သားမက္ေလာင္းျဖစ္လာမယ့္ သူမွာ ရွိသင့္တဲ့ အဓိကအခ်က္ေတြကိုေျပာလာတဲ့ ဂေရဟမ္

သားမက္ေလာင္းျဖစ္လာမယ့္ သူမွာ ရွိသင့္တဲ့ အဓိကအခ်က္ေတြကိုေျပာလာတဲ့ ဂေရဟမ္

ဂေရဟမ္က သမီးေတြအတြက္ သားမက္ေလာင္းတစ္ေယာက္မွာ ရွိသင့္ ရွိထုိက္တဲ့ အဓိက အခ်က္ေတြ ကုိ ေျပာျပလာပါတယ္။ လက္ရွိမွာလည္း ေယာကၡမလုိ႔ အေခၚခံေနရတဲ့ သူ႔ရဲ႕ ခံစားခ်က္ကုိလည္း ဆက္လက္ေျပာျပထားပါေသးတယ္။

အဆုိေတာ္ ဂေရဟမ္မွာေတာ့ အရမ္းကုိ ခ်စ္စရာေကာင္းၿပီး လွပတဲ့ သမီးႀကီး ပန္းေရာင္ျခယ္နဲ႔ ပန္းေသြးျခယ္ တုိ႔ ရွိပါတယ္။ ဒီ သမီး ႏွစ္ေယာက္အတြက္ မိဘႏွစ္ပါးရဲ႕ သားမက္ေလာင္းေရြးခ်ယ္ေရး အစီအစဥ္ကုိ မီဒီယာေတြကေနတဆင့္ ဂေရဟမ္က ေျပာျပလာပါတယ္။

‘’သမီးေတြက အခုခ်ိန္ထိ ရည္းစားလည္း မရွိေသးဘူးေပါ့။ သမီးေတြကလည္းေျပာပါတယ္၊ Daddy တုိ႔လုိခ်င္တဲ့ အခ်က္အလက္က အရမ္းမ်ားေတာ့ အဲဒီလုိ လူမ်ဳိးေတြနဲ႔ေတြ႔ဖုိ႔ သိပ္မလြယ္ဘူးထင္တယ္တဲ့။ မိဘေတြကလည္း အေထြအထူးမဟုတ္ပါဘူးလုိ႔ဆုိေပမယ့္ အခ်က္ ၂၀ ေလာက္ျဖစ္ေနေတာ့ သမီးေတြက အဲဒီလုိ ေျပာတာေပါ့ေနာ္’’ လုိ႔ သူကဆုိပါတယ္။

ဂေရဟမ္က သားမက္ေလာင္း တစ္ေယာက္မွာ ရွိသင့္ ရွိထုိက္တဲ့ အဓိက အခ်က္ေတြကုိလည္း ေျပာျပလာပါေသးတယ္။ လွပတဲ့ သမီးေလး ၂ ေယာက္ကုိ ပုိင္ဆုိင္ထားတာေၾကာင့္လည္း လုိက္ဖက္မႈက အဓိက က်တယ္လုိ႔ ဇန္နဝါရီလ ၂၇ ရက္ေန႔ က Joox Music Final ပြဲမွာ ေျဖဆုိခဲ့တာပါ။

‘’ အဓိက ကေတာ့ လူေကာင္းသူေကာင္းျဖစ္ဖုိ႔ အေရးႀကီးတာပါ။ ခ်မ္းသာတယ္၊ မခ်မ္းသာဘူးဆုိတာထက္ ရုိးသားႀကိဳးစားရမယ္။ အဓိက က ရုပ္ရည္ကအစ၊ ပညာအရည္အခ်င္းက အစ အကုန္လုံးကေတာ့ အေရးႀကီးတာေပါ့ေနာ္။ ႏွစ္လႊာေပါင္းမွ တစ္ရြက္လုိ လုိက္ဖက္မွပဲ ေကာင္းမွာပါ။ သမီးေတြကုိေတာ့ ေျပာထားတယ္ ေရြးခ်ယ္ရတာေတာ့ သိပ္မရွိပါဘူး။ စာမ်က္ႏွာ တစ္မ်က္ႏွာစာေပါ့’’ လုိ႔ သေဘာက်ရင္း ေျပာျပလာပါတယ္။

