ကိုယ်ဝန်စရှိတဲ့ထဲက Covid ကြောင့် ခွဲနေရတဲ့ ခင်ပွန်းနဲ့ပြန်လည် ဆုံ တွေ့ ပြီးပျော်ရွှင်နေတဲ့ ပန်းအိဖြူ

ကိုယ်ဝန်စရှိတဲ့ထဲက Covid ကြောင့် ခွဲနေရတဲ့ ခင်ပွန်းနဲ့ပြန်လည် ဆုံ တွေ့ ပြီးပျော်ရွှင်နေတဲ့ ပန်းအိဖြူ

ေတးသံရွင္ ပန္းအိျဖဴကေတာ့ ျမန္မာသံ သီခ်င္းေအးေအးေလးေတြကို ေအးခ်မ္းတည္ၿငိမ္တဲ့ အသံေလးနဲ႔ သီဆိုတတ္တဲ့ ျမန္မာသံအဆိုရွင္တစ္ဦးပဲျဖစ္ပါတယ္ ။ ပရိသတ္ေတာင္းဆိုမႈအ မ်ား ဆုံး ျမန္မာသံေတးစီးရီးဆုကို ရရွိထားတဲ့သူတစ္ေယာက္ျဖစ္သလို သူမရဲ႕ရွည္လ်ား လွပ လြန္းတဲ့ ဆံပင္ရွည္ႀကီးနဲ႔ နန္းဆန္တဲ့ပုံရိပ္ေလးေတြေၾကာင့္ ပရိသတ္အခ်စ္ပိုေနရတဲ့အႏုပညာ ရွင္တစ္ေယာက္ပါ ။ သူမရဲ႕ရင့္က်က္တည္ၿငိမ္တဲ့အလွေတြကိုေတာ့ စာဖြဲ႕မကုန္ႏိုင္ပါဘူး ပရိသတ္ႀကီးေရ ..။

ေတးသံရွင္ ပိုးအိျဖဴကေတာ့ ခ်စ္သူျဖစ္တဲ့ ဗိုလ္ႀကီးေနေဇာ္ထြန္းနဲ႔ အိမ္ေထာင္ျပဳၿ ပီးေနာက္ပိုင္း မွာ အခုဆိုရင္ ပထမဆုံးရင္ေသြးေလးကို လြယ္ထားရၿပီျဖစ္ပါတယ္ ။ သူမကိုအားေပးၾကတဲ့ ပရိသတ္ေတြေၾကာင့္ အားတက္ရေပမယ့္ ခင္ပြန္းျဖစ္သူကေတာ့ Covid ကာလေတြ မွာတာဝ န္နဲ႔ အေဝးေရာက္ေနလို႔ မေတြ႕ဆုံျဖစ္ခဲ့ေပမယ့္ ဇြန္လ (၁၈) ရက္ေန႔မွာေတာ့ ဗိုက္ကေလး ႏွစ္လကတည္းက ကိုဗစ္ႀကီးေၾကာင့္ မေတြ႕ျဖစ္ေတာ့တဲ့ သားသားေလးေဖေဖ အနားေရာက္ လာတုန္း ဗိုက္ကေလးနဲ႔ အမွတ္တရေလးပါရွင့္… ဆိုတဲ့စာသားေလးနဲ႔အတူ ခင္ပြန္းျဖစ္သူျပန္ လာလို႔ ေပ်ာ္႐ႊင္ေနတဲ့ သူမတို႔ ဇနီးေမာင္ႏွံရဲ႕ အမွတ္တရပုံရိပ္ေလးကို ပရိသတ္ေတြကိုမွ်ေဝေ ပးလာခဲ့ပါတယ္ ။

ခင္ပြန္းျပန္လာလို႔ေပ်ာ္ေနတဲ့ ပန္းအိျဖဴကို ပရိသတ္ေတြက အားက်ေၾကာင္းနဲ႔ သူမနဲ႔ထပ္ တူဝ မ္းသာေပ်ာ္႐ႊင္ေၾကာင္းေတြ မွတ္ခ်က္ေပးထားၾကတာလည္းေတြ႕ရပါတယ္ ။ သူမကေတာ့ ပန္းအိတို႔ မိသားစုေလးကို ခ်စ္ခင္စြာနဲ႔ ေမတၱာစကား လက္ေဆာင္ေလးမ်ား ေပးၾကတဲ့ ခ်စ္ခင္ ရသူမ်ားအားလုံး တစ္ဦးခ်င္းစီကို လႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္ ခ်စ္ခင္လ်က္ပါရွင့္ ဆိုၿပီး ေက်းဇူးတင္စကား ျပန္လည္ေရးသားခဲ့ပါေသးတယ္ ။

