လှိုင်သာယာစက်မှုဇုန်ကျူးကျော်မြေမှ နေစရာ၊စားစရာအခက်အခဲ ဖြစ် နေတဲ့ အသက်(၉၅)နှစ်အရွယ်အ ဖွား အတွက် ထပ်မံလှူဒါန်းပေးခဲ့တဲ့ ဆောင်းယွန်းစံ
လှိုင်သာယာစက်မှုဇုန်ကျူးကျော်မြေမှ နေစရာ၊စားစရာအခက်အခဲ ဖြစ် နေတဲ့ အသက်(၉၅)နှစ်အရွယ်အ ဖွား အတွက် ထပ်မံလှူဒါန်းပေးခဲ့တဲ့ ဆောင်းယွန်းစံ
ပရိသတ်အချစ်တော်အနုပညာရှင်တွေထဲက တစ်ယောက်အပါ အဝင်ဖြစ်တဲ့ သရုပ်ဆောင် ဆောင်းယွန်းစံကိုတော့ ပရိသတ်ကြီးသိပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့ အလှူအ တန်း လုပ်တဲ့နေရာမှာ သဒ္ဓါတရားထက်သန်သူတစ်ယောက်ဖြစ်ပြီးမကြာခဏဆို သလို လည်း အလှူအတန်းတွေပြုလုပ်လေ့ရှိပါတယ်။
မကြာသေးခင်ကလည်း လှိုင်သာယာ စက်မှုဇုန် ၊ကျူးကျော်မြေမှာ နေစရာ ၊ စားစရာ အခက်အခဲ ဖြစ်နေတဲ့ အသက် (၉၅) အရွယ် အဖွား ဒေါ်သန်းစိန်ကို ဝေဠုကျော် ဖောင်ဒေး ရှင်းနှင့်အတူ အိမ် ဆောက်လုပ်လှူဒါန်းပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၁၈) ရက်နေ့ကလ ည်း ဆိုလာ၊ မွေ့ယာနဲ့ အစရှိတဲ့ အသုံးအဆောင်ပစ္စည်းများကို ကိုယ်တိုင်သွားရောက်ပြီး ထပ်မံလှူဒါန်းခဲ့ပါသေးတယ်။
ဆောင်းယွန်းစံနဲ့အတူ သရုပ်ဆောင်နေဒွေးနဲ့ အဆိုတော်မီးနိုတို့ကလည်း ဆန်နဲ့အခြားလို အပ်တဲ့ပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ပါသေးတယ်။ အဖွားရဲ့မြေးလေးကျောင်းတက် ဖို့အတွက်လည်း ဆောင်းယွန်းစံနဲ့အတူ နေဒွေးကထောက်ပံံ့လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အမှန်တကယ်လိုအပ်နေတဲ့သူတွေအတွက် လှူဒါန်းမှုတွေကိုပြုလုပ်ခြင်းက တကယ့်ကိုမွန်မြတ်လှတဲ့အလှူတစ်ခုပါနော်။
Source:Myanmar Celebrity
[zawgyi]
Comments are closed.