ရယ်မောရင်းပြောပြထားခဲ့ပါသေးတယ်။

ဒီနှစ်အကယ်ဒမီရင်ခုန်သံကိုတော့ အလင်းရောင်က “ဒီနှစ်က ကားကောင်းတွေလည်းအများကြီးရှိတယ်ဆိုတော့ အကုန်လုံး ကာရိုက်တာတွေက အားပြိုင်နေတယ်ဆိုတော့ အကုန်လုံး ဘယ်သူပဲရရ ဒီနှစ်က ကြည့်ရတာအရမ်းတန်မယ့်ပွဲမျိုးပါ”လို့ ဖြေထားပြီး အကယ်ဒမီပေးပွဲနောက်မှ ထပ်ပေးမယ့် Star Awards ပွဲနဲ့ပတ်သက်တဲ့အမြင်ကိုတော့ “အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်က အဲ့လိုမျိုး ကျွန်တော့်အမြင်ကိုမပြောချင်ဘူး။ ဘာလို့ဆို ကျွန်တော်အနုပညာလောကထဲဝင်လာာတာ ဝါအရရော သက်တမ်းအရရော နုသေးတယ်။ ကားရိုက်တာတောင်မှ နှစ်နှစ်လောက်ပဲရှိပါသေးတယ်။ ဒါ ပေးသင့်လို့ပေးတဲ့ပွဲလို့ပဲမြင်ပါတယ်။ကျန်တာတော့မပြောတော့ဘူးဗျ”လို့ လိမ်မာပါးနပ်အေးချမ်းစွာဖြေကြားထားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော အလင်းရောင်ကိုချစ်ကြလား။အလင်းရောင်ကို အကယ်ဒမီရစေချင်ကြလား။ ဒါမှမဟုတ် ဒီနှစ်အကယ်ဒမီပေးပွဲမှာဘယ်သူ့ကိုအကယ်ဒမီရစေချင်ကြလဲပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.