စမိုင်းလ်ရဲ့ ၃၆ နှစ်ပြည့်မွေးနေ့အ လှူလေးမှာ ကိုယ်တိုင်ပြုလုပ်တဲ့ ထောပတ်ထမင်း ပွဲ 100ကို မှာ ယူလို့ ပျော်မဆုံးဖြစ်နေတဲ့ ညီနန္ဒ

စမိုင်းလ်ရဲ့ ၃၆ နှစ်ပြည့်မွေးနေ့အ လှူလေးမှာ ကိုယ်တိုင်ပြုလုပ်တဲ့ ထောပတ်ထမင်း ပွဲ 100ကို မှာ ယူလို့ ပျော်မဆုံးဖြစ်နေတဲ့ ညီနန္ဒ

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အကောင်းဆုံးလျှောက်လှမ်း လာခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တွေ ရရှိခဲ့တဲ့ မင်းသား ညီနန္ဒ ကိုတော့ ပရိသတ်တွေသိကြ မယ် လို့ထင်ပါတယ်။ မင်းသား ညီနန္ဒဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လို ဇာတ်ကောင်တွေပဲဖြစ်ဖြစ် အကောင်းဆုံးသရုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။

လတ်ရှိ မှာတော့ အနုပညာတွေကို အရင်ကထပ်မလုပ်တော့ပေးမယ့် အနည်းအကျဉ်း မျှသာ လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။

လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာလည်း ညီနန္ဒက အရသာ ရှိတဲ့ ထောပတ်ထမင်း ကို ကိုယ်တိုင်ချက်ပြီး delivery လုပ်ကာ ကိုယ်ပိုင်စီးပွားလုပ်ငန်း တစ်ခုကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် အရသာရှိပြီး ဈေးလည်းသက်သာ တာ ကြောင့် စားသုံးသူတွေရဲ့ အားပေးမှု တွေကလည်း တစ်နေ့တစ်နေ့ ရာနဲ့ချီနေတာကိုတွေ့ရ ပါတယ်။ ယခုတစ်ခါမှာ မင်းသမီး စမိုင်းလ်က မွေးနေ့ဆွမ်းကပ်ဖို့အတွက် ထောပတ်ထမင်း ပွဲ(၁၀၀) အားပေးခဲ့တာလေး ကိုဝမ်းသားပီတိဖြစ်နေတဲ့ ညီနန္ဒ က သူ့ရဲ့ လူမှုကွန်ယက်စာ မျက် နှာမှာ ရေးသားဖော်ပြ လာ ခဲ့ပါတယ်။

“ဒီနေ့ကျရောက်တဲ့မွေးနေ့မှာ “‘ကိုနန္ဒ ထောပတ်ထမင်း”‘ ပွဲ၁၀၀ အားပေးတဲ့ ညီမလေး Smile “‘ Than Smile “‘ ကို ကျေးဇူးအထူးတင်ပါတယ်…Happy Birthday ပါ ညီမလေး ရေ… ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေ ပြည်စုံပါစေ… ဆန္ဒနဲ့ဘဝ တစ် ထပ်တည်း ဖြစ်ပါစေ…ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်စုံပါစေ…

အခုထက်ပိုပြီး သာသနာပြုနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးဖြစ်ပါစေ…အစ်ကို့ထောပတ် ထမင်း အရမ်းစားကောင်းလို့ထပ်အားပေးတာလို့ ပြောတော့ အရမ်းကိုဝမ်းသာပီတိဖြစ်ရ ပါတယ် “‘ကိုနန္ဒ ထောပတ်ထမင်း”‘ အစွမ်းကုန်ဆက်၍ကြိုးစားသွားပါ့မယ်…” ဆိုပြီး ရေး သား ထားပါသေးတယ်။ချစ်ပရိသတ်တွေလည်း မင်းသား ညီနန္ဒ နဲ့အတူ ထပ်တူ ဝမ်းသာပီ တိ ဖြစ်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Photo Credit – Nyi Nanda

Source – Nyi Nanda’s facebook Page

Comments are closed.