အံ့မင်းညိုကို အားပေးဖြစ်ခဲ့တဲ့ စကားတွေကို ပြောပြတဲ့ ချစ်သုဝေ

မြန်မာ ဗီဒီယို ဈေးကွက် ပျက်လာချိန်မှာ ဇာတ်ပို့ဇာတ်ရံ သမားတွေအတွက် အလုပ်ပါးလာပြီး စီးပွားရေး အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပါတယ်။ ဒီလိုမျိုး အနုပညာလောကသားတွေထဲမှာ ကိုအံ့မင်းညိုတစ်ယောက်လည်း အပါအဝင် ဖြစ်ပါတယ်။ ၇ နှစ်အရွယ် သမီးအကြီးဆုံးနဲ့ ၂ နှစ်အရွယ် သမီးအငယ်လေးကို ပိုင်ဆိုင်ထားပေမဲ့ အကြီးမလေးကတော့ မွေးရာပါ နှလုံးအပေါက်ပါတဲ့အပြင် မျက်လုံးတစ်လုံးက အမြင်အာရုံချို့တဲ့နေတာ ဖြစ်ပါတယ်။ ဆေးကုသစရိတ်အတွက် အိမ်တွေ ခြံတွေရောင်းပြီး အစွမ်းကုန် ကြိုးစားကုခဲ့ပေမဲ့ သိန်း ၃၀၀ ၊ ၄၀၀ ပုံအောပြီး ကုသဖို့ အတွက် ငွေကြေးမတတ်နိုင် ဖြစ်နေခဲ့ပါတယ်။

ကို အံ့မင်းညိုရဲ့ ဗီဒီယိုဖိုင်လေးကို တွေ့ပြီး အကူအညီပေးမယ်လို့ ကမ်းလှမ်းလာသူကတော့ ခေတ်သစ်ဖောင်ဒေးရှင်းပဲ ဖြစ်ပါတယ်။ အနုပညာလောကသားချင်းမို့ ကိုလင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက ကူညီဖို့ အသင့်ရှိသလို ဖောင်ဒေးရှင်းဘက်က မတတ်နိုင်တာရှိရင်လည်း ကိုယ်ပိုင် ပိုက်ဆံနဲ့ စိုက်ထုတ် ကူညီပေးသွားမှာ ဖြစ်ပါတယ်။

ကိုအံ့မင်းညိုကို သွားရောက်တွေ့ဆုံ ဖြစ်ခဲ့တဲ့ အကြောင်း ချစ်သုဝေက ခုလို ပြောပြပါတယ်။“မမတို့ သွားပြောတဲ့ အချိန်ကတည်းက ကိုအံ့မင်းညိုက ကုချင်နေတာ။ သူက ကုမှာ။ သူက အဖေလေ။ အဖေဆိုတာက ကူညီမယ့်သူ ဘယ်သူ့ကို ဖြစ်ဖြစ် welcome လုပ်မှာပဲ။ လက်မခံချင်လို့ မဟုတ်ဘူး။ ကို အံ့မင်းညို က မန္တလေးမှာ နေတယ်။ ပြီးတော့ သမီးလေး ကျောင်းက ခွင့်ယူရမယ်။ စာမေးပွဲနီးနေပြီဆိုတော့ ထွက်လာလို့ မရဘူး။ အဲ့ဒါတွေ ညှိနှိုင်းပြီးတော့ လုပ်မယ်။ မမတို့ကလည်း ကိုအံ့မင်းညို ချက်ချင်းလာတိုင်းလည်း ဒီဘက်မှာ လနဲ့ချီ စောင့်ရတာတွေရှိတယ်။ မထရီဇာတို့ဘက်ကလည်း ကလေးက ခွင့်ယူပြီးလာတဲ့အချိန် ဒီဘက်က team အနေနဲ့ လုပ်ပေးလို့ရမယ့်နေ့ ကြားခံအနေနဲ့ ညှိပေးရတဲ့ အချိန်လေး ဖြစ်တယ်။” လို့ ဆိုပါတယ်။

သမီးလေးကို ဗန်းပြပြီး အလှူခံတယ်လို့ ထင်မှာစိုးတဲ့အပေါ် ချစ်သုဝေက ခုလို ပြောပြပါတယ်။

“ကိုအံ့မင်းညိုက အဲ့ဒါလေးကို အရမ်းစိုးရိမ်နေရှာတာ။ ဒါကတော့ မိဘတွေရဲ့ စိုးရိမ်မှု တစ်ခုပေါ့။ လူဆိုတာကလည်း မျိုးစုံရှိတယ်။ ကိုယ်ဖြတ်သန်း ကိုယ်တွေ့ကြုံရ ကိုယ်ခံစားရတာလောက်ပဲ တွေးတယ် မြင်တယ် ပြောကြတယ်။ ဒါကတော့ မမတောင် သိပ်ခေါင်းထဲ ထည့်စရာမလိုဘူးထင်တယ်။ လောကမှာနေရင် ကိုယ်ယူတဲ့ ကုသိုလ်က ကုသိုလ်ဖြစ်မှာပဲ။ ကိုယ်ယူတဲ့ အကုသိုလ်က အကုသိုလ် ဖြစ်မှာပဲ။ အဲ့တော့ ကိုအံ့မင်းညိုကို ပြောရတယ်။ လှူချင်တဲ့သူတွေက သဒ္ဓါလို့ လှူတာ အကိုရယ်ယူပါ။ သိပ်ပြီးတော့ ခေါင်းထဲမှာ တွေးမနေပါနဲ့လို့ ပြောရတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ပရိသတ်တွေကတော့ စိတ်ထားကောင်းပြီး မွန်မြတ်တဲ့ အလှူဒါနကို ဆောင်ရွက်ပေးနိုင်တဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကို ကျေးဇူးတွေ အထပ်ထပ် တင်မိနေတာ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

[UNICODE FONT]

Comments are closed.