လန္ဒန္မွာရွိေနတဲ့ သားနဲ႔ သမီးအေၾကာင္း ေျပာျပလာတဲ့ အဆိုေတာ္ တင္ဇာေမာ္

လန္ဒန္မွာရွိေနတဲ့ သားနဲ႔ သမီးအေၾကာင္း ေျပာျပလာတဲ့ အဆိုေတာ္ တင္ဇာေမာ္

ဂီတေလာကမွာလည္း ေအာင္ျမင္ေက်ာ္ၾကားမႈကို ယေန႔အထိ ထိန္းသိမ္းထားႏိုင္ၿပီး သာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝကိုလည္း ပိုင္ဆိုင္ထားတဲ့ အဆိုေတာ္ တင္ဇာေမာ္က သူမရဲ႕သားနဲ႔ သမီး အေၾကာင္း အခုလိုပဲ ေျပာျပခဲ့ပါတယ္။“သားႀကီးက ၁၆ ႏွစ္ ျပည့္သြားၿပီ။ သမီး အငယ္ေလးက ၅ႏွစ္ေပါ့။ သူတို႔က ဟိုမွာပဲ ေနျဖစ္တာမ်ားတယ္။ ေက်ာင္းတက္ ေနရတာကို။ သူတို႔ေက်ာင္းကလည္း တႏွစ္လုံးေနမွ တလပဲ ခြင့္ရတယ္။ ၾကားထဲမွာ နားတာေလးေတြက တခါပိတ္ရင္ တပတ္ပဲ။ အဲဒီတပတ္ကလည္း ဒီဘက္ကို ျပန္လာဖို႔ကမလြယ္ဘူးေလ”လို႔ တင္ဇာေမာ္က ေျပာပါတယ္။

လက္ရွိမွာေတာ့ မိသားစုေတြက လန္ဒန္မွာ အေျခခ်ေနထိုင္ေနတာျဖစ္ၿပီး ျမန္မာႏိုင္ငံကို ျပန္လာဖို႔အတြက္ မလြယ္ကူေသးဘူးလို႔ သိရပါတယ္။ ၁၆ ႏွစ္အ႐ြယ္ သားျဖစ္သူနဲ႔ ၅ ႏွစ္အ႐ြယ္ သမီးျဖစ္သူတို႔ရဲ႕ မတူညီတဲ့ စ႐ိုက္လကၡဏာမ်ားအေပၚ မူတည္ၿပီးေတာ့လည္း အတတ္ႏိုင္ဆုံး ပံ့ပိုးေပးသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

“သားက ေကာလိပ္တက္ေနၿပီ။ ပထမႏွစ္ေပါ့။ ၿပီးရင္ University ဆက္သြားမယ္။ သူယူထားတဲ့ဘာသာက ႏိုင္ငံေရး။ သူကေအးတယ္ေလ။ သတင္းေတြနားေထာင္တယ္။ ဖတ္တယ္။ အဲဒါေတြကို ျပန္ကိုးကားၿပီးေတာ့ ေက်ာင္းစာ လုပ္ရတာကို။ ဘာပဲျဖစ္ျဖစ္ ဒီအသက္အ႐ြယ္မွာ စၿပီးေတာ့ ေလ့လာၿပီးလုပ္ရတယ္ဆိုေတာ့ သူ႔အတြက္ စိတ္ခ်မ္းသာတယ္”

