စစ်အာဏာရှင်ကို‌ တော်လှန်ဖို့အတွက် တောတွင်းစစ် မြေပြင်တစ်‌‌နေရာရောက်ရှိနေတဲ့ အောင်ဆန်းရုပ်ရှင်မှ ဗိုလ်ချုပ် ဇာတ်ကောင် ကျော်ကျော်မျိုး

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ပြည်သူတွေက ကိုယ်ယုံကြည်ရာလမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ် ။ ဓမ္မဘက်က ရပ်တည်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကတော့ အာဏာရှင်ကိုဆန့်ကျင်တဲ့အနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါ တယ် ။

အရေးတော်ပုံကြီးအတွင်း ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်လာကြသူတွေထဲမှာ ကျောင်းဆရာ ၊ ဆရာဝန်နဲ့ အစိုးရဝန် ထမ်းတွေအပြင် အမျိုးမျိုးသော ပြည်သူ့ဝန်ထမ်းတွေလည်း CDM ပြုလုပ်ပါဝင်လာကြတာ တွေ့ရပါတယ်။

အခုလည်း ဗိုလ်ချုပ်ရုပ်ရှင်မှာ ဗိုလ်ချုပ်နေရာမှပါဝင်သရုပ်ဆောင်သော ဘောလုံးသမားလေး ကျော်ကျော်မျိုး ကတော့ စစ်အာဏာရှင် တော်လှန်ရေးတွင်ပါဝင်…တိုက်ခိုက်ဖို့ ကြိုးပမ်း‌ေနတာပဲ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှာ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် ကြိုးစားပါဝင်နေပါတယ်။ ယုံကြည်တဲ့လမ်းကို လျှောက်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေတာပဲဖြစ်ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရဲ့အဓိကဇာတ်ဆောင်နေရာ (ဗိုလ်ချုပ်ဇာတ်ရုပ်)မှာ သရုပ်ဆောင်မယ့် ကမ္ဘောဇ FC ဘောလုံးအသင်း အားကစား သမား ကျော်ကျော် မျိုးကတော့ သူဝါသနာပါပြီး လစာကောင်းတာကိုတောင် စွန့်လွှတ်ကာဗိုလ်ချုပ်ရုပ်ရှင် ရိုက်ဖို့အတွက် ရွေးချယ်ခဲ့သူတ စ်ဦး ဖြစ်ပါတယ်။

Advertisement

ကျော်ကျော်မျိုးဟာ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအတွက် လိုအပ်တဲ့ သရုပ်ဆောင်သင်တန်း၊ စစ်သင် တန်း တို့ကို တက်ရောက် သင်ကြားကာ ဗိုလ်ချုပ်ရုပ်ရှင်အတွက် စိတ်နှစ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပတ္တိကို ပြန်လည် ရိုက်ကူး သည့် အောင်ဆန်းရုပ်ရှင်ကို ဒါရိုက်တာလူ မင်း ကဦးဆောင်ရိုက်ကူးခဲ့တာဖြစ်ပြီး စစ်အာဏာသိမ်းပီုးနောက်ပိုင်းမှာတော့ စစ်ကောင်စီက ရုပ်ရှင်ထုတ်လုပ်ရေးကို ဆက်လုပ်ဖို့ ကြိုး ပမ်းနေတယ်လို့သိရပါတယ်။နောက်ဆုံးအဆင့် လက်စသတ်နေတဲ့အဆင့်လို့ ကြားသိရပြီး ဒါရိုက်တာလူမင်းမပါဘဲ ဆက်လက်ထုတ်လုပ်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယိနော်။

အဆိုပါ ရုပ်ရှင်တွင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် နန်းဇာခြည်လင်း၊ ရဲအောင်၊ ရန်အောင်၊ မိုးဟေကို၊ နိုင်းနိုင်း၊ ခန့်စည်သူ၊ ကျော်ကျော်၊ ညိုမင်းလွင် စတဲ့ အနုပ ညာရှင်၊ အတတ်ပညာရှင်တွေများစွာနဲ့ ရို က်ကူးခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ဖြစ်စဉ်ကို ရုပ်ရှင်အဖြစ် မှတ်တမ်းတင်ခြင်း ဖြင့် သမိုင်းအထောက်အထား တစ်ခု ကျန်ရစ်စေရန်၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ ရိုးသားဖြောင့်မတ်မှု၊ သစ္စာရှိမှု၊ သတ္တိရှိမှု၊ အများအကျိုး အတွက် ကို ယ်ကျိုးစွန့်မှု အစရှိသည့် ကောင်းမြတ်သည့်

Advertisement

ဂုဏ်အင်္ဂါ အရည် အသွေးများကို မျိုးဆက်သစ်များက သိရှိနားလည်ပြီး အတုယူ အားကျစေ ရေး တင်ဆက်ပေးနိုင်ရန် ၊ ဗိုလ်ချုပ် နှင့် တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို တန်ဖိုးထားပြီး အဓွန့်ရှည်

တည်တံ့ ရေးကို ထိန်းသိမ်းနိုင်ရန်စသည့် လုပ်ငန်းရည်မှန်းချက် သုံးရပ်ဖြင့် အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူး ခဲ့ခြင်းဖြစ်ကြောင်း သိရ ပါတယ်။

အခုလိုမျိုး ပြည်သူတွေဘက်ကနေရှိပေးကြတဲ့ ဗိုလ်ချုပ်ရုပ်ရှင်မှ သရုပ်ဆောင် ကျော်ကျော်မျိုးကို ပြည်သူတွေကလည်း အရမ်းလေးစားနေ ကြ တာဖြစ်ပါတယ်။ဒီကာလမှာ ပြည်သူတွေကို ပြည်သူကသာလျှင် ပြန်ကူညီကြပြီး အချင်းချင်းဖေးမပေးနေကြတာဖြစ်ပါတယ်။

လူတိုင်းက တာဝန်ကိုယ်စီကို ကျေပွန်အောင်ဆောင်ရွက်ကြပြီး တစ်ထောင့်တစ်နေရာကနေပါဝင်ကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း တော ထဲမှာလေ့ကျင့်ရေးဆင်းနေတဲ့ ကျော်ကျော်မျိုးရဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Advertisement

News feed Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*