အကယ်ဒမီနဲ့ ပတ်သက်ပြီး ရင်ခုန်မှုကို ပြောပြခဲ့တဲ့ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့်
အကယ်ဒမီနဲ့ ပတ်သက်ပြီး ရင်ခုန်မှုကို ပြောပြခဲ့တဲ့ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့်
Credit-ပေါ်ပြူလာ
[UNICODE FONT]
ဇာတ်ရုပ်မျိုးစုံကိုပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး သူ့ရဲ့ ချစ်စရာ အမူရာတွေကြောင့် ဆယ့်စုနှစ်တစ်ခုကျော် ပရိ သတ်ချစ်ခင်အားပေးမှုကိုရရှိထားသူကတော့ ထပ် ဆင့်အကယ်ဒမီ သက်မွန်မြင့်ပါ။ အောင်မြင် မှုကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ သူ့ကိုရုပ် ရှင်လောကရဲ့ တိုးတက်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။
”ပရိသတ်တွေလည်း ရုပ် ရှင်ကြည့်လာတာများတယ်။ Video ဈေးကွက်ပျက် သွားတာလည်း ပါမယ်ပေါ့။ အခု မြန်မာ့ရုပ်ရှင်မှာ ရုပ် ရှင်ကားကောင်းတွေ ထွက် ပြီဖြစ်တဲ့အတွက် ရုပ်ရှင် မကြည့် ဘူးဆိုတဲ့သူတွေ လည်း တော်တော်များများ ရုပ်ရှင်ကြည့်လာကြတဲ့ အပေါ်မှာ မူတည်ပြီးလည်း ဇာတ်ကားကောင်းတွေ ထွက်လာတာပေ့ါ။ ရုပ်ရှင် လောကလည်း အများကြီး ပြောင်းလဲလာပါတယ်။ တစ် ခေတ်နဲ့ တစ်ခေတ် မတူဘူးပေါ့။ ပြောင်းလဲလာ တယ်ဆိုတာကလည်း တိုးတက်မှုဖြစ်တဲ့တွက် ဝမ်းသာပါတယ်” လို့ပြောပြခဲ့ပါတယ်။
ရုပ်ရှင်လောကသားတွေနဲ့ ရုပ်ရှင်ချစ်ပရိ သတ်များ ရင်ခုန်စောင့်မျှော်လျက်ရှိတဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲလည်း မကြာခင်ကျင်းပတော့မှာဖြစ်တဲ့ အတွက် အကယ်ဒမီနဲ့ပတ်သက်ပြီး ရင်ခုန်နေပြီလားလို့ မေးမြန်း ဖြစ်ခဲ့ပါတယ်။
”ဒီနှစ်မှာအကယ်ဒမီနဲ့ပတ်သက်ပြီး သက်မွန်အတွက်ကတော့ ရင်ခုန်စရာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ အနုပညာမောင်နှမတွေ အတွက်တော့ တော်တော်ရင်ခုန်စရာကောင်းမှာပါ။ ဘာလို့လဲဆို တော့ ဒီနှစ် ၂ဝ၁၈ ခုနှစ်က ဇာတ်ကားကောင်းတွေလည်း အများ ကြီးရှိတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း လုံးဝ ပီပီပြင်ပြင် သရုပ်ဆောင်ထားကြတယ်။ အဲဒီတော့တော်တော် ရင်ခုန်စရာ ကောင်းမှာပါ” လို့ပြောပြခဲ့ပါတယ်။
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
Credit-ပေါ်ပြူလာ
Comments are closed.