“ကိုယ္ေတာင္ႏိုင္ငံေရး သိဖို႔ မလြယ္ဘူး။ အရမ္း ခက္တယ္။ နက္နဲတယ္။ ကိုယ္ေတာင္ သိခ်င္ရင္ အခ်ိန္ေပးႏိုင္မွ စိတ္ရွည္မွ စိတ္လည္းဝင္စားမွ အဲဒါေၾကာင့္သူ႔အတြက္ က်မ ဝမ္းသာတယ္။ အေနေအးေတာ့ လူေရွ႕ထြက္ရမယ့္ အလုပ္ေတာ့ သူလုပ္မွာ မဟုတ္ဘူး” လို႔ တင္ဇာေမာ္က ေျပာပါတယ္။သားျဖစ္သူကေတာ့ အေနေအးၿပီး အႏုပညာကို ဝါသနာပါေသာ္လည္း လူေရွ႕ထြက္ရတာမ်ိဳးကို မႀကိဳက္ဘဲ သမီးအငယ္ေလးကေတာ့ အကနဲ႔ သီခ်င္းဆိုတာကို ဝါသနာပါၿပီး လူအမ်ားကို ေဖ်ာ္ေျဖမယ့္သူတဦးျဖစ္လိမ့္မယ္လို႔ ထင္မိတယ္လို႔ ဆိုပါတယ္။

“သမီးငယ္ေလးကေတာ့ သီခ်င္းဆိုတယ္။ သူကေတာ့ ဝါသနာကို ပါတာ။ သူကေနာက္ဆုံးတေခါက္ ဘာေျပာလဲဆို ေတာ့ မာမီတဲ့ သူအဆိုေတာ္ အရင္ျဖစ္ေအာင္ လုပ္မယ္တဲ့။ အဲဒီလိုေျပာတယ္။ ေနာက္ၿပီး ကတာ သူ ကတာက အရမ္းကို Flexible ျဖစ္တယ္။ You Tube ၾကည့္တယ္။ အခုဆို ဂ်ိဳဂ်ိဳေစးဝါးကို ႀကိဳက္ေနတယ္။ ဆယ္ေက်ာ္သက္ ကေလးေလးေတြ ကတာကို လိုက္ကျပတယ္။ သူကတတ္တယ္။ ထင္တာမမွားဘူးဆိုရင္ သူကလူေရွ႕ထြက္ျပတဲ့ Performer ျဖစ္မယ္ထင္တယ္” လို႔ တင္ဇာေမာ္က ေျပာပါတယ္။

သားနဲ႔သမီးအေပၚမွာ ထားရွိတဲ့ အတၱကို တတ္ႏိုင္သမွ်သတ္ထားၿပီး သူတို႔ျဖစ္ခ်င္တဲ့အေပၚမွာသာ ပံ့ပိုးႏိုင္ သေလာက္ပံ့ပိုးသြားမယ္လို႔ ဆိုပါတယ္။“က်မကေတာ့ အတၱ မရွိေအာင္ေနတယ္။ ေပၚလာရင္လည္း ေဖ်ာက္လိုက္တယ္။ မရွိေအာင္ သတ္တယ္။ အတၱက မေကာင္းဘူးေလ။ ကိုယ္ျဖစ္ခ်င္တာ ကိုယ္လုပ္ခ်င္တာ ကိုယ္ရေအာင္လုပ္ရမယ္ဆိုတဲ့ အတၱက ေတာ္ေသးတယ္။ ကိုယ္တိုင္ မဟုတ္ဘူးဆိုရင္ သူမ်ားျဖစ္သြားၿပီ။ သူတို႔လည္း သတၱဝါေတြထဲက တေယာက္ပဲေလ။ ကိုယ္သားသမီးမို႔လို႔ ကိုယ္ပိုင္လို႔ ဒါလုပ္ဆိုၿပီးေတာ့ လုပ္ကို လုပ္ရမယ္ဆိုတဲ့အတၱ က်မမွာ မရွိဘူး”