Source : Pan Ei Phyu
Emily (Cele Gabar)

[Unicode]

တေးသံရှင် ပန်းအိဖြူကတော့ မြန်မာသံ သီချင်းအေးအေးလေးတွေကို အေးချမ်းတည်ငြိမ်တဲ့ အသံလေးနဲ့ သီဆိုတတ်တဲ့ မြန်မာသံအဆိုရှင်တစ်ဦးပဲဖြစ်ပါတယ် ။ ပရိသတ်တောင်း ဆိုမှုအ များ ဆုံး မြန်မာသံတေးစီးရီးဆုကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်သလို သူမရဲ့ရှည် လျား လှပ လွန်းတဲ့ ဆံပင်ရှည်ကြီးနဲ့ နန်းဆန်တဲ့ပုံရိပ်လေးတွေကြောင့် ပရိသတ်အချစ်ပို နေရတဲ့အနုပညာ ရှင်တစ်ယောက်ပါ ။ သူမရဲ့ရင့်ကျက်တည်ငြိမ်တဲ့အလှတွေကိုတော့ စာဖွဲ့မကုန်နိုင်ပါဘူး ပရိသတ်ကြီးရေ ..။

တေးသံရှင် ပိုးအိဖြူကတော့ ချစ်သူဖြစ်တဲ့ ဗိုလ်ကြီးနေဇော်ထွန်းနဲ့ အိမ်ထောင်ပြုြ ပီးနောက် ပိုင်း မှာ အခုဆိုရင် ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီဖြစ်ပါတယ် ။ သူမကိုအားပေး ကြတဲ့ ပရိသတ်တွေကြောင့် အားတက်ရပေမယ့် ခင်ပွန်းဖြစ်သူကတော့ Covid ကာလတွေ မှာတာဝ န်နဲ့ အဝေးရောက်နေလို့ မတွေ့ဆုံဖြစ်ခဲ့ပေမယ့် ဇွန်လ (၁၈) ရက်နေ့မှာတော့ ဗိုက်ကလေး နှစ်လကတည်းက ကိုဗစ်ကြီးကြောင့် မတွေ့ဖြစ်တော့တဲ့ သားသားလေးဖေဖေ အနားရောက် လာတုန်း ဗိုက်ကလေးနဲ့ အမှတ်တရလေးပါရှင့်… ဆိုတဲ့စာသားလေးနဲ့အတူ ခင်ပွန်းဖြစ်သူပြန် လာလို့ ပျော်ရွှင်နေတဲ့ သူမတို့ ဇနီးမောင်နှံရဲ့ အမှတ်တရပုံရိပ်လေးကို ပရိသတ်တွေကိုမျှဝေေ ပးလာခဲ့ပါတယ် ။

ခင်ပွန်းပြန်လာလို့ပျော်နေတဲ့ ပန်းအိဖြူကို ပရိသတ်တွေက အားကျကြောင်းနဲ့ သူမနဲ့ထပ် တူဝ မ်းသာပျော်ရွှင်ကြောင်းတွေ မှတ်ချက်ပေးထားကြတာလည်းတွေ့ရပါတယ် ။ သူမကတော့ ပန်းအိတို့ မိသားစုလေးကို ချစ်ခင်စွာနဲ့ မေတ္တာစကား လက်ဆောင်လေးများ ပေးကြတဲ့ ချစ်ခင် ရသူများအားလုံး တစ်ဦးချင်းစီကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ချစ်ခင်လျက်ပါ ရှင့် ဆိုပြီး ကျေးဇူးတင်စကား ပြန်လည်ရေးသားခဲ့ပါသေးတယ် ။

Source : Pan Ei Phyu
Emily (Cele Gabar)

Comments are closed.