အဖေများနေ့မှာ သားအမိ၊ သားအဖ တွေ အင်္ကျီဆင်တူလေးဝတ်ပြီး ည စာထွက်စားခဲ့ကြတဲ့ ခိုင်သင်း ကြည် တို့ မိသားစု
အဖေများနေ့မှာ သားအမိ၊ သားအဖ တွေ အင်္ကျီဆင်တူလေးဝတ်ပြီး ည စာထွက်စားခဲ့ကြတဲ့ ခိုင်သင်း ကြည် တို့ မိသားစု
သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည်ကတော့ ကျရာဇာတ်ရုပ်ကို တသွေမသိမ်း သရုပ် ဆော င်နိုင်ပေမယ့် သူမရဲ့အပြင်လက်တွေ့ကတော့ ချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ ခိုင်သင်းကြည်တစ်ယောက် အမြဲတမ်းပျော်နေရတဲ့နောက်ကွယ် မှာ မိသားစုကို ဂရုစိုက်ပြီး ကြင်နာမှုတွေအပြည့်ပေးတဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်နဲ့ ချစ်စရာ ကောင်းပြီး ဖေဖေ၊ မေမေကို သိတတ်လိမ္မာတဲ့ သမီးလေး စံထိပ်ထားဦးတို့ကြောင့် ဖြစ်တယ်ဆိုတာကို အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။
မနေ့က ဇွန်လ (၂၁) ရက်နေ့ အဖေများနေ့မှာတော့ ခိုင်သင်းကြည်တို့ မိသားစုက အင်္ကျီဆ င်တူလေးတွေဝတ်ပြီး မိသားစုစုံစုညီညီ ညစာသွားစားခဲ့ကြပါတယ်။ ခိုင်သင်းကြည်က “ဘာနေ့ ဘဲဖြစ်ဖြစ်ခေါင်းစဉ်တပ်ပြီးမိသားစုညစာထွက်စားကြသည်ပေါ့ဒီတခေါက်တော့အမျိုးတွေပါပါလို့ပိုပျော်” ဆိုပြီး အရမ်းပျော်ခဲ့ရတဲ့ အမှတ်တရလေးကို အခုလိုပဲ မျှဝေပေးထားပါတယ်။
ခိုင်သင်းကြည်တို့ မိသားစုလေးကတော့ ဘယ်အချိန်ကြည့်ကြည့် နွေးထွေးကြင်နာမှုတွေနဲ့ အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း မနေ့က အဖေများနေ့မှာ ပျော်ရွှင်စ ရာကောင်းတဲ့ အမှတ်တရတွေကို ပိုင်ဆိုင်ခဲ့ကြမယ် ထင်ပါတယ်။
Source: Khine Thin Kyi’s fb
[zawgyi]
Comments are closed.