ရန်ကင်းကလေးဆေးရုံသို့ သိန်း (၁၄၀)တန်အသက်ရှူစက်နှင့် ဒေါ် ခင်ကြည်ဖောင်ဒေးရှင်းသို့ (၃၆) သိန်း လှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့ဇနီး မောင်နှံ

ရန်ကင်းကလေးဆေးရုံသို့ သိန်း (၁၄၀)တန်အသက်ရှူစက်နှင့် ဒေါ် ခင်ကြည်ဖောင်ဒေးရှင်းသို့ (၃၆) သိန်း လှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့ဇနီး မောင်နှံ

မကြာခဏဆိုသလိုအလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံကတော့ လ တ်တလောဖြစ်ပွားနေတဲ့ ကပ်ရောဂါနဲ့ပတ်သက်ပြီးတော့လည်း သူတို့တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးတာဖြစ်ပါတယ်။ အဆိုပါကပ်ရောဂါနဲ့ပတ်သက်ပြီး စာဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ အနုပညာလောကသားများကိုလည်း မကြာသေးခင် ကမှသွားရောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါသေးတယ်။

မနေ့ကလည်း နှစ်ဖက်သောမိဘများကိုအမှူးထားပြီး အောင်ဇမ္ဗူဆရာတော်ဘုရားရဲ့ ပြင်ဦး လွင်မြို့မှာဆောက်လုပ်မယ့် နှစ်ထပ်ကျောင်းဆောင်သစ်အတွက်သိန်း ၁၅၀၀ နဲ့ သစ်တံခါး ဆရာတော်ဘုရားရဲ့၃ထပ်ကျောင်းဆောင်အတွက်သိန်း ၁၅၀၀ စုစုပေါင်း သိန်း ၃၀၀၀ လှူ ဒါန်းမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မှာလည်း ရန်ကင်းကလေးဆေးရုံသို့ သိန်း ၁၄၀တန်အသက်ရှူစက်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ၃၆သိန်းလှူဒါန်းခဲ့တယ် ဆိုတဲ့ အကြောင်း စမိုင်းလ်ကသူမရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားခဲ့ပါတယ်။

ပရိသတ်ကြီးရေမကြာခဏဆိုသလိုအလှူအတန်းတွေပြုလုပ်နေတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ ရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်..။

Source:စမိုင်းလ် Smile

[zawgyi]





Comments are closed.