“သူတို႔ဘာလုပ္ခ်င္လဲ ဘာျဖစ္ခ်င္လဲ ဆိုတာ က်မဘက္က ဘာလုပ္ေပးႏိုင္လဲဆိုတာကို ၾကည့္မယ္။ လုပ္ေပးႏိုင္သေလာက္အထိ လုပ္ေပးမယ္။ မလုပ္ေပးႏိုင္တဲ့ အရာမ်ိဳးဆိုေတာ့ ႏႈတ္အားျဖင့္ ကူညီမယ္။ က်မမွာလည္း အေပါင္းအသင္းမိတ္ေဆြေတြ ရွိမယ္။ ပတ္ဝန္းက်င္က အကူအညီလည္း ယူၿပီးေတာ့ အတတ္ႏိုင္ဆုံး အကူအညီေပးမယ္”လို႔ တင္ဇာေမာ္က ေျပာပါတယ္။ သားအႀကီးျဖစ္သူ ၇ ႏွစ္အ႐ြယ္မွစတင္ကာ အမ်ိဳးသားျဖစ္သူနဲ႔ မိသားစုမွာ လန္ဒန္မွာ အေျခခ်ေနထိုင္ေနၿပီး တင္ဇာေမာ္ကေတာ့ ျမန္မာျပည္နဲ႔ လန္ဒန္မွာ တလွည့္စီ အခ်ိန္ေပးကာေနထိုင္လ်က္ရွိပါတယ္။ ႏိုင္ငံရပ္ျခားမွာ ႀကီးျပင္းရတဲ့အတြက္ သားနဲ႔သမီးကိုေတာ့ ယဥ္ေက်းမႈရွိေအာင္ လူႀကီးမိဘမ်ားက အၿမဲမျပတ္ သင္ၾကားေပးလ်က္ရွိတယ္လို႔ ဆိုပါတယ္။

“သားသားကေတာ့ ျမန္မာျပည္ကေနထြက္ေတာ့ ၇ ႏွစ္ေလာက္ ရွိၿပီ။ ၇ႏွစ္ဆိုေတာ့ သူ႔အဘိုးေတြအဘြားေတြက ေကာင္းေကာင္းသင္ေပးလိုက္တယ္။ လူႀကီးေတြနဲ႔ ဘယ္လိုေနရမလဲ။ ဘုရားစာဆိုတာေတြ တတ္လာတယ္။ အေနလည္း ေအးတယ္။ လိမၼာတယ္။ လူႀကီးေတြနဲ႔ စကားေျပာရင္ ယဥ္ေက်းရမယ္။ အငယ္မေလးက ျမန္မာလို မေျပာတတ္ဘူး။ က်မကေတာ့ ျမန္မာလိုေျပာျပရင္ သူနားလည္တယ္။ သားေလးက ျမန္မာလိုေျပာတယ္။ ယဥ္ေက်းေအာင္ေတာ့ သင္ေပးတယ္။ ကေလးေတြကလည္း နားေထာင္ပါတယ္” လို႔ တင္ဇာေမာ္က ေျပာပါတယ္။ လတ္တေလာမွာေတာ့ တင္ဇာေမာ္က ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိေနၿပီး သီခ်င္းမ်ားသီဆိုေဖ်ာ္ေျဖရန္ ၊ သူမရဲ႕ ထြက္ရွိထားတဲ့ “ 7 ” အေခြရဲ႕ Music Video ႐ိုက္ကူးရန္ႏွင့္ သီခ်င္းအသစ္မ်ားကို လုပ္ဖို႔ရွိတယ္လို႔ သိရပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

ဂီတလောကမှာလည်း အောင်မြင်ကျော်ကြားမှုကို ယနေ့အထိ ထိန်းသိမ်းထားနိုင်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝကိုလည်း ပိုင်ဆိုင်ထားတဲ့ အဆိုတော် တင်ဇာမော်က သူမရဲ့သားနဲ့ သမီး အကြောင်း အခုလိုပဲ ပြောပြခဲ့ပါတယ်။“သားကြီးက ၁၆ နှစ် ပြည့်သွားပြီ။ သမီး အငယ်လေးက ၅နှစ်ပေါ့။ သူတို့က ဟိုမှာပဲ နေဖြစ်တာများတယ်။ ကျောင်းတက် နေရတာကို။ သူတို့ကျောင်းကလည်း တနှစ်လုံးနေမှ တလပဲ ခွင့်ရတယ်။ ကြားထဲမှာ နားတာလေးတွေက တခါပိတ်ရင် တပတ်ပဲ။ အဲဒီတပတ်ကလည်း ဒီဘက်ကို ပြန်လာဖို့ကမလွယ်ဘူးလေ”လို့ တင်ဇာမော်က ပြောပါတယ်။

