သမီးေလးကို စိတ္တိုင္းက်ဓာတ္ပံု ရိုက္ေပးေနတဲ့ ခ်စ္ဇနီးအိျႏၵာေက်ာ္ ဇင္ရဲ့ ပံုေလးေတြကို မိမိရရမွတ္တမ္း တင္ေပးခဲ့တဲ့ ေျပတီဦး

သမီးေလးကို စိတ္တိုင္းက်ဓာတ္ပံု ရိုက္ေပးေနတဲ့ ခ်စ္ဇနီးအိျႏၵာေက်ာ္ ဇင္ရဲ့ ပံုေလးေတြကို မိမိရရမွတ္တမ္း တင္ေပးခဲ့တဲ့ ေျပတီဦး

မန္မာနိုင္ငံရဲ့ အေက်ာ္အေမာ္ဇနီးေမာင္နွံနွစ္ေယာက္ျဖစ္တဲ့ ေျပတီဦးနဲ့ အိျႏၵာေက်ာ္ဇင္က အကယ္ ဒမီဆုေတြမ်ားစြာကို ပိုင္ဆိုင္ထားသူေတြပဲ ျဖစ္ပါတယ္။ အနုပညာအလုပ္၊ စီးပြားေရး အလုပ္ေတြကို ဦးစီးလုပ္ကိုင္ေနၾကတဲ့ ေျပတီဦးနဲ့ အိျႏၵာေက်ာ္ဇင္တို့ ဇနီးေမာင္နွံက သားနဲ့ သမီးကိုလည္း အခ်ိန္ေပး ဂရုစိုက္ေနတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ရုပ္ရွင္ရိုက္ကူးျခင္းေ တြ ရပ္နားထားတဲ့ ေျပတီဦးနဲ့ အိျႏၵာေက်ာ္ဇင္တို့ဇနီးေမာင္နွံက သမီးၾကီး ေျပသုျဒာနဲ့ သားငယ္ ေျပဓီရတုိ့နားမွာေနရင္း မိသားစုအခ်ိန္ေတြကို ကုန္ဆံုးေနတာပဲ ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာေတာ့ ေျပတီဦးက သမီးေလးကို စိတ္တိုင္းက်ဓာတ္ပံုရိုက္ေပးေနတဲ့ ခ်စ္ဇနီး အိျႏၵာေက်ာ္ဇင္ရဲ့ ပံုေလးေတြကို မိမိရရမွတ္တမ္းတင္ေပးခဲ့ေၾကာင္း အိျႏၵာေက်ာ္ဇင္က အခုလိုပဲ ေျပာထားပါတယ္။ “ညီအမ ႏွစ္ေယာက္ အဲ ဟုတ္ပါဝူး သားအမိႏွစ္ေယာက္ ကို ေဖေဖက လွမ္း ႐ိုက္ေပးထားတာ😜 (မ်က္ႏွာမေပၚလို႔လားမသိဘူး ကိုယ္အရမ္းႀကိဳက္ မိေသာပုံေလးမ်ား😁)” ဆိုျပီး သူမနဲ့ သမီးၾကီး သုသုရဲ့ ပံုေလးေတြကို မွ်ေဝေပးထားပါတယ္။

သုသုေလးကေတာ့ တစ္ေန့တစ္ျခား အရြယ္ေရာက္ၾကီးျပီးလင္းျပီး ေမေမ အိျႏၵာေက်ာ္ဇင္ရဲ့ အရပ္ကိုေတာင္ မွီေတာ့မယ္ေနာ္။ ပရိသတ္ၾကီးလည္း ၾကည္နူးစရာေကာင္းတဲ့ အိျႏၵာေက်ာ္ ဇင္တို့ သားအမိနွစ္ေယာက္ရဲ့ ပံုေလးေတြကို သေဘာက်ၾကမယ္ ထင္ပါတယ္။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections

[Unicode]

မန်မာနိုင်ငံရဲ့ အကျော်အမော်ဇနီးမောင်နှံနှစ်ယောက်ဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က အကယ် ဒမီဆုတွေများစွာကို ပိုင်ဆိုင်ထားသူတွေပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်၊ စီးပွားရေး အလုပ်တွေကို ဦးစီးလုပ်ကိုင်နေကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံက သားနဲ့ သမီးကိုလည်း အချိန်ပေး ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးခြ င်းေ တွ ရပ်နားထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံက သမီးကြီး ပြေသုဒြာနဲ့ သားငယ် ပြေဓီရတို့နားမှာနေရင်း မိသားစုအချိန်တွေကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ပြေတီဦးက သမီးလေးကို စိတ်တိုင်းကျဓာတ်ပုံရိုက်ပေးနေတဲ့ ချစ်ဇနီး အိန္ဒြာကျော်ဇင်ရဲ့ ပုံလေးတွေကို မိမိရရမှတ်တမ်းတင်ပေးခဲ့ကြောင်း အိန္ဒြာကျော်ဇင်က အခုလိုပဲ ပြောထားပါတယ်။ “ညီအမ နှစ်ယောက် အဲ ဟုတ်ပါဝူး သားအမိနှစ်ယောက် ကို ဖေဖေက လှမ်း ရိုက်ပေးထားတာ😜 (မျက်နှာမပေါ်လို့လားမသိဘူး ကိုယ်အရမ်းကြိုက် မိသောပုံလေးများ😁)” ဆိုပြီး သူမနဲ့ သမီးကြီး သုသုရဲ့ ပုံလေးတွေကို မျှဝေပေးထားပါတယ်။

သုသုလေးကတော့ တစ်နေ့တစ်ခြား အရွယ်ရောက်ကြီးပြီးလင်းပြီး မေမေ အိန္ဒြာကျော်ဇင်ရဲ့ အရပ်ကိုတောင် မှီတော့မယ်နော်။ ပရိသတ်ကြီးလည်း ကြည်နူးစရာကောင်းတဲ့ အိန္ဒြာကျော် ဇင်တို့ သားအမိနှစ်ယောက်ရဲ့ ပုံလေးတွေကို သဘောကျကြမယ် ထင်ပါတယ်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections

Comments are closed.