ဆုံးပါးသွားပြီဖြစ်တဲ့ ဖေဖေ့ကိုသတိ ရလွမ်းဆွတ်ရင်း အဖေများနေ့မှာ အဖေရှိသူတိုင်းကိုအားကျမိကြောင်း ပြောလာတဲ့အူဝဲ

ဆုံးပါးသွားပြီဖြစ်တဲ့ ဖေဖေ့ကိုသတိ ရလွမ်းဆွတ်ရင်း အဖေများနေ့မှာ အဖေရှိသူတိုင်းကိုအားကျမိကြောင်း ပြောလာတဲ့အူဝဲ

ပြည်သူချစ်သရုပ်ဆောင် မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ ပရိသတ်တွေအားလုံး ရဲ့ရင်ထဲမှာ အမြဲတမ်းနေရာယူထားသူလေး ဖြစ်ပါတယ် ။ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်း သမီးတစ်လက်ဖြစ်တဲ့ သူမက ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သလို ထပ်ဆင့်အကယ်ဒ မီဆု ရှင်ဆိုရင်လည်း မမှားပါဘူးနော် ။ အူဝဲက ကလေးနှစ်ယောက်မေမေဖြစ်ပြီး ပျော်ရွှင်စ ရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ် ။

အူဝဲက အနုပညာအလုပ်တွေနဲ့ မအားလပ်ပေမယ့်လည်း သူချစ်ရတဲ့မိသားစုလေးအပေါ်မှာ အမြဲတမ်းအချိန်ပေးနေတာ ဖြစ်ပါတယ် ။ ဒီနေ့ကတော့ အဖေများနေ့လေးဖြစ်တာကြောင့် အူဝဲက မိသားစုအမှတ်တရပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ အူဝဲက အဖေများနေ့ မှာ သူမရဲ့ဖခင်နဲ့ ခင်ပွန်းကိုဂုဏ်ပြုကြောင်း စကားဆိုထားတာလည်း ဖြစ်ပါတယ် ။

အူဝဲက “ကျွန်မ​၏ တန်ဖိုးမဖြတ်နိုင်သော ဖေဖေ နှင့် ကျွန်မ​၏ တန်ဖိုးရှိသော ခင်ပွန်း တို့အတွက် ဂုဏ်ပြုပါသည်…အဖေရှိသောသူတိုင်းကို အားကျပါ​၏…”Happy Father’s Day” အဖေများအားလုံးကို လေးစားလျှက်…..” ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ ရေးသားပြော ပြထားတာ ဖြစ်ပါတယ် ။ အူဝဲက အဖေများနေ့မှာ သူမချစ်ရတဲ့ဖေဖေကိုလွမ်းဆွတ် သတိရ နေတာလည်း ဖြစ်ပါတယ် ။ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောအိန္ဒြာကျော်ဇင် ရဲ့မိသားစုအမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Eaindra Kyaw Zin’s FB Page

[zawgyi]





Comments are closed.