ကွယ်လွန်သွားတဲ့ညီလေးမင်းသွေးကို ရည်စူးပြီး ရခိုင်စစ်ရှောင်ပြည်သူ တွေအတွက် တဲအိမ်(၁၅)လုံးလှူ ဒါန်း ခဲ့တဲ့ နေတိုးတို့မိသားစု
ကွယ်လွန်သွားတဲ့ညီလေးမင်းသွေးကို ရည်စူးပြီး ရခိုင်စစ်ရှောင်ပြည်သူ တွေအတွက် တဲအိမ်(၁၅)လုံးလှူ ဒါန်း ခဲ့တဲ့ နေတိုးတို့မိသားစု
မြန်မာနိုင်ငံရဲ့ ပရိသတ်တွေအားပေးမှုအမျာဆုံးနဲ့ အအောင်မြင်ဆုံး အနုပညာရှင် တစ် ယောက်ဖြစ်တဲ့ မင်းသားချောလေးနေတိုးကတော့အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက် ထားနိုင်တဲ့ မင်းသားချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရယူထားနိုင်တဲ့ နေတိုးကတော့ အနေအထိုင်အေးဆေးပြီး လူတိုင်းကို အပြုံးလေးတွေနဲ့ ပြော ဆိုတတ်တာကြောင့် ပရိသတ်တွေတင်မက အနုပညာရှင်အချင်းချင်းကပင် ခင်မင်ရင်းနှီး ပြီး လေးစားရသူတစ်ယောက်ပဲဖြစ်ပါတယ်။ 
နေတိုးကတော့ ” ဒီနေ့ ကွယ်လွန်သူ – သရုပ်ဆောင်- မင်းသွေး (ခ) နေမင်းအောင် ခေါ် ညီလေးငယ်အားရည်စူး၍ဆွမ်းဆက်ကပ် ပြီးတော့ ရခိုင်စစ်ရှောင်ပြည်သူများအတွက် တဲ အိမ်(၁၅)လုံးကို အလိုတော်ပြည့်ဆရာတော်ကြီးအား ဦးထိပ်ထားလျက် ရန်ကုန်မြို့ အလိုတော် ပြည့်ကျောင်းတိုက်သို့လှူဒါန်းခဲ့ပါတယ်။ပရိသတ်များအားလုံးကုသိုလ်အမျှရပြပါ​စေခင်ဗျာ.. ” ဆိုပြီး ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူရဲ့ လူမှုကွန်ယက်စာ မျက် နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 
မင်းသားချောလေးနေတိုးကတော့ ယခုမှာ ကွယ်လွန်သွားတဲ့ညီလေးမင်းသွေးကို ရည်စူးပြီး ဆွမ်းကပ်လှူပူဇော်တဲ့အပြင် ရခိုင်စစ်ရှောင်ပြည်သူတွေအတွက် တဲအိမ်(၁၅)လုံးကို မိသားစု နဲ့အတူ လှူဒါန်းခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေးနေတိုးတို့ မိသားစုလေးရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ညီလေးမင်းသွေးအတွက် ရည်စူးပြီး အလှူအတန်း ပြုလုပ်နေခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 
Source:  Nay Toe ‘ s Facebook Page 
[zawgyi]
Comments are closed.