သဘာဝအလှတရားတွေကိုနောက်ခံထားပြီး လွတ်လပ် ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ အရမ်းကို လှပလွန်းနေတဲ့ သဇင်ထူးမြင့်
ချိုသာအေးချမ်းလှတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ ချစ်စရာကောင်မလေး သဇင်ထူးမြင့်ကတော့ဒါရိုက်တာ၊ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးငယ်ချောလေး ဖြစ်ပြီး ရွှေကြိုအဖြစ်ပါဝင်ပြီးနောက်ပိုင်းမှာ ပရိသတ်ရဲ့ရင်ထဲကို ရောက်လာခဲ့သူလေးပဲ ဖြစ်ပါတယ်။ သူမက ကိုယ်ပိုင် vlog လေးတွေနဲ့ MTV တွေ ကြော်ငြာတွေကိုရိုက်ကူးခဲ့တာဖြစ်ပြီး ပရိတ်သတ်အားပေးမှုကို တစ်ခဲနက် ရရှိထားသူလေးလဲ ဖြစ်ပါတယ်။ 
သဲလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ရတဲ့ သဇင်ထူးမြင့်ကတော့ မိသားစုမှာလည်း အငယ်ဆုံးသမီးလေး ဖြစ်တာကြောင့် တစ်အိမ်လုံးရဲ့ အသည်းကျော်လေးလဲ ဖြစ်ပါတယ်။ သဇင်ထူးမြင့် နဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ယွန်းယွန်းက Double Dating ဆိုတဲ့ အစီအစဉ် ကို အောင်မင်း ခန့်၊ စည်သူဝင်းတို့နဲ့ အတူတူရိုက်ကူးနေခဲ့ကြတာလဲ ဖြစ်ပါတယ်။ 
 အနေအေးတဲ့လူလေးဖြစ်ပြီး အမြဲလိုလို ပြုံးနေတတ်တဲ့ သဇင်ထူးမြင့်ကတော့ လတ်တလောမှာ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကို အသားပေးရိုက်ကူးထားတဲ့ ပုံလေးတွေကို လူမှုကွန်ယက်ပေါ်မှာ မျှဝေပေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သဘာဝအလှတရားတွေကိုနောက်ခံထားပြီး လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ အရမ်းကို လှပလွန်းနေတဲ့ သဇင်ထူးမြင့်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source : Thazin Htoo Myint’s FB Acc
Advertisement
[zawgyi]
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*