ရင္နာစရာညီမေလးတစ္ေယာက္ရဲ႕အျဖစ္ကို စိတ္မေကာင္းစြာမွ်ေဝခဲ့တဲ့ ေဝဠဳေက်ာ္

ရင္နာစရာညီမေလးတစ္ေယာက္ရဲ႕အျဖစ္ကို စိတ္မေကာင္းစြာမွ်ေဝခဲ့တဲ့ ေဝဠဳေက်ာ္

ပရဟိတမင္းသားတစ္လက္ျဖစ္တဲ့ ေဝဠဳေက်ာ္ကေတာ့ လိုအပ္ေနတဲ့ေနရာတိုင္းကို ေငြအား၊လူ အားနဲ႔ မေႏွးကူညီတတ္သူတစ္ေယာက္ပါ။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကာကြယ္ေရးလုပ္ငန္းေတြစတ င္ေတာ့လည္း တစ္တပ္တစ္အားအေနနဲ႔ အိမ္ေတာင္မျပန္ေတာ့ဘဲ ေဝဘာဂီအထူးကုေဆး႐ုံနဲ႔ Quarantine ဝင္မယ့္သူေတြ ႀကိဳပို႔ေရးတို႔ကို ကူညီေနသူတစ္ေယာက္ပါ။

မေန႔ကေတာ့ ရင္နာစရာအျဖစ္အပ်က္တစ္ခုကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္မွာထက္မွာ မွ်ေဝခဲ့ ပါတယ္။ “Covid က ဘဝေတြ၊ ႏွလုံးသားေတြကို တစစီ စုတ္ျပတ္သတ္ သြားေစခဲ့ၿပီ… ဒီေန႔ မိုးကသည္းသည္းမဲမဲ ႐ြာေနတယ္….အေမျဖစ္သူကို ေနာက္ဆုံးႏႈတ္ဆက္ကန္ေတာ့ခ်ိန္မွာ ခုလို ပုံစံမ်ိဳးနဲ႔ ျမင္ရေတာ့ ေဘးကလူေတြပါ ငိုၾကတယ္…..

Q ဝင္ေနခ်ိန္ မိခင္ျဖစ္သူ ကြယ္လြန္သြား လို႔ က်တဲ့မ်က္ရည္ေတြက ဝတ္ထားတဲ့ PPE ထဲမွာ ေပ်ာက္ဆုံးသြားရတယ္….မိသားစုကို ေထာက္ပံ့ဖို႔ ႏိုင္ငံျခားမွာ ပင္ပင္ပန္းပန္းအလုပ္လုပ္ခဲ့ရတ ယ္… . အခ်ိန္မီျပန္လာခဲ့ေပမယ့္ Qတံတိုင္းကျခားလို႔ ေနာက္ဆုံးအခ်ိန္ မိခင္နားမွာ မေနႏိုင္ခဲ့ ဘူး။ အမ်ိဳးသမီးတစ္ေယာက္ အေနနဲ႔ ဘယ္လိုအင္အားေတြနဲ႔မ်ား ရင္ဆိုင္ခဲ့တာလဲ ညီမရယ္…

ကြၽန္ေတာ္ ဘဝတစ္ေကြ႕မွာ က်င္လည္ ႐ိုက္ကူးခဲ့ရတဲ့ ႐ုပ္ရွင္ေတြေတာ္ေတာ္မ်ားမ်ား မွာေတာ့ အက်ပ္အတည္းကာလကို ျဖတ္ေက်ာ္ၿပီးရင္ Happy Ending နဲ႔ဇာတ္သိမ္းေလ့ရွိေပမယ့္ ကြၽန္ေတာ္တို႔အားလုံးရဲ႕ Happy Ending က အေဝးတစ္ေနရာမွာ မႈန္ဝါးဝါး ပဲရွိေနေသးတယ္ ထင္ပါရဲ႕” ဆိုၿပီး ရင္နာစြာေရးသားခဲ့ပါတယ္။

ထပ္ၿပီးေတာ့လည္း “လူသားတိုင္း ေရေဘး မီးေ ဘး သဘာဝေဘး စစ္မက္ထူေျပာျခင္းေဘး ဆင္းရဲျခင္းေဘးမ်ားမွ ေက်ာ္လႊားႏိုင္ၿပီး ေရာဂါကပ္ေဘးမ်ားမွလည္း ကင္းေဝးႏိုင္ၾကပါေစ” ဆိုၿပီးေတာ့လည္း ဆုေတာင္းခဲ့ပါေသး တယ္။ ႏိုင္ငံျခားမွာ ပင္ပင္ပန္းပန္းပိုက္ဆံသြားရွာၿပီး ျပန္လာေတာ့လည္း မိခင္ရဲ႕ေနာက္ ဆုံးအခ်ိန္ကို ေဘးမွာမရွိဘဲ Q Center ထဲမွာပဲ ေနခဲ့ရ တဲ့ညီမေလးအတြက္ စိတ္မေကာင္းစရာပါပဲ ပရိသတ္ႀကီးေရ…

