ေနာက္ဆို ေကာ္ပီမေရးေတာ့ဘူးဆုိတဲ့ ထက္ျမက္ႏုိင္ဇင္

ေနာက္ဆို ေကာ္ပီမေရးေတာ့ဘူးဆုိတဲ့ ထက္ျမက္ႏုိင္ဇင္

အေရးအသားပုိင္းေတြေကာင္းမြန္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈကုိ ရ႐ွိထားသလုိ ႐ုပ္႐ွင္ ဇာတ္ၫႊန္းေပါင္းမ်ား ဗီဒီယုိ ဇာတ္ၫႊန္းေပါင္းမ်ားစြာကုိ ေရးသားထားတဲ့ စာေရးဆရာမ ထက္ျမက္ႏုိင္ဇင္ကေတာ့ သူေရးထားတဲ့ ထာဝရထက္ႏွစ္ဆဆုိတဲ့ ႐ုပ္႐ွင္ဇာတ္ကားႀကီးက ေကာ္ပီလုိ႔ ေဝဖန္ေနၾကလုိ႔ ေနာက္ဆုိ ေကာ္ပီ မေရးေတာ့ဘူးလုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ထာဝရထက္နွစ္ဆ ႐ုပ္႐ွင္ကားကုိ ေဝဖန္ေနတာနဲ႔ ပတ္သက္ျပီး စာေရးဆရာမ ထက္ျမက္ႏုိင္ဇင္က “ကြၽန္မကုိ ဒါေလးေရးေပးပါဆုိၿပီးေတာ့ အပ္တယ္။ အပ္ေတာ့ ကြၽန္မၾကည့္လုိက္တယ္ ၾကည့္လုိက္ေတာ့ ဒီအတုိင္းေတာ့ မလုပ္ခ်င္ဘူးေပါ့။ ဒါကေတာ့ ဇာတ္ၫႊန္းေရးတဲ့ လူတစ္ေယာက္အေနနဲ႔ေရာ အႏုပညာသမားတစ္ေယာက္အေနနဲ႔ေရာ သူမ်ားဟာကုိ ဒီအတုိင္း scene by scene ကူးဖုိ႔ေတာ့ လုံးဝ မဝံ့ရဲပါဘူး။ အဲ့ေတာ့ ကြၽန္မေျပာင္းမယ္ ေျပာင္းၿပီးေတာ့ ေခါင္းစဥ္ေလးက မွတ္မွတ္ရရပါပဲ တိမ္ေတြျပဳိလုိ႔ငုိတဲ့မုိး အဲ့လုိေလး ေခါင္းစဥ္ေလးေပးၿပီးေတာ့ ဒီဟာေလးနဲ႔ မတူတဲ့ တစ္ခုကုိ ေပးလုိက္တယ္ေပါ့။ ေပးလုိက္ေတာ့ သူက ဘာေျပာလဲဆုိေတာ့ ဒါ႐ုိက္တာက ေျပာတယ္ ဒါကဦးတုိ႔ လုိခ်င္တာနဲ႔ နည္းနည္းကြာေနတယ္တဲ့ ကြာမွာေပါ့လုိ႔ မတူေတာ့ဘူး မတူတဲ့ တစ္ဇာတ္ ျဖစ္သြားတာကုိ။ မတူေတာ့ဘူးဆုိေတာ့ ေအာ္ဟုတ္တယ္ တူေတာ့မတူေတာ့ဘူး မတူေအာင္ သမီးက အားထုတ္ထားတာ။

