စနှိုက်ကျော်မမတွေ ကို တစ်ခါသုံးခွက်နဲ့ ဒဲ့ဖဲ့လိုက်တဲ့ ချမ်းချမ်း
စနှိုက်ကျော်မမတွေ ကို တစ်ခါသုံးခွက်နဲ့ ဒဲ့ဖဲ့လိုက်တဲ့ ချမ်းချမ်း
သင်သတိထားမိလား?
[UNICODE FONT]
အဆိုတော် ချမ်းချမ်းကတော့ အိမ်ထောင်ရေးမှာ အထိနာထားတဲ့ ကျားပီပီ တစ်ချိန်ချိန်မှာတော့ ဂျက်ကောင်းတွေ့ရင် ပြန်တွယ်မယ်လို့ ထင်ထားတဲ့အတိုင်းပဲ ခုတော့ဖြစ်လာပါပြီ။ သူတစ်ပါးအိမ်ထောင်ရေးကို စနှိုက်ကျော်တဲ့ အမျိုးသမီးတွေကိုဥပမာကောင်းကောင်းပေးပြီးတော့ကို ချမ်းချမ်းက ဖဲ့လိုက်တာပါ။
ချမ်းချမ်းကသူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဘယ်လိုမျိုးရေးသားထားလဲဆိုတော့-
ဖတ်ကြည့်ကျမရဲ့accထဲမှာအိမ်ထောင်သည်အမျိုးသမီးတွေများတယ်။ သမီးလေးကျောင်းကသူငယ်ချင်းမေမေတွေလဲ ပါတယ်။တချို့မေမေတွေကမေးကြတယ်။ သူတို့ယောကျ်ားတွေကို သူတို့တန်ဖိုးသိအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ တိုင်ပင်ကြတယ်။ တချို့လဲ ကိုယ့်ကိစ္စကိုရှက်လို့ အပြင်ပေးမသိပေမဲ့ အရမ်းခံစားနေရလို့ ကျမကိုရင်ဖွင့်ကြတယ်။ ကျမပြောချင်တာက တန်ဖိုးနှစ်ခုကိုယှဉ်ပြချင်တာပါ။ ဘယ်သူ့ကိုမှထိခိုက်လိုခြင်းမရှိပါဘူး။
ကဲ. .စပီနော် ကျမကမယားကြီးတွေကို တန်ဖိုးကြီးတဲ့ ကြွေပန်းကန်လို့ သတ်မှတ်လိုက်မယ်။ ဒီခေတ်စနိုက်ကြော်မမတွေကို တခါသုံးပလတ်စတစ်ခွက်လို့ သတ်မှတ်ပြီး ဥပမာပေးမယ်နော်။ အိမ်တစ်အိမ်မှာ ဧည့်ကောင်းဆောင်ကောင်းရောက်လာရင် ဘယ်သူမှတခါသုံး ခွက်နဲ့ချပြီး ဧည့်မခံပါဘူး။ အိမ်မှာရှိတဲ့ တန်ဖိုးကြီး ကြွေထည်တွေကို ထုတ်သုံးကြတာပါ။
ကဲဒါဆို ကျမတို့မိန်းမတွေက အရေးကြီးတဲ့ပွဲတွေကိစ္စ တွေမှာ မရှိမဖြစ် အိမ်ကအိမ်ဦးနတ်တွေ ထုတ်သုံးရတဲ့ ကြွေပန်းကန်ဆိုရင် မမှားပါဘူး။ ဒါကြောင့် စိတ်ဓာတ်မကျဖို့ သိပ်အရေးကြီးတယ်။ သင်ကကြွေထည် တခါတရံ ဒီဇိုင်းတမျိုးပဲရှိတယ် ဆင်တူမရှိဘူး ဂုဏ်ယူလိုက်ပါ။ တခါတလေ လူတွေအပျင်းပြေ လမ်းဘေးစာတွေ စားကြတယ်မဟုတ်လား။ ဘယ်ဆိုင်မှကြွေထည်အကောင်းစားတွေနဲ့ ထည့်မပေးလိုက်ဘူး။ တစ်ခါသုံး ပလတ်စတစ်အိတ် ပန်းကန်တွေနဲ့ပဲ ထည့်ပေးကြတယ်လေ။
သင်သတိထားမိလား?
ဒါကြောင့်ဘဝမှာ သူတို့အပျင်းပြေထွက်စားတဲ့အပေါစားခွက်နဲ့ သူတို့အိမ်ကကြွေထည်ကို ဘယ်တော့မှလဲမှာမဟုတ်ဘူး။
ကျွန်မပြောချင်တာဒါပါပဲ။ မိန်းကလေးတွေ အိမ်ထောင်ရှိပြီးသား ယောကျ်ားတွေကို စနိုက်ကြော်နေတာ ကိုယ့်တန်ဖိုးကိုယ်သတ်မှတ်တာပဲလို့ အမကတော့ ပြောချင်တယ်။ ကိုယ်ကတခါသုံး ပလတ်စတစ်လွှင့်ပစ်ခံရမယ့် ခွက်ဖြစ်ချင်လား? တန်ဖိုးကြီး ကြွေထည်အဖြစ်နဲ့ ကိုယ်ချစ်တဲ့ အိမ်ဦးနတ်အတွက်နေမလား စဉ်းစားပေါ့ကွယ်။ အပြင်စာကများများစားရင် ရောဂါရတတ်တယ်။ B ပိုး Cပိုး . .အဲ. နောက်ဆို AIDS ပိုးပါပါလာတတ်တယ်။ ကဲအိမ်ထောင်ရှင်မမတွေသိထားဖို့က ကျွန်မတို့က ဒီဇိုင်းဆင်တူ မရှိတဲ့ ကြွေထည်ပစ္စည်းတွေပဲ။ နှိုက်မြည်းခံတဲ့ စနှိုက်ကြော်မမတွေကတော့ သူတို့က တခါသုံးခွက်ဆိုတာ မသိသေးလို့ နေပါလိမ့်မယ်။
တစ်နေ့တာအလုပ်တွေ လုပ်ရင်း ပင်ပန်းနေတဲ့ မေမေတွေအတွက် တန်ဖိုးတခု မြှင့်တင်ပေးချင်တဲ့ သဘောပါပဲ. . .အော် . .မေ့လို့ . အိမ်ဦးနတ်ကကြွေထည်ကို မကြိုက်လို့ စွန့်ခဲ့ရင်တောင် မျက်နှာမငယ်ရဘူးသိလား။ တန်ဖိုးသိတဲ့လူ ကယူသွားရော. .ပါသွားမှအသိ နောက်ကျမယ် အိမ်ဦးနတ်တွေရေ ဒါပေမဲ့ တခါသုံးခွက်တွေကိုတော့ဘယ်သူမှ ပြန်ဆေးပြီး မသုံးကြ မသိမ်းကြပါဘူးကွယ်။” ဆိုပြီးရေးထားတာပါ။
ဘယ်သူ့ကိုမှ မရည်ရွယ်ဘဲ ရေးထားတာဆိုပေမဲ့ သုံးနှုန်းသွားတဲ့ စကားလုံးတွေရဲ့ အတိမ်အနက်တွေကို တစ်ယောက်သောသူကတော့ နားလည်လိမ့်မယ်ထင်ပါတယ်။
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
Comments are closed.