အိန္ဒိယလူမျိုးမို့ အနှိမ်ခံရတဲ့ဘဝကနေ ကမ္ဘာကျော်ဘောလိဝုဒ်မင်းသမီးဖြစ်လာခဲ့သူ Priyanka Chopra

အိန္ဒိယလူမျိုးမို့ အနှိမ်ခံရတဲ့ဘဝကနေ ကမ္ဘာကျော်ဘောလိဝုဒ်မင်းသမီးဖြစ်လာခဲ့သူ Priyanka Chopra

ကျောင်းသူဘ၀မှာ ကျောင်းက ကျွေးတဲ့နေ့လည်စာကို ရေချိုးခန်းထဲမှာ စားခဲ့ရသူပါ။ အမေရိကန်ပြည်ထောင်စုမှာ ကျောင်းတက်ခဲ့တဲ့ priyanka chopra ဟာ အိန္ဒိယလူမျိုးဖြစ်တာကြောင့် အနိုင်ကျင့်ခံခဲ့ရပါတယ်။ ကျောင်းက သူငယ်ချင်းတွေက သူမကို Browine and curry လို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကဲ့ရဲ့မှုတွေဟာ သူမရဲ့ စိတ်ဝိဥာဏ်ကို ချိုးဖျက်ခဲ့ပါတယ်။

အဆိုပါ ရုတ်ရင့်ကြမ်းတမ်းတဲ့ စကားလုံးတွေဟာ သူမကို ဘယ်သူလဲဆိုတာမျိုး သူမကိုယ် သူမမေးခွန်းထုတ်ခဲ့မိပါတယ်။ နေ့လည်စာစားချိန်တွေမှာ ပုန်းလျိုးကွယ်လျိုးနဲ့ ရေချိုးခန်းထဲမှာ နေ့လည်စာစားခဲ့ရတဲ့ရက်တွေမနည်းမနောပါပဲ။ ၁ရက်မှာတော့ သူမကို ပြန်လည်တိုက်ခိုက်ဖို့ တွန်းအားပေးတဲ့အနေနဲ့ ကျောင်းသူ(၂)ယောက်ဟာ သူမကို ကိုယ်ထိလက်ရောက် ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့ပါတယ်။

သူမရဲ့ အကြောက်တရားကိုလွှမ်းမိုးနိုင်မယ့်နည်းလမ်းတွေသာ ရှာမတွေ့ခဲ့ရင်တော့ ဒါဟာ သူ့ တစ်ဘ၀လုံးကို ထိန်းချုပ်သွားမယ်ဆိုတာ သူမနားလည်ခဲ့ပါတယ်။“မင်းကိုယ်မင်းသာ ယုံကြည်ပြီး မင်းရဲ့အရည်အချင်းအပေါ်မှာလည်း ယုံကြည်မှုရှိမယ်ဆိုရင် ဘယ်လိုပြောင်းလဲမှုမျိုးမဆိုလွယ်ကူပါတယ်။ ” – Priyanka Chopra

Priyanka Chopra ဟာ အိန္ဒိယကိုပြန်သွားခဲ့ပြီး အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မိခင်ဖြစ်သူက သူမကို မယ်အိန္ဒိယအလှမယ်အနေနဲ့ ပြိုင်ပွဲဝင်ခိုင်းစေရာမှ သူမရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာခဲ့ပါတော့တယ်။ သူမတစ်ဘ၀လုံး ရုပ်ဆိုးတယ်လို့ ခံစားနေရခဲ့ရာမှ မယ်ကမ္ဘာအိန္ဒိယကို ရရှိသွားခဲ့ပြီး သူမကိုယ်တိုင်ကလည်း အလွန်အမင်းအံ့အားသင့်ခဲ့ရပါတယ်။

Priyanka Chopra ဟာ သမိုင်းဝင်ဇာတ်ကားဖြစ်တဲ့ Breakfast at Tiffany’s ကိုကြည့်ပြီး သဘောကျလွန်းတာကြောင့် Tiffany & Co. မှ လက်စွပ်နဲ့ စေ့စပ်ခွင့်ရဖို့ကို အမြဲစိတ်ကူးယဉ်ခဲ့မိသူပါ။ ဒါပေမယ့်လည်း သူမကို တစ်စုံတစ်ယောက်ရဲ့ ဖန်သားဖိနပ်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့သူ တစ်ယောက် မဖြစ်စေဖို့ ဖခင်ဖြစ်သူက အမြဲအားပေးဆုံးမခဲ့ပါတယ်။ အဲ့ဒီအစား ဖန်သားပြင်မျက်နှာကျက်ကို အစိတ်စိတ်အမြွာမြွာခွဲနိုင်တဲ့သူဖြစ်ပါစေ တဲ့။

