ဘီယာသောက်ခြင်းကြောင့် ရရှိလာမယ့်အကျိုးကျေးဇူးများ

ဘီယာသောက်ခြင်းကြောင့် ရရှိလာမယ့်အကျိုးကျေးဇူးများ

ဘီယာ ဆိုတဲ့စကားလုံးကိုကြားတာနဲ့ ဗိုက်ပူပူ ထိပ်ပြောင်ပြောင်တွေကို ပြေးမြင်မိမှာပါ။
ဒါပေမယ့် ဘီယာမှာလည်း တကယ့်ကို ကောင်းတဲ့ အကျိုးကျေးဇူးတွေရှိနေပါသေးတယ်။
ဘာတွေလဲဆိုတာကိုကြည့်လိုက်ရအောင်

၁- ဘီယာဟာ ဆံပင်တွေကို သန်မာစေပါတယ်

ဘီယာမှာပါဝင်တဲ့ ဗိုက်တာမင် ဘီ နဲက စီလီကွန်ဒြပ်ပေါင်းဟာ ဆံပင်သန်စွမ်းမှုကို တွန်အားပေးပါတယ်။ ဘီယာတစ်ခွက်လောက် သင့်ခေါင်းပေါ်လောင်းချပြီး ငါးမိနစ်လောက် နှပ်ထားကာ ရေနဲ့ဆေးလိုက်မယ်ဆိုရင် သင့်ဆံပင်တွေဟာ အရင်ထက်ကို ပိုတောက်ပလာမှာပါ။

၂- အသားအရေကို တင်းရင်းချောမွတ်စေတယ်

ဘီယာမှာ အသားအရေအိုမင်းရင့်ရော်ခြင်းကိုဖြစ်စေတဲ့ Antioxidants ဓါတ်တွေပါရှိတဲ့အတွက် အသားအရေပျက်ဆီးခြင်းကိုလည်းကာကွယ်ပေးနိုင်ပါသေးတယ်။ ဘီယာမျက်နှာပေါင်းတင်မျက်နှာဖုံးပြုလုပ်ဖို့အတွက်တော့ ဘီယာတစ်ဇွန်းရယ် ၊ ကြက်ဥ အကာရယ် ၊ ဗာဒံဆီနဲနဲလောက်ရယ်ရောမွှေပေးပါ ။

၃- နှစ်ခြိုက်စွာအိပ်ပျော်စေတယ်

Hop Flower လို့ခေါ်တဲ့ ဘီယာမှာပါဝင်တဲ့ ပစ္စည်းတစ်မျိုးဟာ သဘာဝအိပ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဘီယာမသောက်ချင်ဘူးဆိုရင်လည်း ခေါင်းအုံးစွပ်ကို ဘီယာဆွတ်ထားမယ်ဆိုရင် သင့်ကိုလျင်လျင်မြန်မြန်အိပ်ပျော်သွားစေပါလိမ့်မယ်။

၎- ခြေထောက်ရောင်ရမ်းခြင်းကိုလည်းသက်သာစေပါတယ်

ဘီယာအေးအေးလေးထဲမှာ ခြေထောက်လေး ၅ မိနစ်လောက်စိမ်ထားလိုက်မယ်ဆိုရင် တစ်နေကုန်သွားလာနေရတဲ့အတွက် ခြေဖဝါးနာကျင်နေတာမျိုးတွေလျော့ပါးသွားပါလိမ့်မယ်။

၅- ဆဲလ်အသေတွေကိုဖယ်ရှားပေးတယ်

ဘီယာဟာ ဆဲလ်အသေတွေကိုဖယ်ရှားပေးနိုင်တဲ့အတွက် သင့်ဘီယာနဲ့ရေချိုးမယ်ဆိုရင်တော့ အသားအရေတွေ ဝင်းလက်တောက်ပလာမှာအမှန်ပါပဲ။

၆- ဘီယာကို ရှာလကာရည်အစားသုံးနိုင်ပါတယ်

အသားနှပ်ဖို့ရှာလကာရည်မရှိတော့တဲ့အခါ ဘီယာနဲ့ အသားကိုနှိပ်ထားလိုက်ပါ ။နောက်တစ်နေ့မနက်ရောက်ရင်တော့ နူးညံပြီး မွှေးကြိုင်နေတဲ့ အသားတွေ သင့်ကိုစောင့်ကြိုနေတာကိုတွေ့ရပါလိမ့်မယ်။

၇- ပရိဘောဂတွေကို လည်းသန့်ရှင်းတောက်ပြောင်စေတယ်

ဘီယာကို ရေမြှုပ်မှာဆွတ်ပြီး ပရိဘောဂတွေကို တိုက်ချွတ်မယ်ဆိုရင် သင့်ပရိဘောဂပစ္စည်းတွေအသစ်အတိုင်းတောက်ပါလာပါလိမ့်မယ်။

၈- အင်းဆက်တွေကိုလည်း ရှင်းနိုင်ပါသေးတယ်။

အင်းဆက်တွေရှင်းလင်းဖို့ အတွက် ဘီယာကို ဖန်ခွက်တစ်ခုထဲထည့်ပြီး အလူမီနီယံပြားအုပ်ကာ အလူမီနီယံပြားအလယ်မှာအပေါက်လေးတစ်ဖောက်ဖောက်ထားလိုက်ပါ။
ဒီအပေါက်ထဲကိုဝင်သွားတဲ့ ယင်ကောင်ကတော့ ဘယ်တော့မှပြန်ထွက်လာနိုင်မှာမဟုတ်ပါဘူး ။ ပိုးဟပ်လည်းအတူတူပါပဲ ။

၉- သတ္တုပစ္စည်းတိုင်းကိုလည်း အရောင်တက်စေပါတယ်

ဘီယာမှာပါဝင်တဲ့ အက်ဆစ်ဓါတ်ဟာ သတ္တု ချေးချွတ်နိုင်တာကြောင့် ဘယ်သတ္တုကိုမဆို အရာင်တက်စေနိုင်ပါတယ်။ ဘီယာကို အဝတ်မှာဆွတ်ပြီးမိနစ်အနည်းငယ်လောက် ပွတ်တိုက်လိုက်ရင် ဘယ်သတ္တုမဆို ပြောင်လက်သွားတာကိုသင်တွေ့ရပါလိမ့်မယ်။

၁၀- သံကြေးတက်နေတဲ့ ဝက်အူကိုချွတ်ဖို့လည်း အထောက်အကူပြုပါတယ်။

ခုနပြောခဲ့တဲ့အက်ဆစ်ဟာ သံကြေးတွေကို အလွယ်တကူစားပစ်နိုင်တဲ့ သံကြေးတက်ပြီးချွတ်မရဖြစ်နေတဲ့ ဝက်အူပေါ်ကို ဘီယာအနည်းငယ်လောင်းပေးလိုက်ရုံနဲ့ အလွယ်တကူချွတ်လို့ရသွားပါလိမ့်မယ်

Comments are closed.