TV ကြည့်ရင်း အိပ်ပျော်သွားလေ့ရှိတဲ့ သူတွေခံစားရတဲ့ ဆိုးကျိုးများအကြောင်း သိကောင်းစရာ
TV ကြည့်ရင်း အိပ်ပျော်သွားလေ့ရှိတဲ့ သူတွေခံစားရတဲ့ ဆိုးကျိုးများအကြောင်း သိကောင်းစရာ
[Unicode]
တီဗီကြည့်ရင်းအိပ်ပျော်သွားတာမျိုး လူတိုင်းနီးပါးကြုံဖူးကြမှာပါ ။တစ်နေကုန်အလုပ်ပင်ပန်းလာပေမယ့် ကိုယ်သဘောကျတဲ့ဇာတ်လမ်းတစ်ခုဖြစ်နေတဲ့အတွက် ကြည့်နေရင်း အိပ်ပျော်သွားတာမျိုးဖြစ်တတ်ပါတယ် ။ ညလယ်ခေါင်ကြီး ရုတ်တရက် လန့်နိုးလာတဲ့အခါ ငါဘယ်ရောက်ပါလိမ့်ဆိုတဲ့အတွေးတစ်ခုနဲ့ လန့်နိုးလာတာမျိုး ကြံုဖူးမှာပါ ။ဒီတော့ တီဗီကြည့်ရင်း အိပ်ပျော်သွားတာက အကျိုးမရှိဘူးလား ။ တီဗီလည်းကြည့်ရ အိပ်ရေးလည်းဝတယ်လေ ။
ဒီလိုတွေးနေတဲ့သူတွေအတွက် ဘယ်လိုဆိုးကျိုးတွေရှိလာမလဲဆိုတာ အခုပဲပြောပြသွားတော့မှာပါ ။ကျွန်တော်တို့လူသားတွေဟာ အမှောင်ထဲမှာ အိပ်စက်အနားယူဖို့ ပုံစံထုတ်ထားတာပဲဖြစ်ပါတယ် ။
နေထွက်လာတဲ့အချိန်မှာ မျက်ခွံအောက်မှာရှိနေတဲ့ အလင်းအာရုံခံအစိတ်အပိုင်းတွေက လူတွေကို အိပ်ချင်စေတဲ့ Melatonin ဟိုမုန်းထွက်ရှိမှုကို ရပ်တန့်ပေးလိုက်တဲ့အတွက် လူတွေအိပ်ရာက နိုးထလာကြတာပါ ။တကယ်လို့ တီဗီညြ့်ရင်း အိပ်ပျော်သွားမယ်ဆိုရင် တီဗီကထွက်တဲ့အလင်းရောင်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာမဟုတ်ပါဘူး ။
အိပ်စက်ခြင်း နဲ့ စိတ်အခြေအနေဟာ ဆက်စပ်နေတာကြောင့် နှစ်ခြိုက်စွာအိပ်မပျော်တဲ့အခါ သင့်ရဲ့စိတ်ထဲမှာ မကျေနပ်သလိုခံစားနေရပါလိမ့်မယ် ။နေ့စဉ်ရက်စက် အခုလို အိပ်စက်မယ်ဆိုရင်တော့ စိတ်ကျရောဂါပါ ခံစားလာရနိုင်ပါတယ် ။
ဒီလိုမဖြစ်ရအောင်ဘယ်လိုကာကွယ်ရမလဲ ။ အရမ်းရိုးရှင်းပါတယ် ။ အိပ်ငိုက်လာပြီဆိုရင် တီဗီပိတ်ပြီးတော့ အိပ်ယာပေါ်မှာ သွားအိပ်လိုက်ဖို့ပဲလိုအပ်ပါတယ် ။
Comments are closed.