မွေးနေ့အလှူအဖြစ် ကျောင်းဆောင် အသစ်တွေ ဆောက်လုပ်ဖို့ သိန်း (၃၀၀၀)တိတိ လှူဒါန်းခဲ့တဲ့ စမိုင်းလ် တို့ဇနီးမောင်နှံ

မွေးနေ့အလှူအဖြစ် ကျောင်းဆောင် အသစ်တွေ ဆောက်လုပ်ဖို့ သိန်း (၃၀၀၀)တိတိ လှူဒါန်းခဲ့တဲ့ စမိုင်းလ် တို့ဇနီးမောင်နှံ




Source : Smile
Emily (Cele Gabar)

[Unicode]

ပရိသတ်ကြီးရေ တခေတ်တစ်ခါက ပရိသတ်တွေ အသည်းစွဲကြိုက်ခဲ့ရတဲ့ မော်ဒယ်လ်မင်း သမီးချောလေး စမိုင်းလ်ကတော့ အနုပညာလောက ကနေ အနားယူပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူပါ ။ လက်ရှိမှာတော့ စမိုင်းလ်တို့ဇနီးမောင်နှံဟာ စီးပွားရေးကိုပဲဇောက်ချလုပ်ကိုင်ရင်း အလှူရေစက်လက်နဲ့မကွာဆိုသလို လိုအပ်တဲ့နေရာ တိုင်း မှာ လှူဒါန်းမှုတွေလည်း ပြုလုပ်တတ်ပါသေးတယ် ။

ဒီနေ့မှာတော့ နှစ်ဖက်သောမိဘများကို အမှူးထားပြီး အောင်ဇမ္ဗူဆရာတော်ဘုရားရဲ့ ပြင်ဦး လွင်မြို့မှာဆောက်လုပ်မယ့် နှစ်ထပ်ကျောင်းဆောင်သစ်အတွက် သိန်း ၁၅၀၀ နဲ့ သစ်တံခါး ဆရာတော်ဘုရားရဲ့ ၃ထပ်ကျောင်းဆောင်အတွက် သိန်း ၁၅၀၀ စုစုပေါင်း သိန်း ၃၀၀၀ လှူဒါန်း ကုသိုလ်ပြု လုပ်ခဲ့ကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိ သတ် တွေသာဓုခေါ် ဆိုနို င် ဖို့ မျှဝေပေးခဲ့ပါတယ် ။

အလှူအတန်းနဲ့ကုသိုလ်ရေးတွေမှာလက်မနှေးတတ်တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ အလှူ လေးကို ပရိသတ်တွေကလည်း သာဓုခေါ်ဆိုခဲ့ကြပြီး ဒီထက်မက လှူနိုင်တန်းနိုင်ကြပါစေလို့ ဆုမွ န်ကော င်းေ တွတောင်းပေးခဲ့ကြပါတယ် ။ Cele Gabar ပရိသတ်ကြီးလည်း သာဓုခေါ် ဆိုနိုင်ဖို့အတွက် စမိုင်းလ်ရဲ့ အလှူပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေ ပေး လိုက် ပါတယ်နော် ။

Source : Smile
Emily (Cele Gabar)

Comments are closed.