သူပိုင်ဆိုင်ခွင့်ရထားတဲ့ မိခင် (၃) ယောက်ရှိတဲ့အကြောင်း ပြောပြလာတဲ့ လင်းလင်း

သူပိုင်ဆိုင်ခွင့်ရထားတဲ့ မိခင် (၃) ယောက်ရှိတဲ့အကြောင်း ပြောပြလာတဲ့ လင်းလင်း







[UNICODE FONT]

ခေတ်နဲ့သစ်တို့ရဲ့ ဖခင်ကြီး လင်းလင်းကတော့ သူ့မှာရှိတဲ့ မိခင် (၃) ယောက်အကြောင်းကို ဂုဏ်ယူစွာနဲ့ ပြောပြလာတာဖြစ်ပါတယ်။ လင်းလင်းကတော့ ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်ထားသူတစ်ဦးဖြစ်ပြီးတော့ အနုပညာလောကထဲက အံ့မင်းညိုရဲ့သမီးလေးအတွက်လည်း ဖောင်ဒေးရှင်းကဦးဆောင်ပြီး ကူညီဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ သူဖန်တီးထားတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကိုဘဝအမောပြေစေခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ဒီနေ့လေးကတော့ လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ်။ အမြွှာသမီးလေး (၂) ယောက်နဲ့ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းခွင့်ရရှိနေပြီဖြစ်တဲ့ လင်းလင်းကတော့ ဇနီးသည်ကို မင်္ဂလာနှစ်ပတ်လည်ဆုတောင်းပေးလိုက်တာဖြစ်ပါတယ်။ လင်းလင်းကတော့ သူ့မှာ မိခင် (၃) ယောက်ရှိကြောင်း ဂုဏ်ယူဝံ့ကြွားစွာနဲ့ရေးသားထားတာဖြစ်ပါတယ်။

“ကျွန်တော့်မှာ အမေ သုံးယောက်ရှိပါတယ်,,,

– တစ်ယောက်က ကြီးကျယ်မြင့်မြတ်သော ‘ နိုင်ငံ့ အမေ ‘ – တစ်ယောက်က ကျေးဇူးကြီးမားသော ‘ မွေးပေး တဲ့ အမေ ‘ – နောက်ဆုံးတစ်ယောက်ကတော့ ‘ အမေနဲ့တူတဲ့ ကျွန်တော့်မိန်းမပါဘဲ ‘ Happy anni ပါ အချစ်ကလေး ထရီဇာ ရေ  Love u honey
” လို့ မိခင်တစ်ယောက်လို ချစ်ရတဲ့ မိန်းမဖြစ်သူကို နှစ်ပတ်လည်ဆုတောင်းပေးလိုက်တာဖြစ်ပါတယ်။

Happy Anniversary ပါ ကိုလင်းနဲ့ မထရီဇာ။ သမီးလေး (၂) ယောက်နဲ့ ဒီထက်ပိုပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ရရှိသွားပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.