ဂေရဟမ္ နဲ႔ သမီးျဖစ္သူ ပန္းေရာင္ျခယ္တုိ႔ဟာ လက္ရွိမွာ ဂီတအလုပ္ေတြ လုပ္ကုိင္ေနတာကုိ ေတြ႔ရပါတယ္။ ေဖ်ာ္ေျဖပြဲေတြမွာလည္း သားအဖႏွစ္ေယာက္ အတူတူ သီဆုိရတဲ့ အခါမ်ဳိးဆုိ ေယာကၡမ တုိ႔ အေခၚခံေနရၿပီလို႔ ဆုိပါတယ္။

‘’ ေယာကၡမလုိ႔ အေခၚခံရတာေပါ့။ အခုေနာက္ပုိင္း သမီးနဲ႔ ရႈိးေတြ ေတာက္ေလွ်ာက္သြားျဖစ္တယ္။ စိတ္မဆုိးပါဘူး။ ဒါကလည္း ေယာကၡမလုိ႔ ေခၚၾကမွာပဲေလ။ ခ်စ္စႏုိးနဲ႔ စတာလုိ႔ပဲ ျမင္ပါတယ္။ အသက္ ၅၀ အရြယ္ေလာက္က ေယာကၡမလုိ႔ေခၚတာ သဘာဝမက်ဘူး။ လူငယ္ေတြအေနနဲ႔ကေတာ့ ေဖ့စ္ဘြတ္မွာေရးတာေတြကလည္း ခ်စ္စႏုိးနဲ႔ေရးတယ္လုိ႔ပဲ ထင္ပါတယ္’’ လုိ႔ ဆက္လက္ေျပာျပထားပါတယ္။

ဂေရဟမ္ရဲ႕ သမီးျဖစ္သူ ပန္းေရာင္ျခယ္ကုိေတာ့ Wake Up Daddy ဆုိတဲ့ ေတးစီးရီးကေနတဆင့္ ပရိသတ္ေတြ သိရွိလာၾကတာျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ပန္းေရာင္ျခယ္ဟာ ဖခင္နဲ႔ အတူ သီခ်င္းအသစ္ ေတြ ဖန္တီးျဖစ္ေနတာကုိ ေတြ႔ရပါတယ္။ ေနာက္ဆုံးအေနနဲ႔ Let it go ဆိုတဲ့ Music MTV ေလးကုိ ၂၀၁၈ ခုႏွစ္အတြင္းက ပရိသတ္ နဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

ဂရေဟမ်က သမီးတွေအတွက် သားမက်လောင်းတစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ အဓိက အချက်တွေ ကို ပြောပြလာပါတယ်။ လက်ရှိမှာလည်း ယောက္ခမလို့ အခေါ်ခံနေရတဲ့ သူ့ရဲ့ ခံစားချက်ကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။

အဆိုတော် ဂရေဟမ်မှာတော့ အရမ်းကို ချစ်စရာကောင်းပြီး လှပတဲ့ သမီးကြီး ပန်းရောင်ခြယ်နဲ့ ပန်းသွေးခြယ် တို့ ရှိပါတယ်။ ဒီ သမီး နှစ်ယောက်အတွက် မိဘနှစ်ပါးရဲ့ သားမက်လောင်းရွေးချယ်ရေး အစီအစဉ်ကို မီဒီယာတွေကနေတဆင့် ဂရေဟမ်က ပြောပြလာပါတယ်။

