အဖေများနေ့မှာ ကွယ်လွန်သွားခဲ့ တာ(၁၀)နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ဖခင်ဖြစ်သူကိုရည်စူးပြီး အလှူအတ န်းတွေပြုလုပ်ပေးခဲ့တဲ့ ချယ်ရီသင်း

အဖေများနေ့မှာ ကွယ်လွန်သွားခဲ့ တာ(၁၀)နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ဖခင်ဖြစ်သူကိုရည်စူးပြီး အလှူအတ န်းတွေပြုလုပ်ပေးခဲ့တဲ့ ချယ်ရီသင်း

ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ အဆိုတော်ချယ်ရီသင်းကိုတော့ ပရိသတ်ကြီး သိ ပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့ မကြာသေးခင်ကမှ *မ လို့ပဲခေါ်* ဆိုတဲ့သီချ င်းလေးကို ထွက်ရှိထားပြီး အဆိုပါသီချင်းလေးကလည်း လူငယ်တွေရဲ့ပါးစပ်ဖျားမှာ နေရာယူထားနိုင်တဲ့အထိအောင်မြင်ခဲ့ပါတယ်။ချယ်ရီသင်းကတော့ ဒီနေ့မှာကျရောက်တဲ့ အဖေများနေ့မှာ ကွယ်လွန်သွားခဲ့တာ(၁၀)နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ဖခင်ဖြစ်သူကိုရည်စူးပြီး အလှူအတန်းတွေပြုလုပ်ပေးခဲ့ပါတယ်။

သူမကတော့ “ သြော် ဒီနေ့အဖေများနေ့တဲ့လားဖေဖေ သမီးတို့ကိုခွဲသွားတာ ဒီနေ့ဆို ၁၀နှစ် တိတိပြည့်ခဲ့ဲပြီနော်ဖေဖေ အဆင်ပြေနေရဲ့လား အမြဲလွမ်းနေပါတယ် ဒီနေ့ဖေဖေ့အတွက် မြိုင်သီလရှင်ကျောင်းနဲ့တခြားဘုန်းကြီးကျောင်းတွေမှာ ဆန်၆အိတ်နဲ့ ဝတ္ထုငွေ လှူဒါန်းပြီး အမျှဝေခဲ့ပါတယ်သာဓုခေါ်တဲ့အချိန် ဆရာလေးကဖေဖေ့နံံမည်တပ်ပြီးအမျှဝေတော့ လေ သမီးမှာငိုချင်တာမနည်းထိန်းထားရတယ် သေလောက်အောင်လွမ်းပါတယ်ဖေဖေ ဒါပါပဲ ဖေဖေ ဖေဖေကောင်းရာသုဂတိလားပါစေ

သမီးဖေဖေဖြစ်စေချင်တဲ့ အဆိုတော်ကြီးဖြစ်ဖို့လမ်းကြောင်းလေးပေါ်တော့ရော က်စပြုနေပြီ ဖေဖေရဲ့ သိလား တိုက်ခိုက်တဲ့သူတွေလည်းအများကြီးပေါ့ ဒါပေမဲ့ သမီးအားတင်းပြီးလျှော က်နေဆဲပါဖေဖေ ဖေဖေ ဆန္ဒအတိုင်း စံပြ မိသားစုဖြစ်အောင် စည်းစည်းလုံးလုံးတိုင် တိုင် ပင်ပင်ချစ်ချစ်ခင်ခင်နဲ့နေပါတယ်ဖေဖေ ဖေဖေကိုချစ်တဲ့ သမီးငယ်လေး အမှိုက်Cherry Thin”ဆိုပြီး သူ့ရဲ့လူမှု့ကွန်ရက်စာမျက်နှာကနေ မျှဝေထားတာပဲဖြစ်ပါတယ် ။ပရိသတ်ကြီး ကလည်း ဖခင်ဖြစ်သူကို ရည်စူးပြီးအလှူအတန်းတွေပြုလုပ်ပေးတဲ့ ချယ်ရီသင်းရဲ့အ လှူ လေးအတွက် သာဓုခေါ်ဆိုပေးခဲ့ပါအုံးနော်..။

Source-Cherry Thin

[Unicode]




Comments are closed.