အကုန္လုံးနဲ႔တစ္ေယာက္မလဲႏိုင္လို႔ ခ်စ္သူမထားေသးတာပါဆိုတဲ့ ေက်ာ္ ထက္ေဇာ္

အကုန္လုံးနဲ႔တစ္ေယာက္မလဲႏိုင္လို႔ ခ်စ္သူမထားေသးတာပါဆိုတဲ့ ေက်ာ္ ထက္ေဇာ္

MRTV-4 မင္းသားတစ္လက္အေနနဲ႔ ပရိသတ္အားေပးမႈအခိုင္အမာရရွိထားတဲ့ ေက်ာ္ထက္ေ ဇာ္ ကေတာ့ ဒီေန႔မွာ သူ႔ရဲ႕အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ခံယူခ်က္တခ်ိဳ႕ကိုေျပာျပလာခဲ့ပါတယ္။ သူ႔ကိုအားေပးတဲ့ ပရိသတ္ေတြထဲမွာ ခ်စ္သူနဲ႔တြဲျမင္ခ်င္တဲ့ပရိသတ္ကေတာ့ (၁၀) ရာခိုင္ႏႈန္းေ လာက္သာရွိၿပီး သူကိုယ္တိုင္လည္း အကုန္လုံးနဲ႔တစ္ေယာက္မလဲႏိုင္တဲ့အေၾကာင္းကို အခု လိုေျပာျပခဲ့ပါတယ္။

“ပရိသတ္ေတြက ကြၽန္ေတာ္ကိုအရမ္းခ်စ္ၾကတယ္..တူေလးလိုပဲျဖစ္ျဖစ္၊ သားေလးလိုပဲ ျဖစ္ျဖစ္၊ အစ္ကိုလိုပဲျဖစ္ျဖစ္၊ ေမာင္လိုပဲျဖစ္ျဖစ္ ခ်စ္ၾကတယ္ေလ… ကိုယ့္ရဲ႕မိဘလို၊ ေမာင္ႏွမလို သူတို႔က ကြၽန္ေတာ္တစ္ျခားသူစီပါသြားမွာ အရမ္းကိုသဝန္တိုၾကတယ္.. ဒါကလည္းေလး တျခားစိတ္မဟုတ္ပါဘူး.. သူတို႔မွာ ကြၽန္ေတာ္နဲ႔ပတ္သက္ၿပီး ေမတၱာေတြနဲ႔ခ်စ္တဲ့စိတ္ေပါ့ေနာ္.. ကြၽန္ေတာ္အေနနဲ႔ဆိုရင္ ကြၽန္ေတာ္အၿမဲေျဖဖူးသလိုေပါ့..

သူတို႔ရဲ႕ေမတၱာတရားက အရမ္းႀကီးမားတယ္.. ကြၽန္ေတာ္ခ်စ္လိုက္ရင္တစ္ေယာက္ပဲရမယ္.. ကြၽန္ေတာ္ကိုခ်စ္ရင္ အမ်ားႀကီးရမယ္…ကြၽန္ေတာ္မွာ သူတို႔ေတြအမ်ားႀကီးရွိေနတဲ့အတြက္ သူတို႔ေတြအေယာက္ေပါင္းမ်ားစြာ..လူေပါင္းမ်ားစြာ… စိတ္ေပါင္းမ်ားစြာ..ေနရာေပါင္းမ်ားစြာက လူတစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕စိတ္ေတြအမ်ားႀကီးရွိေနတဲ့အတြက္ ကြၽန္ေတာ္ ဒီတစ္ေယာက္ ကိုမေ႐ြးခ်ယ္ခ်င္ဘူး… ဘာလို႔ဆို ကြၽန္ေတာ့္မွာ သူတို႔ရဲ႕အခ်စ္ေတြ အမ်ားႀကီးျပည့္ေနတဲ့ အတြက္..ကြၽန္ေတာ္ အားလုံးနဲ႔တစ္ေယာက္ကို မလဲႏိုင္ေသးပါဘူး” ဆိုၿပီး တစ္ေယာက္တည္း Single ျဖစ္ေနျခင္းအေၾကာင္းအရင္းကို ရွင္းျပခဲ့ပါတယ္။

