သူငယ်ချင်းတွေနဲ့အတူ အထာကျကျ ပါးရိုက်ကြေး Game ဆော့ခဲ့တဲ့ G Fatt

သူငယ်ချင်းတွေနဲ့အတူ အထာကျကျ ပါးရိုက်ကြေး Game ဆော့ခဲ့တဲ့ G Fatt





Credit-Momolay

[UNICODE FONT]

ကြွေလောက်တဲ့ သီချင်းတွေကို စာသားအလန်းတွေနဲ့ အထာကျကျရေးဖွဲ့သီဆိုတတ်တဲ့ အဆိုတော် G Fatt ကတော့ လူငယ်ဆန်လွန်းတဲ့ သူ့ရဲ့အနုပညာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ G Fatt က ငယ်သူငယ်ချင်းတွေနဲ့ ခရီးထွက်ရင်း အထာကျကျကစားခဲ့တဲ့ သူ့ရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ ထူးထူးဆန်းဆန်း ပါးရိုက်ကြေးကစားကြတာမို့ ပရိသတ်တွေကလည်း ကြည့်ရင်း သဘောတွေကျနေကြတာပါ။

ချစ်ပရိသတ်တွေအတွက် ရုံးတဲ့သူကို တစ်ယောက်နဲ့တစ်ယောက် မညှာတမ်း ပါးရိုက်ခဲ့ကြတဲ့ G Fatt တို့သူငယ်ချင်းတွေရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

G Fatt ကတော့ “ငယ်သူငယ်ချင်း ၃ယောက်တည်းထွက်လာတဲ့ ခရီးစဉ်မှာ ဒါမျိုး ဆော့ရတာ အမှတ်တရပါ ..😎 ပါးရိုက်ကြေးသားကြီး 🤣 (ပါးရိုက်ချင်တဲ့ သူငယ်ချင်းတွေကို မန်းရှင်းခေါ်ပါ 😝)” ဆိုပြီး ပရိသတ်တွေကိုပါ ဆေးထိုးထားပါသေးတယ်။

သူငယ်ချင်းတွေဆုံတုန်း ပျော်ပျော်ပါးပါး ကစားနေတဲ့ G fattရဲ့ဗီဒီယို

Credit-Momolay

Comments are closed.