အိမ်ရှေ့လမ်းမပေါ် ထွက်ကစားပြီး ပြုံးရယ်ပျော်ရွှင်နေတဲ့ မြင့်မြတ်ရဲ့ သားလေး မြတ်သူ

အိမ်ရှေ့လမ်းမပေါ် ထွက်ကစားပြီး ပြုံးရယ်ပျော်ရွှင်နေတဲ့ မြင့်မြတ်ရဲ့ သားလေး မြတ်သူ

ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ အနုပညာရှင်မင်းသားချော မြင့်မြတ်ကတော့ သဘာဝကျလွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲ နေရာယူထားသူပဲ ဖြစ်ပါတယ်..။

အကယ်ဓမီထူးချွန်ဆုတွေပါ ပိုင်ဆိုင်ထားပြီး ဒိတ်ဒိတ်ကြဲအောင်မြင်နေပေမယ့်လည်း ပကာ သနမဖက်ဘဲ ရိုးရှင်းတဲ့နေထိုင်မှုပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက သဘောကျအ ချစ်ပိုနေကြတာပါ..။

ပရိသတ်အခိုင်အမာနဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်အဖြစ် ရပ်တည် နေသလို ချစ်ဇနီးချောလေးအပြင် ချစ်စရာကောင်းလွန်းတဲ့ သားသားလေးနဲ့အတူ ကြည်နူး အားကျစရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပါ..။

ဂျူနီယာမြင့်မြတ်လေးလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ မြင့်မြတ်ရဲ့သားလေး မြတ်သူကလည်း ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေရဲ့ အသည်းကျော်လေးပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့မျက်စိရှေ့တင် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ အြတ်သူလေးကတော့ လည်လွန်းတတ်လွန်းလို့ အားလုံးက အချစ်ပိုနေကြရပြီး အခုတစ်ခါမှာလည်း အိမ်ရှေ့လ မ်းပေါ် ထွက်ကစားရလို့ မြတ်သူလေးတစ်ယောက် ပျော်နေပါတယ်နော်..။

အိမ်ရှေ့လမ်းပေါ်မှာ ဘောလုံးနဲ့ ကစားရင်း ချစ်စရာကောင်းစွာ ပြုံးရယ်ပျော်ရွှင်နေတဲ့ မြတ်သူလေးရဲ့ အသည်းယားစရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျနေကြ မှာပါနော်..။

Source & Photo Credit – Myat Wai Tun’s Fb Account

Comments are closed.