Priyanka Chopra တစ်ယောက်ဟာ သူမရှာဖွေတွေ့ရှိခဲ့တဲ့ ယုံကြည်မှုနဲ့ လူတစ်ဖက်သားကို လွှမ်းမိုးချင်ခဲ့ပါတယ်။ နောက်ပြီးတော့ သူတို့ကိုလည်း အောင်မြင်စေမယ့် လက်နက်တွေပေးချင်ခဲ့ပါတယ်။

Priyanka Chopra ရဲ့ညီမဖြစ်သူက အိမ်ပေါ်မှာအခန့်သားနေတဲ့အချိန်မှာ သူမ အိမ်အကူရဲ့သားဖြစ်သူကတော့ ကျောင်းတက်နေခဲ့တာကို သိရှိသွားပြီးနောက်မှာတော့ Priyanka ဟာ ရှေ့တစ်လှမ်းထပ်တက်ပြီး အဆိုပါကလေးငယ်ရဲ့ပညာရေးအတွက် ငွေကြေးဆိုင်ရာထောက်ပံ့မှုပြုလုပ်ပေးခဲ့ပါတယ်။

Priyanka ၀င်ငွေရဲ့၁၀ရာခိုင်နှုန်းကို ဆင်းရဲတဲ့ကလေးငယ်တွေကို ကူညီဖို့အသုံးပြုခဲ့ပါတယ်။ ကလေးငယ်တွေရဲ့ကျန်းမာရေးနဲ့ ပညာရေးအတွက်အသုံးပြုခဲ့ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အိန္ဒိယရဲ့ရှေးရိုးစွဲမှုကို စိန်ခေါ်နိုင်တဲ့နည်းလမ်းတွေရှာဖွေနိုင်ဖို့ကြိုးစားခဲ့ပြီး သူမ မကိုင်တွယ်နိုင်တဲ့အရာတစ်ခုမှမရှိဘူးဆိုတာ သက်သေပြခဲ့ပါတယ်။

အမျိုးသားတော်တော်များများဟာ Priyanka ရဲ့ရည်မှန်းချက်နဲ့ အောင်မြင်မှုအပေါ် ကြောက်လန့်လာခဲ့ကြပါပြီ။ ဒါပေမယ့်လည်း Priyanka တစ်ယောက် ကမ္ဘာကြီးအပေါ်ထားတဲ့အမြင်ကို ချစ်မိသွားသူတစ်ဦးရှိခဲ့ပါတယ်။ ဒါကတော့ Nick Jonas ပဲဖြစ်ပါတယ်။ တစ်ချိန်က Priyanka ရဲ့စိတ်ကူးယဉ်အိမ်မက်ထဲကအတိုင်း Nickဟာ သူမကို Tiffany & Co. က လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းခံခဲ့ပါတယ်။

Priyanka ဟာ သူမကိုယ် သူမကယ်တင်နိုင်ခဲ့ပြီး နောက်မှတော့ သူမရဲ့ရွှေမင်းသားလေးနဲ့ ဆုံစည်းနိုင်ခဲ့ပါတယ်။

ကျွန်မတို့ကိုယ် ကျွန်မတို့ အမြဲယုံကြည်ချက်ရှိဖို့နဲ့ မိမိပုံစံအတိုင်း အကောင်းဆုံးရှင်သန်နေထိုင်ဖို့အတွက် Priyanka ရဲ့ဘ၀ပုံပြင်တွေမှတစ်ဆင့်လေ့လာသိရှိခဲ့ရပါတယ်။ “ကိုယ့်ပုံစံအတိုင်းနေပါ၊ သတ္တိရှိပါစေ၊ ကိုယ့်အတွက်ကိုယ် စစ်မှန်ပါစေ၊ ကိုယ့်ကိုယ်ကို ချစ်တတ်ပါစေ။”

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.