ေျပာေတာ့ သူက ဘာမွမေျပာဘူး ၂ရက္၃ရက္ ကြၽန္မလည္း ဒီအတုိင္းထားလုိက္တယ္။ Alternative thinking လုိပုံစံမ်ိဳးေလးပဲ ကြၽန္မသူ႔ရဲ႕ ကာ႐ုိက္တာေလးကုိ ဖန္တီးၿပီးေတာ့ စကားလုံးေလးေတြကုိလည္း အဲ့လုိပဲ ေရးထားတယ္။ လမ္းေဘးစကား လုံးဝမပါဘူး။ အဲ့အခါမွာ တစ္ခ်ိဳ႕လူေတြက ဟာ.. အထဲကဒုိင္ယာေလာ့ေတြနဲ႔ တူတယ္လုိ႔။ မျပခင္အခ်ိန္တုန္းက ေျပာၾကတယ္ေပါ့ေနာ္။ ေနာက္ၿပီးက်ေတာ့ ငါေရးတာေတာ့ မတူဘူး ဘယ္လုိမ်ိဳးျမန္း တူေနသလဲေပါ့ေနာ္။ ႐ုိက္ၫႊန္းေတာ့ ႐ွိတယ္ သူတုိ႔မ်ား ေျပာင္းပစ္သလားေပါ့။ အဲ့လုိစဥ္းစားပါတယ္ ေနာက္ေတာ့ တကယ့္တကယ္ သြားၾကည့္တဲ့ အခါၾကေတာ့ တစ္ျခားလူေတြကလည္း ေျပာပါတယ္။ အထဲက စကားေတြက မတူပါဘူးလုိ႔ ေျပာပါတယ္။ အဲ့အတြက္ ကြၽန္မ အဲ့လုိေလး Feedback ျပန္ရေတာ့လည္း နည္းနည္း ေက်နပ္ပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဒီလုိမ်ိဳး ေကာ္ပီေတြ ဆက္ၿပီးေတာ့ ေရးဖုိ႔႐ွိေသးလားလုိ႔ ေမးျမန္းရာ “အႏုပညာနယ္ပယ္မွာ အားလုံးသိပါတယ္ အလုပ္အကုိင္ဆုိတာ အရမ္းႀကီး ေပါေနတဲ့ ဟာမဟုတ္ပါဘူး။ အလုပ္အကိုင္႐ွားပါတယ္ အဲ့အတြက္ ကြၽန္မကေတာ့ ဒီေကာ္ပီကားမို႔လုိ႔ မေရးဖူးတုိ႔ ဘာတုိ႔ ျငင္းမွာ မဟုတ္ဘူး။ ဒါေပမဲ့ အခု ျပန္သိရတဲ့ ခံစားခ်က္ေပါ့ေနာ္ ငါကေတာ့ အဲ့လုိမလုပ္ဖူးလုိ႔ စဥ္းစားထားတယ္။ ဒါေပမဲ့ ျပန္သိရတဲ့ အခါမွ အဲ့ဒီက ရတဲ့ အက်ိဳးထက္ လူေတြက ေျပာလာတဲ့ ဆဲဆုိလာတဲ့ အသုံးအႏႈန္းေတြကုိ ကြၽန္မ ပုိၿပီးမခံႏုိင္ပါဘူး။ အဲ့တာေၾကာင့္ ေနာက္ဆုိရင္ ကြၽန္မေကာ္ပီကားမေရးေတာ့ဘူးလုိ႔ ဆုံးျဖတ္ခ်က္ခ်ထားတယ္။”လုိ႔ ထက္ျမက္ႏုိင္ဇင္က ေျပာသြားခဲ့ပါတယ္။

ေနာက္ထြက္မယ့္စာအုပ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ထက္ျမက္ႏုိင္ဇင္က “ေနာက္မွာ ကြၽန္မ ထုတ္ဖုိ႔႐ွိပါတယ္ ဝတၳဳလုံးခ်င္းအေနနဲ႔ ၃အုပ္႐ွိပါတယ္။ မုန္တုိင္းသုိဖိတ္စာ၊ ပင္လယ္မွာ စံပယ္ေတြပြင့္လုိ႔၊ ေနာက္တစ္ခုက စြန္။ အဲ့ဝတၳဳလုံးခ်င္း၃အုပ္ ေရးလည္း ေရးၿပီးၿပီ။ စာမူေတြလည္း ႐ွိေနပါၿပီ။ ေနာက္တစ္ခုကက်ေတာ့ ဝတၳဳတုိစုစည္းမႈတစ္အုပ္ပါ အဲ့တာေလးေတြ ထြက္ဖုိ႔႐ွိပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

အရေးအသားပိုင်းတွေကောင်းမွန်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသလို ရုပ်ရှင် ဇာတ်ညွှန်းပေါင်းများ ဗီဒီယို ဇာတ်ညွှန်းပေါင်းများစွာကို ရေးသားထားတဲ့ စာရေးဆရာမ ထက်မြက်နိုင်ဇင်ကတော့ သူရေးထားတဲ့ ထာဝရထက်နှစ်ဆဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးက ကော်ပီလို့ ဝေဖန်နေကြလို့ နောက်ဆို ကော်ပီ မရေးတော့ဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ထာဝရထက်နှစ်ဆ ရုပ်ရှင်ကားကို ဝေဖန်နေတာနဲ့ ပတ်သက်ပြီး စာရေးဆရာမ ထက်မြက်နိုင်ဇင်က “ကျွန်မကို ဒါလေးရေးပေးပါဆိုပြီးတော့ အပ်တယ်။ အပ်တော့ ကျွန်မကြည့်လိုက်တယ် ကြည့်လိုက်တော့ ဒီအတိုင်းတော့ မလုပ်ချင်ဘူးပေါ့။ ဒါကတော့ ဇာတ်ညွှန်းရေးတဲ့ လူတစ်ယောက်အနေနဲ့ရော အနုပညာသမားတစ်ယောက်အနေနဲ့ရော သူများဟာကို ဒီအတိုင်း scene by scene ကူးဖို့တော့ လုံးဝ မဝံ့ရဲပါဘူး။ အဲ့တော့ ကျွန်မပြောင်းမယ် ပြောင်းပြီးတော့ ခေါင်းစဉ်လေးက မှတ်မှတ်ရရပါပဲ တိမ်တွေပြိုလို့ငိုတဲ့မိုး အဲ့လိုလေး ခေါင်းစဉ်လေးပေးပြီးတော့ ဒီဟာလေးနဲ့ မတူတဲ့ တစ်ခုကို ပေးလိုက်တယ်ပေါ့။ ပေးလိုက်တော့ သူက ဘာပြောလဲဆိုတော့ ဒါရိုက်တာက ပြောတယ် ဒါကဦးတို့ လိုချင်တာနဲ့ နည်းနည်းကွာနေတယ်တဲ့ ကွာမှာပေါ့လို့ မတူတော့ဘူး မတူတဲ့ တစ်ဇာတ် ဖြစ်သွားတာကို။ မတူတော့ဘူးဆိုတော့ အော်ဟုတ်တယ် တူတော့မတူတော့ဘူး မတူအောင် သမီးက အားထုတ်ထားတာ။