Source – Wai Lu Kyaw
Rainbow- Cele Gabar

[Unicode]

ပရဟိတမင်းသားတစ်လက်ဖြစ်တဲ့ ဝေဠုကျော်ကတော့ လိုအပ်နေတဲ့နေရာတိုင်းကို ငွေအား ၊လူ အားနဲ့ မနှေးကူညီတတ်သူတစ်ယောက်ပါ။ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ရေးလုပ်ငန်း တွေစတ င်တော့လည်း တစ်တပ်တစ်အားအနေနဲ့ အိမ်တောင်မပြန်တော့ဘဲ ဝေဘာဂီအထူး ကု ဆေးရုံနဲ့ Quarantine ဝင်မယ့်သူတွေ ကြိုပို့ရေးတို့ကို ကူညီနေသူတစ်ယောက်ပါ။

မနေ့ကတော့ ရင်နာစရာအဖြစ်အပျက်တစ်ခုကို သူ့ရဲ့လူမှုကွန်ရက်စာမျက်မှာထက်မှာ မျှ ဝေခဲ့ ပါတယ်။ “Covid က ဘဝတွေ၊ နှလုံးသားတွေကို တစစီ စုတ်ပြတ်သတ် သွားစေ ခဲ့ပြီ… ဒီနေ့ မိုးကသည်းသည်းမဲမဲ ရွာနေတယ်….အမေဖြစ်သူကို နောက်ဆုံးနှုတ်ဆက်ကန် တော့ ချိန်မှာ ခုလို ပုံစံမျိုးနဲ့ မြင်ရတော့ ဘေးကလူတွေပါ ငိုကြတယ်…..

Q ဝင်နေချိန် မိခင်ဖြစ်သူ ကွယ်လွန်သွား လို့ ကျတဲ့မျက်ရည်တွေက ဝတ်ထားတဲ့ PPE ထဲမှာ ပျောက်ဆုံးသွားရတယ်….မိသားစုကို ထောက်ပံ့ဖို့ နိုင်ငံခြားမှာ ပင်ပင်ပန်းပန်းအ လုပ် လုပ်ခဲ့ရတ ယ်… . အချိန်မီပြန်လာခဲ့ပေမယ့် Qတံတိုင်းကခြားလို့ နောက်ဆုံးအချိန် မိခင်နားမှာ မနေနိုင်ခဲ့ ဘူး။ အမျိုးသမီးတစ်ယောက် အနေနဲ့ ဘယ်လိုအင်အားတွေနဲ့များ ရင်ဆိုင်ခဲ့တာလဲ ညီမရယ်…

ကျွန်တော် ဘဝတစ်ကွေ့မှာ ကျင်လည် ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်တွေတော်တော်များများ မှာတော့ အကျပ်အတည်းကာလကို ဖြတ်ကျော်ပြီးရင် Happy Ending နဲ့ဇာတ်သိမ်းလေ့ ရှိ ပေမယ့် ကျွန်တော်တို့အားလုံးရဲ့ Happy Ending က အဝေးတစ်နေရာမှာ မှုန်ဝါးဝါး ပဲရှိနေသေးတယ် ထင်ပါရဲ့” ဆိုပြီး ရင်နာစွာရေးသားခဲ့ပါတယ်။

ထပ်ပြီးတော့လည်း “လူသားတိုင်း ရေဘေး မီးေ ဘး သဘာဝဘေး စစ်မက်ထူပြောခြင်းဘေး ဆင်းရဲခြင်းဘေးများမှ ကျော်လွှားနိုင်ပြီး ရောဂါကပ်ဘေးများမှလည်း ကင်းဝေးနိုင်ကြ ပါစေ” ဆိုပြီးတော့လည်း ဆုတောင်းခဲ့ပါသေး တယ်။ နိုင်ငံခြားမှာ ပင်ပင်ပန်းပန်းပိုက်ဆံ သွား ရှာပြီး ပြန်လာတော့လည်း မိခင်ရဲ့နောက် ဆုံးအချိန်ကို ဘေးမှာမရှိဘဲ Q Center ထဲမှာပဲ နေခဲ့ရ တဲ့ညီမလေးအတွက် စိတ်မကောင်းစရာပါပဲ ပရိသတ်ကြီးရေ…

Source – Wai Lu Kyaw
Rainbow- Cele Gabar

Comments are closed.