စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် သူမရဲ့လက်ရှိအခြေအနေမှန်ကို အပွင့်လင်းဆုံးပြောလာတဲ့ မယ်လိုဒီ

စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် သူမရဲ့လက်ရှိအခြေအနေမှန်ကို အပွင့်လင်းဆုံးပြောလာတဲ့ မယ်လိုဒီ

သရုပ်ဆောင် မယ်လိုဒီကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အိမ်ထောင်ရေးကိစ္စတွေကြောင့် လူမှု ကွန်ယက်စာမျက်နှာမှာ သတင်းတွေ ပျံ့နှံ့ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မယ်လိုဒီက သူမရဲ့ အခြေအနေနဲ့ ပက်သတ်ပြီး ပရိသတ်တွေ အထင်အမြင်လွဲမှုမရှိစေဖို့ သူမရဲ့ ဖေ့စ်ဘုတ် အေ ကာင့်ကနေပြီး အခုလိုပဲ ပြောလာပါတယ်။

“စိတ်ပူပင်နေကြတဲ့ ပရိသတ်ကြီးကို အသိပေးပါရစေရှင် ကျွန်မအနေနဲ့ မတူညီမှုများစွာနဲ့ ညှိမရတဲ့အနေအထား အခြေအနေတွေကြောင့် လွန်ခဲ့တဲ့နှစ်ကတည်းက အမျိုးသားနဲ့ လမ်းခွဲ ခဲ့ကြတာပါ။ သားလေးနဲ့ မိဘများရဲ့မျက်နှာ၊ ထောက်ထားစရာတွေရှိတာကြောင့်သာ တရားဝင် မထုတ်မပြောခဲ့တာပါ။ တစ်မိုးထဲအောက်၊ မိဘများနဲ့အတူ လွတ်လပ်စွာနေထိုင်ခဲ့ကြတာ ကာ လ အတော်ကြာပြီဆိုတာ ရင်းနှီးတဲ့မိတ်ဆွေတွေ သိကြပါတယ်”

“သားလေးကိစ္စရှိတာပဲဖြစ်ဖြစ်၊ ပွဲလမ်းတွေရှိခဲ့တာပဲဖြစ်ဖြစ် သူနဲ့ကျွန်မက သားလေးရဲ့မိဘအေ န နဲ့ရော၊ မိတ်ဆွေကောင်းအနေနဲ့ရော မိသားစုလို ပုံမှန်သွားလာတာလည်း ရှိခဲ့ကြပေမယ့် လည်း နှစ်ဦးစလုံးဟာ လွတ်လပ်သူ၊ အမှီအခိုကင်းသူအနေနဲ့ သီးခြားရပ်တည်ခဲ့ကြတာပါ. တရားဝင်လွတ်လပ်ကြသူတွေမို့လည်း တစ်ယောက်နဲ့တစ်ယောက် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ရေးကိုယ်တာကိစ္စကအစ စွက်ဖက်မှုလည်း မလုပ်ကြပါဘူး။”

“အနှောင်အဖွဲ့ကင်းတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကျွန်မရဲ့ ရပ်တည်မှုမှာ ဘယ်သူ့ကိုမှ ဘယ်မိ သား စုကိုမှ ထိခိုက်စေခြင်းလည်း မရှိခဲ့တာတော့ သေချာပါတယ်။ တရားဝင်လွတ်လပ်တဲ့သူ တစ်ယောက်အနေနဲ့ တစ်စုံတစ်ယောက်နဲ့ ပက်သက်မှုရှိခဲ့ရင်လည်း လွတ်လပ်သူတွေဖြစ်တဲ့ အတွက် လူမှုကျင့်ဝတ်ဖောက်ဖျက်ခဲ့တာမရှိပါဘူး.. လွတ်လပ်သူတွေအနေနဲ့ ကိုယ်ပိုင်သီးခြား ရပ်တည်နေတာဖြစ်ပါတယ်။”

“စိတ်ပူပေးကြတဲ့ ပရိသတ်ကြီးကို နောက်ဆုံးအနေနဲ့ ပြောပြချင်တာလေးပါ။ ကိုယ်ပိုင် ဆုံးဖြတ် ချက်နဲ့ သီးခြားလွတ်လပ်စွာရပ်တည်နေတဲ့ ကျွန်မအတွက် စိုးရိမ်ပူပန်ပေးသူများရော၊ အထ င်လွဲ မှားနေသူများရော၊ အားလုံးပဲ အေးချမ်းကြပါစေ.. သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေရှင်🙏🏻” ဆိုပြီး ပြောထာပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ြ ကီးကို ကျေးဇူးတင်ရှိပါတယ်။

Source: Melody Myo’s fb
Bilie – Cele Connections

Comments are closed.