ဖေဖေရောင်နီနဲ့မေမေပျိုဖြူတို့က အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်လို့ဆိုကာ ရိုက်ကွင်းပုံရိပ်လေးတွေ မျှဝေ ပေးခဲ့တဲ့ ကျော်ထက်ဇော်နဲ့သံသာ မိုးသိမ့်

ဖေဖေရောင်နီနဲ့မေမေပျိုဖြူတို့က အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်လို့ဆိုကာ ရိုက်ကွင်းပုံရိပ်လေးတွေ မျှဝေ ပေးခဲ့တဲ့ ကျော်ထက်ဇော်နဲ့သံသာ မိုးသိမ့်

ပရိတ်သတ်ကြီးရေ….. Mrtv-4ရဲ့ထုတ်လွှင့်ပြသနေတဲ့ ဇာတ်ကား‌ကောင်းလေးများတွင် အချစ်ဖွဲ့လေညင်းဆိုတဲ့ဇာတ်လမ်းတွဲလေးလည်း အပါအ၀င်ဖြစ်ပါတယ်နော်။ ဒီဇာတ်လမ်း တွဲ လေးမှာ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ ကျော်ထက်ဇော်နဲ့သံသာမိုးသိမ့်ဟာဆိုရ င် လည်း အတွဲညီညီနဲ့သရုပ်ဆောင်နိုင်တဲ့ သူတွေဖြစ်ပါတယ်။

ကျော်ထက်ဇော်ဟာလည်း ရောင်နီဦးနဲ့မိုးသောက်ဦးဆိုတဲ့ ကာရိုက်တာနှစ်မျိုးနဲ့သရုပ် ဆောင်ထားတာဖြစ်ပြီး သံသာမိုးသိမ့်ဟာလည်း သွက်လက်ပြီးခပ်စွာစွာကောင်မလေး မေပျို ဖြူအနေနဲ့သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားလေးဟာဆိုရင် ပရိတ်သတ်ရင်ထဲကို အပြည့် အ၀ရောက်ရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားဆိုလည်းမှားမယ်မထင်ပါဘူးနော်။

အချစ်ဖွဲ့လေညင်းရုပ်သံဇာတ်လမ်းတွဲလေးဟာဆိုရင် အခုအခါမှာဇာတ်သိမ်းသွား ပြီဖြစ် ပါတယ်။ မကြာသေးမီကလည်း ကျော်ထက်ဇော်နဲ့သံသာမိုးသိမ့်ဟာ သူတို့ရဲ့ Facebook စာမျက်နှာတွင် ရိုက်ကွင်းပုံရိပ်လေးတွေနဲ့အတူ ကျေးဇူးတင်စကားလေးတွေ တင်ပေးလာ ကြပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source-Kyaw Htet Zaw’s Facebook acc/ Than Thar Moe Theint’s Facebook acc

[zawgyi]





Comments are closed.