‘’သမီးတွေက အခုချိန်ထိ ရည်းစားလည်း မရှိသေးဘူးပေါ့။ သမီးတွေကလည်းပြောပါတယ်၊ Daddy တို့လိုချင်တဲ့ အချက်အလက်က အရမ်းများတော့ အဲဒီလို လူမျိုးတွေနဲ့တွေ့ဖို့ သိပ်မလွယ်ဘူးထင်တယ်တဲ့။ မိဘတွေကလည်း အထွေအထူးမဟုတ်ပါဘူးလို့ဆိုပေမယ့် အချက် ၂၀ လောက်ဖြစ်နေတော့ သမီးတွေက အဲဒီလို ပြောတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

ဂရေဟမ်က သားမက်လောင်း တစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ အဓိက အချက်တွေကိုလည်း ပြောပြလာပါသေးတယ်။ လှပတဲ့ သမီးလေး ၂ ယောက်ကို ပိုင်ဆိုင်ထားတာကြောင့်လည်း လိုက်ဖက်မှုက အဓိက ကျတယ်လို့ ဇန်နဝါရီလ ၂၇ ရက်နေ့ က Joox Music Final ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ အဓိက ကတော့ လူကောင်းသူကောင်းဖြစ်ဖို့ အရေးကြီးတာပါ။ ချမ်းသာတယ်၊ မချမ်းသာဘူးဆိုတာထက် ရိုးသားကြိုးစားရမယ်။ အဓိက က ရုပ်ရည်ကအစ၊ ပညာအရည်အချင်းက အစ အကုန်လုံးကတော့ အရေးကြီးတာပေါ့နော်။ နှစ်လွှာပေါင်းမှ တစ်ရွက်လို လိုက်ဖက်မှပဲ ကောင်းမှာပါ။ သမီးတွေကိုတော့ ပြောထားတယ် ရွေးချယ်ရတာတော့ သိပ်မရှိပါဘူး။ စာမျက်နှာ တစ်မျက်နှာစာပေါ့’’ လို့ သဘောကျရင်း ပြောပြလာပါတယ်။

ဂရေဟမ် နဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်တို့ဟာ လက်ရှိမှာ ဂီတအလုပ်တွေ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ဖျော်ဖြေပွဲတွေမှာလည်း သားအဖနှစ်ယောက် အတူတူ သီဆိုရတဲ့ အခါမျိုးဆို ယောက္ခမ တို့ အခေါ်ခံနေရပြီလို့ ဆိုပါတယ်။

‘’ ယောက္ခမလို့ အခေါ်ခံရတာပေါ့။ အခုနောက်ပိုင်း သမီးနဲ့ ရှိုးတွေ တောက်လျှောက်သွားဖြစ်တယ်။ စိတ်မဆိုးပါဘူး။ ဒါကလည်း ယောက္ခမလို့ ခေါ်ကြမှာပဲလေ။ ချစ်စနိုးနဲ့ စတာလို့ပဲ မြင်ပါတယ်။ အသက် ၅၀ အရွယ်လောက်က ယောက္ခမလို့ခေါ်တာ သဘာဝမကျဘူး။ လူငယ်တွေအနေနဲ့ကတော့ ဖေ့စ်ဘွတ်မှာရေးတာတွေကလည်း ချစ်စနိုးနဲ့ရေးတယ်လို့ပဲ ထင်ပါတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

ဂရေဟမ်ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်ကိုတော့ Wake Up Daddy ဆိုတဲ့ တေးစီးရီးကနေတဆင့် ပရိသတ်တွေ သိရှိလာကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပန်းရောင်ခြယ်ဟာ ဖခင်နဲ့ အတူ သီချင်းအသစ် တွေ ဖန်တီးဖြစ်နေတာကို တွေ့ရပါတယ်။ နောက်ဆုံးအနေနဲ့ Let it go ဆိုတဲ့ Music MTV လေးကို ၂၀၁၈ ခုနှစ်အတွင်းက ပရိသတ် နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.