ပြောတော့ သူက ဘာမှမပြောဘူး ၂ရက်၃ရက် ကျွန်မလည်း ဒီအတိုင်းထားလိုက်တယ်။ Alternative thinking လိုပုံစံမျိုးလေးပဲ ကျွန်မသူ့ရဲ့ ကာရိုက်တာလေးကို ဖန်တီးပြီးတော့ စကားလုံးလေးတွေကိုလည်း အဲ့လိုပဲ ရေးထားတယ်။ လမ်းဘေးစကား လုံးဝမပါဘူး။ အဲ့အခါမှာ တစ်ချို့လူတွေက ဟာ.. အထဲကဒိုင်ယာလော့တွေနဲ့ တူတယ်လို့။ မပြခင်အချိန်တုန်းက ပြောကြတယ်ပေါ့နော်။ နောက်ပြီးကျတော့ ငါရေးတာတော့ မတူဘူး ဘယ်လိုမျိုးမြန်း တူနေသလဲပေါ့နော်။ ရိုက်ညွှန်းတော့ ရှိတယ် သူတို့များ ပြောင်းပစ်သလားပေါ့။ အဲ့လိုစဉ်းစားပါတယ် နောက်တော့ တကယ့်တကယ် သွားကြည့်တဲ့ အခါကြတော့ တစ်ခြားလူတွေကလည်း ပြောပါတယ်။ အထဲက စကားတွေက မတူပါဘူးလို့ ပြောပါတယ်။ အဲ့အတွက် ကျွန်မ အဲ့လိုလေး Feedback ပြန်ရတော့လည်း နည်းနည်း ကျေနပ်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဒီလိုမျိုး ကော်ပီတွေ ဆက်ပြီးတော့ ရေးဖို့ရှိသေးလားလို့ မေးမြန်းရာ “အနုပညာနယ်ပယ်မှာ အားလုံးသိပါတယ် အလုပ်အကိုင်ဆိုတာ အရမ်းကြီး ပေါနေတဲ့ ဟာမဟုတ်ပါဘူး။ အလုပ်အကိုင်ရှားပါတယ် အဲ့အတွက် ကျွန်မကတော့ ဒီကော်ပီကားမို့လို့ မရေးဖူးတို့ ဘာတို့ ငြင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု ပြန်သိရတဲ့ ခံစားချက်ပေါ့နော် ငါကတော့ အဲ့လိုမလုပ်ဖူးလို့ စဉ်းစားထားတယ်။ ဒါပေမဲ့ ပြန်သိရတဲ့ အခါမှ အဲ့ဒီက ရတဲ့ အကျိုးထက် လူတွေက ပြောလာတဲ့ ဆဲဆိုလာတဲ့ အသုံးအနှုန်းတွေကို ကျွန်မ ပိုပြီးမခံနိုင်ပါဘူး။ အဲ့တာကြောင့် နောက်ဆိုရင် ကျွန်မကော်ပီကားမရေးတော့ဘူးလို့ ဆုံးဖြတ်ချက်ချထားတယ်။”လို့ ထက်မြက်နိုင်ဇင်က ပြောသွားခဲ့ပါတယ်။

နောက်ထွက်မယ့်စာအုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ထက်မြက်နိုင်ဇင်က “နောက်မှာ ကျွန်မ ထုတ်ဖို့ရှိပါတယ် ဝတ္ထုလုံးချင်းအနေနဲ့ ၃အုပ်ရှိပါတယ်။ မုန်တိုင်းသိုဖိတ်စာ၊ ပင်လယ်မှာ စံပယ်တွေပွင့်လို့၊ နောက်တစ်ခုက စွန်။ အဲ့ဝတ္ထုလုံးချင်း၃အုပ် ရေးလည်း ရေးပြီးပြီ။ စာမူတွေလည်း ရှိနေပါပြီ။ နောက်တစ်ခုကကျတော့ ဝတ္ထုတိုစုစည်းမှုတစ်အုပ်ပါ အဲ့တာလေးတွေ ထွက်ဖို့ရှိပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.