ကြည်လင်ဝင်းပပြီး နှစ်လိုဖွယ်အလှ တရားတွေကိုပိုင်ဆိုင်ထားတဲ့ ချစ် ဇနီး လေးကို ကြည့်ကာ ချစ်မဝဖြစ် နေတဲ့ ရွှေထူး
ကြည်လင်ဝင်းပပြီး နှစ်လိုဖွယ်အလှ တရားတွေကိုပိုင်ဆိုင်ထားတဲ့ ချစ် ဇနီး လေးကို ကြည့်ကာ ချစ်မဝဖြစ် နေတဲ့ ရွှေထူး
လိုက်ဖက်တဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူကတော့ အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီတို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်း တစ်နှစ်ကျော်နေပြီပဲဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ ပျော်ရွှင်ကြည်နူးစရာကောင်းနေ ကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အနုပညာလောကမှာလည်း အောင် မြင် မှုတွေ များစွာ အသီးသီးရရှိထားကြတဲ့ အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။ 
သူတို့နှစ်ယောက်တွဲပြီး သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရုံတင်ရ န်ရှိနေပြီး ပရိသတ်တွေကလည်း သူတို့ရဲ့ ဇာတ်ကားတွေကို အားပေးကြည့်ရှုရန် စောင့် မျှော် နေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေမှုံတစ်ယောက် ကြော်ငြာ လေးတွေ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပြီး ရွှေထူးကတော့ မကြာသေးခင်က မဆယ်လီ သား တစ်လီ ဆိုတဲ့ သီချင်းလေးထွက်ရှိထားပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ရရှိ ထားတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ရွှေထူးရဲ့ Facebook Story မှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။  
ဒါကတော့ ချစ်စရာကောင်းလွန်းတဲ့ ချစ်ဇနီးလေးရဲ့ ပုံလေးတစ်ပုံကို တင်ထားပြီး ရွှေထူး ကလည်း ” ချစ်လိုက်တာ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ရွှေမှုံကလည်း တစ်နေ့ ထက် တစ်နေ့ ပိုပိုပြီး ချစ်စရာကောင်းလွန်းနေပြီး Home Stay ကာလလေးမှာ အသားအ ရည် ပုံမှန်ထိန်းသိမ်းနေတာကြောင့် သူမရဲ့ မျက်နှာလေးက ကြည်လင်ပြီး လှပနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ကျော့ရှင်းလှပနေပြီး နှစ်လိုဖွယ်အလှတရား တွေကိုပိုင် ဆိုင်ထားတဲ့ ချစ်ဇနီးလေးကို ကြည့်ကာ ချစ်မဝဖြစ်နေတဲ့ ရွှေထူးရဲ့ သတင်းလေးကို တစ် ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd – Htoo Khant’s and Shwe Mhone Yati’s Facebook Account 
[zawgyi]
Comments are closed.