နေတိုးဆီကို ခါးပတ်လက်ဆော င် ပေးတဲ့ ပရိသတ်တစ်ဦးရဲ့ကိုယ်စား ကိုယ်တိုင်သွားပေးခဲ့တဲ့ သရုပ် ဆော င် Kညီ

နေတိုးဆီကို ခါးပတ်လက်ဆော င် ပေးတဲ့ ပရိသတ်တစ်ဦးရဲ့ကိုယ်စား ကိုယ်တိုင်သွားပေးခဲ့တဲ့ သရုပ် ဆော င် Kညီ

ပရိသတ်ကြီးရေ ဟာသဇာတ်ရုပ်တွေနဲ့ ဆိုရင် ပရိသတ်တွေကို တဝါးဝါးတဟားဟားရယ်မော ပျော်ရွှင်အောင် သရုပ်ဆောင်တက်တဲ့ ဇာတ်ပို့သရုပ်ဆောင် Kညီကိုတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါ ပဲနော်။ ဒါ့အပြင် Kညီက ဟာသပိုင်းမှာ သရုပ်ဆောင်ကောင်းရုံသာမကပဲ အချစ်၊ အမုန်း၊ အလွမ်၊း အဆွေး စတာတွေမှာလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် ကော င်း တစ်ယောက်ပါနော်……။

Kညီက ဗီဒီယိုဇာတ်ကား ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အား ပေးမှုကို အခိုင်အမာရရှိထားတာလည်းဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဆို ပေမယ့် Kညီက သူရရှိတဲ့ အနုပညာငွေကြေးလေးနဲ့ သူချစ်ရတဲ့ မိခင်ကိုတော့ လတိုင်း အသုံးစရိတ်ကန်တော့နေတာကိုလည်း တွေ့ရပါတယ်နော်။ အနုပညာလှုပ်ရှားမှုတွေအပြင် Kညီက ကိုယ်ပိုင်စီးပွားရေးတစ်ခုအဖြစ် အထည်ဆိုင်လေးတစ်ဆိုင်ကို တည်ထောင်ထား ပါသေးတယ်….။

ယနေ့မှာတော့ Kညီက သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ” ကျွန်တော့်ဆိုင်က ပရိသတ် တယောက်ကခါးပတ်ဝယ်တယ်ကျေးဇူးပါ ကိုနေတိုးအတွက်လက်ဆောင် ပေးချင်လို့အကူအ ညီ တောင်းတာနဲ့ ကိုနေတိုးဆီခွင့်တောင်းပြီး သွားပေးဖြစ်တယ် လက်ဆောင်လက်ခံပေးတဲ့ အ တွက် ကျေးဇူးအများကြီးတင်ပါတယ် ကိုနေ SNAZZY ဆိုင်အတွက်ပုံလေးတင်ခွင့်ပေးလို့ ဝမ်းသာပါတယ်ခမျ” ဆိုပြီး ရေးသားကာ သရုပ်ဆောင် မင်းသားချော နေတိုးနဲ့အတူ အမှတ် တ ရရိုက်ထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲဖြစ်လို့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန် အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်……။

Source – K Nyi’s FB account 

Photo credit – K Nyi’s FB account 

[zawgyi]






Comments are closed.