လက်ရှိမှာတော့ မိသားစုတွေက လန်ဒန်မှာ အခြေချနေထိုင်နေတာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် မလွယ်ကူသေးဘူးလို့ သိရပါတယ်။ ၁၆ နှစ်အရွယ် သားဖြစ်သူနဲ့ ၅ နှစ်အရွယ် သမီးဖြစ်သူတို့ရဲ့ မတူညီတဲ့ စရိုက်လက္ခဏာများအပေါ် မူတည်ပြီးတော့လည်း အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“သားက ကောလိပ်တက်နေပြီ။ ပထမနှစ်ပေါ့။ ပြီးရင် University ဆက်သွားမယ်။ သူယူထားတဲ့ဘာသာက နိုင်ငံရေး။ သူကအေးတယ်လေ။ သတင်းတွေနားထောင်တယ်။ ဖတ်တယ်။ အဲဒါတွေကို ပြန်ကိုးကားပြီးတော့ ကျောင်းစာ လုပ်ရတာကို။ ဘာပဲဖြစ်ဖြစ် ဒီအသက်အရွယ်မှာ စပြီးတော့ လေ့လာပြီးလုပ်ရတယ်ဆိုတော့ သူ့အတွက် စိတ်ချမ်းသာတယ်”

“ကိုယ်တောင်နိုင်ငံရေး သိဖို့ မလွယ်ဘူး။ အရမ်း ခက်တယ်။ နက်နဲတယ်။ ကိုယ်တောင် သိချင်ရင် အချိန်ပေးနိုင်မှ စိတ်ရှည်မှ စိတ်လည်းဝင်စားမှ အဲဒါကြောင့်သူ့အတွက် ကျမ ဝမ်းသာတယ်။ အနေအေးတော့ လူရှေ့ထွက်ရမယ့် အလုပ်တော့ သူလုပ်မှာ မဟုတ်ဘူး” လို့ တင်ဇာမော်က ပြောပါတယ်။သားဖြစ်သူကတော့ အနေအေးပြီး အနုပညာကို ဝါသနာပါသော်လည်း လူရှေ့ထွက်ရတာမျိုးကို မကြိုက်ဘဲ သမီးအငယ်လေးကတော့ အကနဲ့ သီချင်းဆိုတာကို ဝါသနာပါပြီး လူအများကို ဖျော်ဖြေမယ့်သူတဦးဖြစ်လိမ့်မယ်လို့ ထင်မိတယ်လို့ ဆိုပါတယ်။

“သမီးငယ်လေးကတော့ သီချင်းဆိုတယ်။ သူကတော့ ဝါသနာကို ပါတာ။ သူကနောက်ဆုံးတခေါက် ဘာပြောလဲဆို တော့ မာမီတဲ့ သူအဆိုတော် အရင်ဖြစ်အောင် လုပ်မယ်တဲ့။ အဲဒီလိုပြောတယ်။ နောက်ပြီး ကတာ သူ ကတာက အရမ်းကို Flexible ဖြစ်တယ်။ You Tube ကြည့်တယ်။ အခုဆို ဂျိုဂျိုစေးဝါးကို ကြိုက်နေတယ်။ ဆယ်ကျော်သက် ကလေးလေးတွေ ကတာကို လိုက်ကပြတယ်။ သူကတတ်တယ်။ ထင်တာမမှားဘူးဆိုရင် သူကလူရှေ့ထွက်ပြတဲ့ Performer ဖြစ်မယ်ထင်တယ်” လို့ တင်ဇာမော်က ပြောပါတယ်။

