ရိုးရိုးရှင်းရှင်းလေးနဲ့နေချင်စဖွယ်ရှိပြီး နွေးထွေးအေးချမ်းတဲ့ သူ့ရဲ့အိမ် လေးကိုဗီဒီယိုရိုက်ပြီးမျှဝေလာတဲ့ ကျော်ကျော်

ရိုးရိုးရှင်းရှင်းလေးနဲ့နေချင်စဖွယ်ရှိပြီး နွေးထွေးအေးချမ်းတဲ့ သူ့ရဲ့အိမ် လေးကိုဗီဒီယိုရိုက်ပြီးမျှဝေလာတဲ့ ကျော်ကျော်

ပရိသတ်ကြီးရေ သရုပ်ဆောင်ကျော်ကျော်ကတော့ ဗီဒီယိုခေတ်ကတည်းက ဗီဒီယိုဇာတ် ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိလာတာဖြစ်ပါတယ်။ညီထွဋ်ခေါင်၊ဆုမြတ်နိုးဦးတို့နဲ့လည်း အရမ်းခင်မင်ရင်းနှီးပြီး သူ ငယ် ချင်းသုံးယောက်က မကြာခဏဆိုသလို ဟာသဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာ မျက်နှာမှာ ပရိသတ်တွေအတွက်မျှဝေပေးနေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူတို့သုံးယောက်လုံးကိုချစ်ကြပြီး သူတို့ရဲ့လှုပ်ရှားမှုတိုင်းကိုအားပေးနေကြတာဖြစ်ပါတယ်။

ကျော်ကျော်က လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ် ဆောင်နေ တာဖြစ်ပြီး ချစ်ရတဲ့သူငယ်ချင်းတွေနဲ့လည်း ဗီဒီယိုအတိုလေးတွေ အတူတူရိုက်ကူးနေကြ တာဖြစ်ပါတယ်။ကျော်ကျော်က သာယာနွေးထွေးတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားပြီး မိသားစု နဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ ကျော်ကျော်က သူ့ရဲ့နွေးထွေးတဲ့အိမ်လေးအနှံ့ကို ဗီဒီယိုလေးရိုက်ထားတာဖြစ်ပါတယ်။

ကျော်ကျော်တို့မိသားစုရဲ့အိမ်လေးက ရိုးရိုးရှင်းရှင်းလေးနဲ့ နေချင်စဖွယ်ရှိပြီး အပေါ်ထပ် ကလသာဆောင်မှာလည်း သစ်ပင်၊ပန်းပင်လေးတွေနဲ့ အရမ်းအေးချမ်းတဲ့နေရာ လေးပါ နော်။ကျော်ကျော်တို့မိသားစုဓာတ်ပုံလေးတွေကလည်း နံရံမှာအပြည့်ချိတ်ထားပြီး ကျော် ကျော်တို့မောင်နှမနှစ်ယောက်ရဲ့ ဘွဲ့ဓာတ်ပုံလေးတွေကလည်း ဧည့်ခန်းမှာချိတ် ထားတာ ဖြစ်ပါတယ်။ကျော်ကျော်ရဲ့ နွေးထွေးပြီးအေးချမ်းတဲ့အိမ်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source&Photo Credit:Kyaw Naing Oo’s Facebook Account

[zawgyi]




Comments are closed.