အခုချိန်ထိ သူမကိုမမောမပန်းမ ငြိုငြင်ဘဲ လုပ်ကျွေးခဲ့တဲ့ ဖခင်ရဲ့ ဂုဏ် ကျေးဇူးတွေကို ပြောပြလာတဲ့ ပြည်သူ ချစ်မင်းသမီးချောလေး မိုးဟေကို

အခုချိန်ထိ သူမကိုမမောမပန်းမ ငြိုငြင်ဘဲ လုပ်ကျွေးခဲ့တဲ့ ဖခင်ရဲ့ ဂုဏ် ကျေးဇူးတွေကို ပြောပြလာတဲ့ ပြည်သူ ချစ်မင်းသမီးချောလေး မိုးဟေကို

ရှင်းသန့်ကြည်လင်တဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေ ချစ်မဝဖြစ်နေရသူလေးကတော့ ပြည်သူချစ် သရုပ်ဆောင် မင်းသမီးချောလေး မိုးဟေကိုပဲ ဖြစ်ပါတယ်။ သူမဟာ မိဘနှစ်ပါး လုံး ကို ယနေ့ချိန်ထိ ကျွေးမွေးပြုစုစောင့်ရှောက်နေတဲ့ သမီးအလိမ္မာလေးတစ်​ယောက်လ ည်း ဖြစ်ပါတယ်။ မိုးကတော့ မကြာသေးခင် နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ယက်စာ မျက်နှာမှာ ယနေ့မှာ ကျရောက်တဲ့ အဖေများနေ့ကို သူမရဲ့ဖခင်ပုံရိပ်လေးနဲ့အတူ အခုလိုပဲ ရေးသားထားတာပဲ ဖြစ်ပါတယ်။

  • ” အဖေ….
  • မိသားစုတစ်စုလုံးရဲ့ ဦးဆောင်သူ၊ ရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့သူ အဖေ….
  • ဒီနေ့ဒီအချိန်အထိ မမောမပန်းမငြိုမငြင်ဘဲ လုပ်ကျွေးတာဝန်ကျေခဲ့သူ အဖေ….
  • မိသားစုနဲ့အတူ အဆိုးအကောင်းတွေကို မျှဝေရင်ဆိုင်ခွန်အားပေးရင်း….
  • အနားမှာ ကျန်းမာစွာရှိနေပေးတဲ့အတွက် ပြုစုစောင့်ရှောက်ခွင့်ပေးတဲ့အတွက် ပျော်ရွှင်ကြည်နူးမိပါတယ်…..

မိဘဆိုတာ သားသမီးတွေအတွက်ဆို အမြဲအဖြည့်ခံသူတွေပါ…. သားသမီးတွေကို သူတို့ဘဝ နဲ့ရင်းပြီး “ပိုး”မွေးသလို ပြုစုစောင့်ရှောက်ခဲ့သလို အမြင့်ဆုံးကိုပျံနိုင်အောင် တောင်ပံ တပ်ပေး တဲ့ ပဲ့ကိုင်ရှင်တွေပါ….

မိုးအတွက်ကတော့အမေများနေ့ အဖေများနေ့ ဆိုတာသတ်မှတ်ရက်မှ ရှိတာမဟုတ်ပါဘူး…

မိုးအမြဲ ဦးထိပ်ထားလေးစားရိုသေ တန်ဖိုးထားရတဲ့ မိဘနှစ်ပါးအတွက် မိုးရဲ့နေ့စဉ်ဘဝ ဖြတ်သန်းမှု၊ ကြိုးစားမှုစတဲ့ အချိန်တိုင်းဟာ အဖေ့အတွက်နေ့တွေပါပဲ…

#MOELifeAndBeauty #ကျွန်မချစ်သော #ရှင်သန်ခြင်းနေ့သစ်များ ” ဆိုပြီး ရေးသား ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Moe Hay Ko’s Facebook Page 

[zawgyi]


  • ” အဖေ….






Comments are closed.