အမေစုရဲ့အသက်(၇၅) နှစ် ပြည့် မွေးနေ့လေးအတွက် ကြည်နူးဝမ်း မြော က်စွာဆုတောင်းပေးနေကြတဲ့ ဖွေးဖွေးတို့မိသားစုလေး

အမေစုရဲ့အသက်(၇၅) နှစ် ပြည့် မွေးနေ့လေးအတွက် ကြည်နူးဝမ်း မြော က်စွာဆုတောင်းပေးနေကြတဲ့ ဖွေးဖွေးတို့မိသားစုလေး

သရုပ်ဆောင်မင်းသမီးချောလေး ဖွေးဖွေးကတော့ အကယ်ဒမီဆုသုံးဆုတိတိ ဆွတ်ခူးရရှိ ထားတဲ့ ထပ်ဆင့်အကယ်ဒမီဆုရှင်လေးပဲ ဖြစ်ပါတယ် ။ ပီပြင်ပြောက်မြောက်တဲ့ သရုပ် ဆောင်စွမ်းရည်တွေနဲ့ အောင်မြင်ကျော်ကြားနေတဲ့ ဖွေးဖွေးက မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်း သမီးလေးတစ်လက်ဆိုရင်လည်း မမှားပါဘူးနော်။ ဖွေးဖွေးက သရုပ်ဆောင်ပိုင်းမှာ ထူး ချွန်ရုံသာမက ပရိသတ်တွေကြားမှာပါ ဖော်ရွေလွန်းသူလေးအဖြစ် ရေပန်းစားနေတာ ဖြစ် ပါတယ် ။

ဒီနေ့မှာတော့ ဖွေးဖွေးနဲ့ သူမရဲ့မိသားစုလေးက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ် အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ယနေ့ဇွန်လ (၁၉)ရက်နေ့လေးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် (၇၅)နှစ်ပြည့် မွေးနေ့ရက် မြတ်လေးပဲ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ဖွေးစိန်လေးတို့မိသားစုက “အမေစု သက်ရှည် ကျန်းမာ အန္တရာယ်ကင်း ပျော်ရွှင်ရပါစေ” ဆိုပြီး မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါ တယ် ။

ဖွေးဖွေးက “19th June, 2020 ၁၉ရက် ဇွန်လ ၂၀၂၀ Our One & Only..အမေဒေါ်အောင် ဆန်းစုကြည် ၏ ၇၅ နှစ်ပြည့်မွေးနေ့အတွက် ဖွေးတို့မိသားစု မှ ဆုတောင်း…”ဆိုပြီး သူမတို့ မိသားစုပုံလေးကို တင်ထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဖွေးစိန်လေးက အမေစုနဲ့အတူတွဲရို က်ထားတဲ့ အမှတ်တရပုံလေးတွေကိုလည်း မျှဝေထားပါသေးတယ်။ ကဲ အမေစုအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတဲ့ ဖွေးစိန်လေးတို့မိသားစုရဲ့ပုံရိပ်လေးတွေကို ပြန် လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Phway Phway’s FB Page

[zawgyi]





Comments are closed.