မေမြင့်မိုရ်ရဲ့အိမ်ကိုအလည်သွားပြီး နှစ်ယောက်သားရဲ့ ချစ်စရာပုံရိပ် လေး တွေတင်လိုက်တဲ့ အိချောပို
မေမြင့်မိုရ်ရဲ့အိမ်ကိုအလည်သွားပြီး နှစ်ယောက်သားရဲ့ ချစ်စရာပုံရိပ် လေး တွေတင်လိုက်တဲ့ အိချောပို
အပြုံးလေးတွေကိုက ဆွဲဆောင်မှုတွေပြည့်နေတဲ့ မင်းသမီးနှစ်လက်ဖြစ်တဲ့ အိချောပိုနဲ့ မေမြင့်မိုရ်တို့နှစ်ယောက်သားရဲ့ ချစ်စရာပုံရိပ် လေးတွေဟာ လူမှုကွန်ရက်ပေါ်မှာ အရမ်းကို ရေပန်းစားနေခဲ့ပြီး ပရိသတ်တွေကလည်း သဘောကျနေခဲ့ကြပါတယ်။ Stay Home ကာလ တွေ အနည်းငယ်ပြေလျော့လာတဲ့အချိန်မှာတော့ ကိုယ်ချစ်ရတဲ့သူတွေဆီကို အလည်သွား ရင်း ပျော်စရာအချိန်လေးတွေကို ပြန်လည်ကုန်ဆုံးခဲ့ကြပါတယ်။
နှစ်ယောက်သားရဲ့ချစ်စရာပုံရိပ်လေးတွေကိုတော့ မေမြင့်မိုရ်ရဲ့မောင်လေး သျှင်းမြတ်က ရိုက်ပေးထားတာပဲဖြစ်ပါတယ်။ ချစ်စရာ မင်းသမီးလေးနှစ်ယောက်မို့ ပရိသတ်တွေကလည်း သဘောတကျရှိနေကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတဲ့နေ့တွေမှာ တောင် အတူတူ Tik Tok တွေကို ပုံစံတူကစားခဲ့ပြီး အမိုက်စားဗီဒီယိုတွေ ဖန်တီးခဲ့ကြပါသေးတယ်။
မကြာခင်မှာလည်း Stay Home ကာလကြီးပြီးဆုံးတော့မှာဖြစ်လို့ အလုပ်တွေလည်း ပုံမှန်အတိုင်းပြန်လည်ပတ်နိုင်တော့မှာပါ။ ဒီရောဂါဆိုးကြီးကိုတော့ အားလုံးရဲ့ စနစ်တကျ ကာကွယ်မှုအပြင် ကျန်းမာရေးအသိ ကျန်းမာရေးသတိရှိရှိနဲ့ ရင်ဆိုင်သွားမယ်ဆိုရင် ပိုပြီးကျန်းမာပျော်ရွှင်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးနိုင်မှာပါ ပရိသတ်ကြီးရေ။
Happy – Cele Zone
Photo – May Myint Mo
[zawgyi]
Happy – Cele Zone
Photo – May Myint Mo
Comments are closed.