သားနဲ့သမီးအပေါ်မှာ ထားရှိတဲ့ အတ္တကို တတ်နိုင်သမျှသတ်ထားပြီး သူတို့ဖြစ်ချင်တဲ့အပေါ်မှာသာ ပံ့ပိုးနိုင် သလောက်ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။“ကျမကတော့ အတ္တ မရှိအောင်နေတယ်။ ပေါ်လာရင်လည်း ဖျောက်လိုက်တယ်။ မရှိအောင် သတ်တယ်။ အတ္တက မကောင်းဘူးလေ။ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာ ကိုယ်ရအောင်လုပ်ရမယ်ဆိုတဲ့ အတ္တက တော်သေးတယ်။ ကိုယ်တိုင် မဟုတ်ဘူးဆိုရင် သူများဖြစ်သွားပြီ။ သူတို့လည်း သတ္တဝါတွေထဲက တယောက်ပဲလေ။ ကိုယ်သားသမီးမို့လို့ ကိုယ်ပိုင်လို့ ဒါလုပ်ဆိုပြီးတော့ လုပ်ကို လုပ်ရမယ်ဆိုတဲ့အတ္တ ကျမမှာ မရှိဘူး”

“သူတို့ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲ ဆိုတာ ကျမဘက်က ဘာလုပ်ပေးနိုင်လဲဆိုတာကို ကြည့်မယ်။ လုပ်ပေးနိုင်သလောက်အထိ လုပ်ပေးမယ်။ မလုပ်ပေးနိုင်တဲ့ အရာမျိုးဆိုတော့ နှုတ်အားဖြင့် ကူညီမယ်။ ကျမမှာလည်း အပေါင်းအသင်းမိတ်ဆွေတွေ ရှိမယ်။ ပတ်ဝန်းကျင်က အကူအညီလည်း ယူပြီးတော့ အတတ်နိုင်ဆုံး အကူအညီပေးမယ်”လို့ တင်ဇာမော်က ပြောပါတယ်။ သားအကြီးဖြစ်သူ ၇ နှစ်အရွယ်မှစတင်ကာ အမျိုးသားဖြစ်သူနဲ့ မိသားစုမှာ လန်ဒန်မှာ အခြေချနေထိုင်နေပြီး တင်ဇာမော်ကတော့ မြန်မာပြည်နဲ့ လန်ဒန်မှာ တလှည့်စီ အချိန်ပေးကာနေထိုင်လျက်ရှိပါတယ်။ နိုင်ငံရပ်ခြားမှာ ကြီးပြင်းရတဲ့အတွက် သားနဲ့သမီးကိုတော့ ယဉ်ကျေးမှုရှိအောင် လူကြီးမိဘများက အမြဲမပြတ် သင်ကြားပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

“သားသားကတော့ မြန်မာပြည်ကနေထွက်တော့ ၇ နှစ်လောက် ရှိပြီ။ ၇နှစ်ဆိုတော့ သူ့အဘိုးတွေအဘွားတွေက ကောင်းကောင်းသင်ပေးလိုက်တယ်။ လူကြီးတွေနဲ့ ဘယ်လိုနေရမလဲ။ ဘုရားစာဆိုတာတွေ တတ်လာတယ်။ အနေလည်း အေးတယ်။ လိမ္မာတယ်။ လူကြီးတွေနဲ့ စကားပြောရင် ယဉ်ကျေးရမယ်။ အငယ်မလေးက မြန်မာလို မပြောတတ်ဘူး။ ကျမကတော့ မြန်မာလိုပြောပြရင် သူနားလည်တယ်။ သားလေးက မြန်မာလိုပြောတယ်။ ယဉ်ကျေးအောင်တော့ သင်ပေးတယ်။ ကလေးတွေကလည်း နားထောင်ပါတယ်” လို့ တင်ဇာမော်က ပြောပါတယ်။ လတ်တလောမှာတော့ တင်ဇာမော်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီး သီချင်းများသီဆိုဖျော်ဖြေရန် ၊ သူမရဲ့ ထွက်ရှိထားတဲ့ “ 7 ” အခွေရဲ့ Music Video ရိုက်ကူးရန်နှင့် သီချင်းအသစ်များကို လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.