ေက်ာ္ထက္ေဇာ္ကေတာ့ ကိုယ္ပိုင္ခံယူခ်က္အျပည့္နဲ႔ အႏုပညာလမ္းေၾကာင္းေပၚမွာ တစ္စိုက္မတ္မတ္ေလွ်ာက္လွမ္းေနသူတစ္ေယာက္ျဖစ္တဲ့အျပင္ ပရိသတ္ေတြကိုလည္း အေလးအနက္ထားသူတစ္ေယာက္မို႔ အခ်စ္ေရးဘက္ကိုေတာ့ လုံးဝမစဥ္းစားေသးဘဲ ပရိသတ္အတြက္ပဲ အခ်ိန္ေပးသြားပါမယ္တဲ့။

Source – Exclusive On Cele Gabar
Rainbow- Cele Gabar

[Unicode]

MRTV-4 မင်းသားတစ်လက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ကျော်ထ က်ေ ဇာ် ကတော့ ဒီနေ့မှာ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ခံယူချက်တ ချို့ကိုပြောပြလာခဲ့ ပါတယ်။ သူ့ကိုအားပေးတဲ့ ပရိသတ်တွေထဲမှာ ချစ်သူနဲ့တွဲမြင်ချင်တဲ့ပရိသတ်ကတော့ (၁၀) ရာခိုင်နှုန်းေ လာက်သာရှိပြီး သူကိုယ်တိုင်လည်း အကုန်လုံးနဲ့တစ်ယောက်မလဲနိုင်တဲ့ အကြောင်းကို အခု လိုပြောပြခဲ့ပါတယ်။

“ပရိသတ်တွေက ကျွန်တော်ကိုအရမ်းချစ်ကြတယ်..တူလေးလိုပဲဖြစ်ဖြစ်၊ သားလေးလိုပဲ ဖြစ်ဖြစ်၊ အစ်ကိုလိုပဲဖြစ်ဖြစ်၊ မောင်လိုပဲဖြစ်ဖြစ် ချစ်ကြတယ်လေ… ကိုယ့်ရဲ့မိဘလို၊ မောင် နှမလို သူတို့က ကျွန်တော်တစ်ခြားသူစီပါသွားမှာ အရမ်းကိုသဝန်တိုကြတယ်.. ဒါကလည်းလေး တခြားစိတ်မဟုတ်ပါဘူး.. သူတို့မှာ ကျွန်တော်နဲ့ပတ်သက်ပြီး မေတ္တာ တွေနဲ့ချစ်တဲ့စိတ်ပေါ့နော်.. ကျွန်တော်အနေနဲ့ဆိုရင် ကျွန်တော်အမြဲဖြေဖူးသလိုပေါ့..

သူတို့ရဲ့မေတ္တာတရားက အရမ်းကြီးမားတယ်.. ကျွန်တော်ချစ်လိုက်ရင်တစ်ယောက်ပဲရ မယ်.. ကျွန်တော်ကိုချစ်ရင် အများကြီးရမယ်…ကျွန်တော်မှာ သူတို့တွေအများကြီး ရှိနေ တဲ့အတွက် သူတို့တွေအယောက်ပေါင်းများစွာ..လူပေါင်းများစွာ… စိတ်ပေါင်းများစွာ..နေ ရာပေါင်းများစွာက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်တွေအများကြီးရှိနေတဲ့အတွက် ကျွန်တော် ဒီတစ်ယောက် ကိုမရွေးချယ်ချင်ဘူး… ဘာလို့ဆို ကျွန်တော့်မှာ သူတို့ရဲ့အချစ် တွေ အများကြီးပြည့်နေတဲ့ အတွက်..ကျွန်တော် အားလုံးနဲ့တစ်ယောက်ကို မလဲနိုင်သေးပါ ဘူး” ဆိုပြီး တစ်ယောက်တည်း Single ဖြစ်နေခြင်းအကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။

ကျော်ထက်ဇော်ကတော့ ကိုယ်ပိုင်ခံယူချက်အပြည့်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ တစ်စိုက်မတ်မတ်လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်တွေကိုလည်း အလေးအနက်ထားသူတစ်ယောက်မို့ အချစ်ရေးဘက်ကိုတော့ လုံးဝမစဉ်းစားသေးဘဲ ပရိသတ်အတွက်ပဲ အချိန်ပေးသွားပါမယ်တဲ့။

Comments are closed.