ငါးပိ ၊ ငံပြာရည် ပုံးတွေကို ကားပေါ် တင်ပြီး မှာယူထားတဲ့ ဖောက်သည် တွေအတွက် ကိုယ်တိုင်လိုက်ပို့ပေး နေတဲ့ နေမျိုးအောင်

ငါးပိ ၊ ငံပြာရည် ပုံးတွေကို ကားပေါ် တင်ပြီး မှာယူထားတဲ့ ဖောက်သည် တွေအတွက် ကိုယ်တိုင်လိုက်ပို့ပေး နေတဲ့ နေမျိုးအောင်

ပရိသတ်ကြီးရေ ဝါရင့်မင်းသားကြီး နေမျိုးအောင် ဟာ တစ်ခေတ်တစ်ခါက ဗီဒီယိုဇာတ် ကား တွေမှာ လူကြီး ၊ လူငယ်မရွေး သဘောကျကြိုက်နှစ်သတ်ခဲ့ရတဲ့ ပြည်သူချစ် အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ သူ့ရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း အချစ် ၊ အလွမ်း ၊ ဖိုက်တင် ဇာတ်ကားတွေကို သဘာဝကျကျ အကောင်းဆုံး ပီပြင်သရုပ်ဆောင်နိုင်တာကြောင့်လည်း အောင်မြင်မှုတွေကို ရယူသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ လတ်ရှိမှာ မင်းသားကြီး နေမျိုးက တော့ အနုပညာအလုပ်တွေကို အရင်ကထပ်မလုပ်တော့ပေမယ့်လည်း ဖြည်းဖြည်းမှန်မှန် နဲ့လုပ်ကိုင်နေတာဖြစ်ပါတယ်။

ယနေ့အချိန်အထိလည်း လူငယ်တွေလို သွပ်လပ်ပေါ့ပါးပြီး နုပျိုနေဆဲဖြစ်တဲ့ နေမျိုးအောင် ဟာ သာယာပျော်ရွှင်တဲ့ မိသာစုလေးကိုတည်ဆောက်ထားကာ ချစ်စရာ သားလေးနှစ် ယောက် ကိုလည်း မွေးထားပါသေးတယ်။ လတ်တလောမှာလည်း ကပ်ရောဂါအချိန်ကာလေးမှာ အနုပညာအလုပ်တွေခဏတာ ရပ်နာထားခဲ့ရတဲ့ နေမျိုးအောင်က အရသာရှိရှိ ငါးပိ ၊ ငံပြာ ရည် ရောင်းတဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်ကို လုပ်ကိုင်နေတာဖြစ်ပါတ ယ်။ယခု မှာဆို ရင်လည်း အားပေးကြမ်းတဲ့ ဖောက်သည်တွေအတွက် ကိုယ်တိုင် delivery လုပ်နေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ များပြားလှတဲ့ ငါးပိ ၊ ငံပြာရည် ပုံးတွေကို ကားပေါ်တင်ပြီး မှာယူ ထားတဲ့ ဖောက်သည်တွေအတွက် ကိုယ်တိုင်သွားမပို့ခင်လေးမှာ ဓာတ်ဖမ်းထားတဲ့ ပုံရိပ် လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း နေမျိုးအောင် က ” ကိုဗစ်ကြောင့် ရှူတင်အဝ တ်ခြင်းတွေနေရာမှာ ငါးပိ ငံပြာရည် ဘူးများနေရာယူသွားခြင်း မင်းသားဘဝမှ ဒရိုင်ဘာဖြ စ်သွားခြင်း” ဆိုပြီး သူ့ရဲ့လူမှုန်ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီး ကိုယ်ပိုင်စီးပွားရေးနဲ့ ကပ်ရောဂါကာလမှာ လုပ်ကိုင်နေတဲ့ နေမျိုး င်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit – Nay Myo Aung

Source -Nay Myo Aung’s facebook Page

[zawgyi]






Comments are closed.