သင့်ချစ်သူကို ပူဆာတဲ့အချိန် အထာကျကျ ပူဆာတတ်စေရန် နည်းလမ်းများ

သင့်ချစ်သူကို ပူဆာတဲ့အချိန် အထာကျကျ ပူဆာတတ်စေရန် နည်းလမ်းများ

ပူဆာတယ် ဆိုတာကတော့ ကိုယ့်ချစ်သူလေး ပိုချစ်တာ ခံရဖို့ အတွက် ချွဲနွဲ့ပြတဲ့ ချစ်စရာ အပြုအမူလေးပဲ ဖြစ်တဲ့အတွက် အထာကျကျ ပူဆာတတ်ပါစေနော်။

ချစ်သူ စုံတွဲလေးတို့ရေ ချစ်သူတွေ အချင်းချင်း အချိန်ကြာလာတာနဲ့ အမျှ နှစ်ယောက်သားကြားက ချစ်ခြင်းတွေ ပိုတိုးပွါးလာပါစေလို့ အရင်ဆုံး ဆုတောင်းပေးချင်ပါတယ်။ ချစ်သူတွေကြားမှာ ချစ်ခြင်းတွေကို ဖော်ပြတဲ့အချိန်မှာ ကိုယ်ချစ်တဲ့ ချစ်သူလေးက ချစ်လို့ လက်ဆောင်လေးတွေ လိုချင်တယ် ပြောတာလေးတွေကို ဝယ်ပေးချင်ကျမှာပဲ ဖြစ်ပါတယ်။ အာ့တာကိုမှ ချစ်သူလေးဆီက ကိုယ်လိုချင်တာလေးတွေကို ဘယ်လို အထာကျကျ ပူဆာလို့ ရမလဲ ဆိုတာကို ပြောပြပေးလိုက်ရပါတယ်။ အချစ်ခံချင်ရင် ဒါလေးတော့ သိထားရမယ်နော်။လွယ်လွယ်လေး ဝယ်လို့ ရတဲ့ အရာမျိုးကို ပူဆာပါ

ချစ်သူတွေ အပြင်ကို အတူတူ သွားတဲ့အချိန်မှာ စတိုးဆိုင်ရှေ့လေးကို ဖြတ်သွားတဲ့အချိန်မျိုးတွေမှာ ကိုကို့တို့လက်ကို ဆွဲပြီး ကလစ်လှလှလေးတွေ ခေါင်းစည်းကြိုးလေးတွေကို ကိုကို ကြိုက်တာ ရွေးဝယ်ပေးပါတို့ ဆိုတာမျိုး လွယ်လွယ်ကူကူ ဝယ်လို့ ရတဲ့ အရာမျိုးကို ပူဆာပါ။ မှတ်မှတ်ရရ တန်ဖိုးထား ဝတ်ဆင်ပြလိုက်ပါ။ ကိုယ်ဝတ်တဲ့အချိန်တွေမှာ ဝယ်ပေးတဲ့သူ စိတ်ချမ်းသာမယ့် စကားမျိုး ပြောပေးပါ။ အာ့တာမျိုး ပြုလုပ်ပေးမယ် ဆိုရင်တော့ နောက်တစ်ခါ လက်ဆောင် ကြီးကြီးကို လိုအပ်လို့ ပူဆာတဲ့အချိန်မှာ တဖက်သူ သိပ်ဖြည့်ဆည်းပေးချင်စိတ်တွေကို ဖြစ်ပေါ်စေမှာပါ။ ချစ်သူကို အချစ် မလွန်မိဖို့ ထိန်း ရမယ်နော်။

မိန်းကလေးတွေ အတွက်ကတော့ ကိုယ်လိုချင်တာကို ကိုယ်တိုင် ဝယ်ယူနိုင်တာကတော့ အကောင်းဆုံး ဆိုတာ မှန်ပေမယ့် ကိုယ်ချစ်တဲ့သူဆီက အချစ်တွေကိုတော့ ပိုင်ဆိုင်ချင်ကြတာ သဘာဝပါ။ ကိုယ်လိုချင်တဲ့ အရာတိုင်းကို ကိုယ်တိုင် ဝယ်ယူနိုင်တဲ့ အစွမ်းမျိုး အရင်ဆုံး ပိုင်အောင် ကြိုးစားပါ။ ပြီးမှ ကိုယ်တိုင် မဝယ်ချင် နေပါ။ ကိုကို ဝယ်ပေးတာမျိုး လိုချင်လို့ ကိုယ်တိုင် မဝယ်တာမျိုးဆိုရင်တောင် ဘယ်ကိုကိုကမှ မချစ်ဘဲ မဖြည့်ဆည်းဘဲ နေနိုင်မှာ မဟုတ်တော့ပါဘူး။

ယောက်ျားလေးဆိုတာကတော့ အစတည်းက မိန်းကလေးတွေ လိုချင်တာကို ဖြည့်ဆည်းပေးချင်တဲ့ စိတ်က ရှိနှင့်ပြီးသားပဲ ဖြစ်ပါတယ်။ အထူးတလည် ပြောစရာ မလိုပေမယ့် ပူဆာတယ် ဆိုတာကတော့ ပိုချစ်အောင် ချွဲနွဲ့ပြတဲ့ အပြုအမူတွေထဲက တစ်ခုဆိုတာကို မမေ့ပါနဲ့နော်။ ချစ်သူလေး ပိုချစ်တာ ခံရဖို့ အတွက်ကတော့ ပူဆာတဲ့အချိန်မှာ အထာကျကျ ပူဆာတတ်ဖို့ အရေးကြီးတယ် ဆိုတာကို ဝေမျှပေးလိုက်ရပါတယ်။

Comments are closed.