စပွန်ဆာ မယူဘူး မရှိရင် တောင်း စားလိုက်မယ်ဆို တဲ့ ဖြူဖြူထွေး

စပွန်ဆာ မယူဘူး မရှိရင် တောင်း စားလိုက်မယ်ဆို တဲ့ ဖြူဖြူထွေး

ဖြူဖြူထွေးဆိုတာ လွန်ခဲ့တဲ့အချိန်အနည်းငယ်ကမှ အကဗီဒီယိုလေးတွေ၊ဟာသဗီဒီယိုေ လးေ တွနဲ့ နာမည်ကျော်ကြားလာပြီး ပရိသတ်တွေရင်ထဲဝင်ရောက်လာတဲ့ အနုပညာရှင်တစ်ဦးဖြစ် ပါတယ်။

အင်တာဗျူးတွေဖြေရင် ပွင့်ပွင့်လင်းလင်းဟက်ဟက်ပက်ပက်ဖြေတတ်တဲ့ ဖြူဖြူထွေးကို ချစ် တဲ့ပရိသတ်တွေက အခိုင်အမာရှိနေတာဖြစ်ပြီးဖြူဖြူထွေးရဲ့အနုပညာကိုတခဲ နက်အားေ ပးတဲ့ သူတွေကလည်း မြန်မာနိုင်ငံရဲ့နယ်ဘက်တွေမှာပါရှိနေ တာ ပါ။မကြာသေးမီက ဟိန်းမင်းသူ facebook account hack ခံရပြီးနောက်မှာ ဟိန်းမင်းသူကိုဖုန်းနံပါတ်ပေးထားတဲ့ဖြူဖြူထွေး ရဲ့ဖုန်းနံပါတ်က ပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြူဖြူထွေးက “ဟိန်းမင်းသူနဲ့က သူငယ်ချင်းမဟုတ်ဘူး။ သူက MTV ရိုက်ချင်တယ်ဆိုပြီးတော့အပြင်မှာလည်းတစ်ခါမှမတွေ့ဖူးဘူး။ သူက MTV ရိုက်ချင် တယ် ဆိုပြီးတော့ ညီမက ဖုန်းနံပါတ်လေးပေးလိုက်တာပါ။

ပြီးတော့ သူက MTV သီချင်းပုံစံလေးတွေပြောပြတယ်။ ကျန်တာက ထွေထွေထူးထူးမရှိပါဘူး။ ဟုတ်ကဲ့”လို့ ဖြေကြားထားပါ တယ်။ကိုယ်ပိုင်ဖုန်းနံပါတ်ပျံ့နှံ့သွားတဲ့အတွက်ကြုံလာရတဲ့ ပြဿနာတွေကိုလည်း ဖြူဖြူထွေးက “နှစ်ရက်သုံးရက်လောက် အိပ်လို့လည်းမရပါဘူး။

ဆက်တိုက်တွေဆက်တာဆိုတော့။ Facebook မှာနင်ကဘာလဲမလေးမစားလုပ်တာလား။ ဖုန်းခေါ်နေတယ်ဆိုပြီးတော့ လုပ်ငန်းရှင်တွေက အထင်လွဲတာပေါ့။အသားလွတ်ကို ထိုင်ပြီး ဆဲတဲ့သူတွေလည်းရှိသလို တကယ်ကိုအားပေးတဲ့ပရိသတ်တွေကျတော့လည်း နစ်နာတာေ ပါ့။သူတို့မှာဖုန်းလေးပြောချင်လို့လေ ဖုန်းနံပါတ်ရသွားတာကိုလည်းအပြစ်မပြောပါဘူး”လို့ ပြော ပထားပါ တယ်။

နောက်ပြီးဖြူဖြူထွေးရဲ့ဖုန်းနံပါတ်ဟာ သိန်းရာကျော်တန်တဲ့ဖုန်းနံပါတ်ဆိုတော့ အနုပညာအ လုပ် လည်းမယ်မယ်ရရမရှိသေး ပဲနဲ့ သိန်းရာကျော်တန်တဲ့နံပါတ်ကြီးကိုင်နိုင်တာ စပွန်ဆာရှိုလို့ ပဲဖြစ်မယ်ဆိုတဲ့ကောလဟလကိုလည်း ဖြူဖြူထွေးက “ဘုရားတရား…စပွန်ဆာဆိုတာဘာမှ တာင်မသိပါဘူး။စပွန်ဆာဆိုတာ အချိုရည်တစ်ခုပဲသိပါတယ်။

ညီမမွေးကတည်းက ကိုယ့်အနုပညာရတဲ့ပိုက်ဆံနဲ့ပဲအိမ်ကိုထောက်ပံ့တယ်။ မွေးကတည်းက ညီမ မရှိရင် ဝန်ထမ်းလုပ်လိုက်မယ်။လမ်းဘေးမှာတောင်းစားလိုက်မယ်။ အဲ့လိုမျိုးတော့မ ရှိပါ ဘူး”လို့ ဖြေကြားထားပါတယ်။ဒါ့အပြင်ဖြူဖြူထွေးက လက်ရှိအနုပညာအလုပ်တွေဆက် တိုက် လုပ်နေကြောင်းကိုလည်း “အခု ကိုယ့်ကိုလာကမ်းလှမ်းတဲ့လုပ်ငန်းရှင်တွေအများကြီးရှိတယ်။

ကြောငြာတွေကလည်း အဆက်မပြတ်ရိုက်ကူးနေရတယ်။ အနုပညာလုပ်ငန်းက ဆက်တိုက် ကိုလုပ်နေပါတယ်။ Facebook ပေါ်မတင်ဖြစ်တာလေးတစ်ခုပါပဲ။ကျောင်းစာမေးပွဲတွေ က လည်းတစ်ဖက် အနုပညာအလုပ်တွေကလည်းတစ်ဖက်ဆိုတော့ အချို့ကလည်းထင်ရင်ထင် လိမ့်မယ်။အနုပညာနဲ့အလှမ်းဝေးသွားပြီလို့ အမှန်တော့မဟုတ်ပါဘူးလို့ အနုပညာလှုပ်ရှား မှုက အမြဲတမ်းလုပ်နေပါတယ်”လို့ ပြောကြားထားပါတယ်

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဖြူဖြူထွေး ကို ချစ်တဲ့သူတွေရှိလား။ အနုပညာအလုပ်ေ တွဇယ်ဆက်သလိုလုပ်နေရတဲ့ ဖြူဖြူထွေးရဲ့ ရုပ်ရှင်တွေ၊MTV တွေထွက်လာရင်ရော.. အားေ ပးကြမှာလား။ ပြောခဲ့ကြ ဦးနော်။

Comments are closed.