လူ(၇၅၀၀) ရဲ့ဆုတောင်းစာတွေနဲ့ ပြုလုပ်ထားတဲ့ အမေစုရဲ့ ဓာတ်ပုံ

လူ(၇၅၀၀) ရဲ့ဆုတောင်းစာတွေနဲ့ ပြုလုပ်ထားတဲ့ အမေစုရဲ့ ဓာတ်ပုံ




Source – Mg Mg Aye
Rainbow- Cele Gabar

[Unicode]

ဒီနေ့ဇွန်လ(၁၉) ရက်နေ့လေးကတော့ အမေစုရဲ့ (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့လေးပဲ ဖြစ်ပါ တယ်။ ပြည်သူတွေက လေးစားချစ်ခင်ရတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်မို့ အရင်နှ စ်က အသက်(၇၄) နှစ်ပြည့်မွေးနေ့မှာတော့ မဟာဗန္ဓုလပန်းခြံမှာ လူအယောက်(၇၄၀) နဲ့ မွေးနေ ့ဆုတောင်းပေးခဲ့ကြပါတယ်။

ဒီနှစ်(၇၅) နှစ်ပြည့်မွေးနေ့မှာတော့ Covid-19 ကြောင့် လူစုလူဝေးနဲ့ လုပ်ပေးခွင့်မရတာ ကြောင့် အမေ့ကို ချစ်တဲ့သား၊သမီး(၇၅၀၀) ရဲ့ဓာတ်ပုံတွေနဲ့ ပဲ အမေစုရဲ့ဓာတ်ပုံလေးဖန်တီး ကာ မွေးေ န့ဆုတောင်းပေးခဲ့ကြတာဖြစ်ပါတယ်။ လူ(၇၅၀၀)ရဲ့ ဆုတောင်းစာတွေနဲ့ ဖန်တီး ထားတဲ့ အမေစုရဲ့ပုံလေးကတော့ တကယ်ကို ကျက်သရေရှိနေတာ အမှန်ပါပဲ ပရိသတ် ကြီးရေ..

ဒါ့အပြင် မောင်မောင်အေးဦးဆောင်ပြီး အမေစုကို ချစ်ခင်သူတွေ အမေစုဗွီနိုင်းတွေ အိမ်ရှေ့ မှာ ချိတ်ဆွဲထားနိုင်ဖို့လည်း စီစဉ်ခဲ့ကြပါတဲ့အပြင် ဒီနေ့ရန်ကုန်မြို့မှာ မွေးနေ့ဆုတောင်းစာ ဘေဘု တ်တွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ် ပရိသတ်ကြီးရေ… အမေစုရဲ့ ဓာတ်ပုံလေး ထဲ က ပုံရိပ်လေးတွေကိုကြည့်ရှုချင်သူတွေအတွက် အောက်ဖော်ပြပါ Link လေးမှာ ဝင် ရောက်ကြည့် ရှုနိုင်ပါတယ်နော်။

Source – Mg Mg Aye
Rainbow- Cele Gabar

Comments are closed.