မေ့လို့မရနိုင်တဲ့ ဖြစ်ရပ်ဆိုးတွေကို ဖြစ်ပေါ်ခဲ့တဲ့ အဆိုးရွားဆုံးသော Kpop စတိတ်များ

မေ့လို့မရနိုင်တဲ့ ဖြစ်ရပ်ဆိုးတွေကို ဖြစ်ပေါ်ခဲ့တဲ့ အဆိုးရွားဆုံးသော Kpop စတိတ်များ

Kpop Concert တွေရဲ့ စတိတ်အပြင်အဆင်တွေဟာ ကြီးကျယ်ခမ်းနားတယ်၊ လိုအပ်ချက်မရှိပြီးပြည့်စုံတယ်လို့ ထင်မြင်ရပေမယ့်လည်း တစ်ခါတစ်လေမှတော့ မတော်တဆဖြစ်မှုတွေဖြစ်တတ်ပြီး ဆိုးရွားလှတဲ့ဖြစ်ရပ်တွေကို ကြုံတွေ့ရနိုင်ပါတယ်။ အခုဖော်ပြပေးချင်တာကတော့ အဆိုးရွားဖြစ်ရပ်ဆိုးတွေဖြစ်ပေါ်ခဲ့တဲ့ Kpop စတိတ် (၇) ခု ဖြစ်ပါတယ်။ ဘယ်စတိတ်တွေက ဘယ်လောက်တောင်ဆိုးရွားခဲ့သလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြရအောင်။

1. Techno Valley Festival

၂၀၁၄ ခုနှစ်တုန်းက 4MINUTE အဖွဲ့ဝင်တွေပါဝင်တင်ဆက်ခဲ့တဲ့ Techno Valley Festival ဟာဆိုရင် လူ (၁၆) ယောက်သေဆုံးခဲ့ရတဲ့ တေးဂီတဖျော်ဖြေပွဲတစ်ခုဖြစ်ပါတယ်။ 4MINUTE ကိုတွေ့ချင်လို့ ပရိသတ်တွေအများအပြားက လေ၀င်လေထွက်အတွက် ဆောက်လုပ်ထားတဲ့အတန်းပေါ်ကို တက်ရောက်ပြီးကြည့်ရှူခဲ့ကြတာကြောင့် မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အသက်တွေဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုပွဲဟာ Kpop သမိုင်းမှာ အဆိုးဝါးဆုံးသောဖျော်ဖြေပွဲတစ်ခုဖြစ်တယ်လို့ သတ်မှတ်ခံထားရပါတယ်။

2. 2014 Seoul Music Awards

၂၀၁၄ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ Seoul Music Awards ဆုပေးပွဲမှာဆိုရင် Girl’s Generation-TTS ဖျော်ဖြေပြီးတဲ့အချိန်မှာ စတိတ်ဟာ ချို့ယွင်းချက်သွားခဲ့တဲ့အတွက် Taeyeon ဟာ ချော်ကျသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရရှိသွားခဲ့ပါတယ်။ အဆိုးအရွားကြီးမဖြစ်ခဲ့ပေမယ့်လည်း ဆေးရုံကိုတော့ အလျင်အမြန်သွားခဲ့ရပြီး အဖွဲ့ဝင်နောက်တစ်ယောက်ဖြစ်တဲ့ Seohyun ကလည်းပဲ ထိခိုက်မှုအနည်းငယ်ရခဲ့ဖူးတယ်လို့ သိရပါတယ်။

စတိတ်ချို့ယွင်းချက်ကြောင့် မတော်တဆထိခိုက်မှုရခဲ့တဲ့ Taeyeon

3. 2011 Kidnapping Attempt

ဒီစတိတ်ကတော့ စတိတ်ရဲ့ခိုင်ခံ့မှုကြောင့်မဟုတ်ပဲ လုံခြုံရေးကြောင့်ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက Girls’ Generation ဖျော်ဖြေနေတဲ့အချိန်မှာ ဘယ်အချိန်ကတည်းက စတိတ်စင်အနောက်ဘက်ကိုရောက်နေလဲဆိုတာကို မသိရတဲ့အမျိုးသားတစ်ယောက်က သီချင်းသီဆိုနေတဲ့ Taeyeon ရဲ့ လက်ကိုဆွဲပြီး စတိတ်စင်ရဲ့အနောက်ကို ဆွဲခေါ်သွားခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီစတိတ်ဟာလည်းပဲ Kpop လောကရဲ့ အဆိုးဝါးဆုံးသော စတိတ်တွေထဲမှာ ပါဝင်ပါတယ်။

Taeyeon သာမက တခြားအဖွဲ့ဝင်တွေပါ ထိတ်လန့်သွားခဲ့ရတဲ့ ဖြစ်ရပ်

4. KBS Music Bank

၂၀၀၉ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ KBS ရဲ့ Music Bank အစီအစဉ်မှာ SHINee အဖွဲ့ဟာ စတိတ်ကနေ ထွက်ခွာသွားတော့မယ့်အချိန်မှာ မီးစလိုက်တန်းကြီးက ရုတ်တရက်ပြုတ်ကျတော့မလို ဖြစ်ခဲ့ပါတယ်။ Onew အပေါ်ကို ပိကျတော့မလိုဖြစ်ခဲ့တဲ့ ထိုမီးစလိုက်တန်းကြီးကို အနီးအနားမှာရှိကြတဲ့ ၀န်ထမ်းတွေနဲ့ Super Junior အဖွဲ့ဝင်တွေ ၀ိုင်းပြီးထိန်းလိုက်ကြလို့သာ Onew တစ်ယောက်ကံကောင်းသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကံကောင်းထောက်မလို့ ထိခိုက်ဒဏ်ရာမရခဲ့တာ

5. DalShabet’s Stage

၂၀၁၁ ခုနှစ်တုန်းက DalShabet အဖွဲ့ဝင် Subin ဟာ ဖျော်ဖြေတင်ဆက်နေတုန်း စတိတ်ပေါ်ကနေခြေချော်ကျသွားခဲ့ဖူးတာမို့လို့ မျက်နှာနဲ့ ကြမ်းပြင်ရိုက်မိကာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ဖူးပါတယ်။ ဒါကြောင့် မျက်နှာနဲ့ သွားဖုံးတွေမှာ အချက်ပေါင်းများစွာချုပ်ခဲ့ရဖူးတယ်လို့ သိရပါတယ်။

ပြုတ်ကျတဲ့အရှိန်က နည်းတာမှမဟုတ်ပဲ….

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.