မြင်ပါများလို့ရိုးသွားတဲ့ထဲမှာ သူ့အ ပြုံးတွေရောပါလားလို့ ပရိတ်သတ် တွေ ကိုမေးလာတဲ့ ကျော်ထက်ဇော်

မြင်ပါများလို့ရိုးသွားတဲ့ထဲမှာ သူ့အ ပြုံးတွေရောပါလားလို့ ပရိတ်သတ် တွေ ကိုမေးလာတဲ့ ကျော်ထက်ဇော်

ပရိတ်သတ်ကြီးရေ….တည်ကြည်ခန့်ညားတဲ့ရုပ်ရည်နဲ့ မိန်းကလေးပရိတ်သတ်အများစုရဲ့ အားပေးနှစ်သက်မှုကိုအပြည့်အ၀ရရှိထားတဲ့ Mrtv-4ရဲ့မင်းသားချောများထဲတွင် ကျော် ထက်ဇော်လည်းအပါအ၀င်ဖြစ်ပါတယ်နော်။ သူဟာ တက်သစ်စသရုပ်ဆောင် တစ်ယောက် ဖြစ်ပေမယ့် ကျရာဇာတ်ရုပ်ကိုအပီအပြင်သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်ယောက်ဆို လည်း မမှားပါဘူး။

ကျော်ထက်ဇော်ဟာ အမုန်းမှသည်ဇာတ်လမ်းတွဲနဲ့ပရိတ်သတ်တွေစတင်အားပေး မှုရရှိ လာခဲ့တာဖြစ်ပြီး မကြာခင်ကပြသပြီးခဲ့တဲ့ အချစ်ဖွဲ့လေညင်းရုပ်သံဇာတ်လမ်းတွဲမှာလည်း နှစ်ကိုယ်ခွဲအနေနဲ့ အကောင်းဆုံးသရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိတ်သတ်ချစ်ခင်အားပေးမှု ရရှိခဲ့တာပဲဖြစ်ပါတယ်။ ကျော်ထက်ဇော်ဟာ အလှူဒါနတွေလည်း မကြာခဏလုပ်တတ်သူ ဖြစ်ပြီး မကြာသေးခင်ကလည်း ခိုင်နှင်းဝေရဲ့မိဘမဲ့ဂေဟာမှာလည်း လှူဒါန်းမှုတွေပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

ကျော်ထက်ဇော်ဟာ သူငယ်ချင်းတွေနဲ့လည်းပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့သူလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း သူ့ရဲ့ Facebookစာမျက်နှာတွင်”မမြင်တာကြာလို့ ရိုးသွားမယ့်အထဲမှာကျနော့်အပြုံးတွေပါလား” ‌ဆိုတဲ့captionလေးနဲ့ သူ့ရဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ….ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source-Kyaw Htet Zaw’s Facebook acc

Photo credit-Kyaw Htet Zaw’s Facebook acc

[zawgyi]






Comments are closed.