သစ်တံခါးဆရာတော်ရဲ့မွေးနေ့မှာ Nokia ဖုန်း အလုံး ၁၀၀ တိတိ မဲဖောက်ပေးသွားမယ့် စမိုင်းလ်

သစ်တံခါးဆရာတော်ရဲ့မွေးနေ့မှာ Nokia ဖုန်း အလုံး ၁၀၀ တိတိ မဲဖောက်ပေးသွားမယ့် စမိုင်းလ်








[UNICODE FONT]

ပွင့်လင်းရိုးရှင်းတဲ့ အနေအထိုင် အပြုအမူတွေကြောင့် ပရိသတ် တွေရဲ့အချစ် ကို ရရှိထားတဲ့ စမိုင်းလ် ကတော့ လတ်တလောမှာ ချစ်ရတဲ့ မိသားစုနဲ့အတူ သာယာပျော်ရွှင်တဲ့ ဘဝလေးကို ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အမြဲလိုလို အလှူအတန်းတွေနဲ့ လက်မပြတ်တဲ့ စမိုင်းလ်ကတော့ လတ်တလောမှာလည်း မနက်ဖြန်ကျရောက်မယ့် သစ်တံခါးဆရာတော်ရဲ့မွေးနေ့မှာ Nokia ဖုန်း အလုံး ၁၀၀ မဲဖောက်ပေးသွားမယ်ဆိုတဲ့ အကြောင်း လူမှုကွန်ယက်ပေါ်မှာ သတင်းကောင်းပါးထားတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်တို့ အလှူရက်ရောချက်ကတော့ လက်ဖျားခါရလောက်ပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် မနက်ဖြန်ကျရောက်မယ့် သစ်တံခါးဆရာတော်ရဲ့မွေးနေ့မှာ Nokia ဖုန်း အလုံး ၁၀၀ တိတိ မဲဖောက်ပေးသွားမယ်ဆိုတဲ့ စမိုင်းလ်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

စမိုင်းလ်ကတော့ “မနက်ဖြန်သစ်တံခါးဆရာတော်ဘုရားမွေးနေ့အတွက်ကုသိုလ်ဒါန Nokia ဖုန်း အလုံး ၁၀၀ ကံစမ်းမဲဖောက်ပေးပါမည်.. တကယ်လိုအပ်သူများရကြပါစေ လှိုင်သာယာသစ်တံခါးကျောင်းမှာမနက်ဖြန်ဖောက်ပေးမှာပါ” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်ပေ့မှာ တင်ထားတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ ဖုန်းတွေကို တကယ်လိုအပ်တဲ့သူတွေ ရကြပါစေလို့လည်း ဆုတောင်းပေးထားပါသေးတယ်။

မဲဖောက်ပေးသွားမယ့် Nokia ဖုန်းလေးတွေ

အလှူအတန်းဆိုရင် အတိုင်အဖောက်ညီလွန်းတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလို အလှူရေစက် လက်နဲ့မကွာတာကိုလည်း တွေ့ရပါတယ်။ လတ်တလောမှာတော့ စမိုင်းလ်တို့ဇနီးမောင်နှံက အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အလှူအတန်းဆိုရင် ရက်ရောလှတဲ့ စမိုင်းလ်တို့မိသားစုလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.